သမီးေတြကို ေျပာျပေပးပါ

(Zawgyi)

သမီးေတြကို ေျပာျပေပးပါ

ဟင္းခ်က္တတ္ျခင္းဟာ အိမ္ေထာင္ျပဳတဲ့အခါ ေယာက်ာ္းသေဘာက်ေအာင္ အိမ္ထမင္းအိမ္ဟင္း ခ်က္ေကၽြးႏုိင္ဖုိ႕ထက္ ကုိယ္စားခ်င္တာေလးေတြ ခ်က္စားလို႕ရဖုိ႕၊ မိဘမရွိတဲ့ေနရာမွာ ကုိယ့္ဟာကုိယ္ ရပ္တည္ႏုိင္ဖို႕ျဖစ္တယ္ ဆိုတာကို။

သမီးေတြကို ေျပာျပေပးပါ

သူတုိ႕ရွက္ေၾကာက္ေနတဲ့ ရာသီေသြးဆင္းျခင္း ဆုိတဲ့ကိစၥသာ မရွိရင္ “လူ”ဆိုတာလည္း ျဖစ္လာစရာ အေၾကာင္းမရွိဘူး ဆုိတာကုိ။

သမီးေတြကို ေျပာျပေပးပါ

တစ္ဦးတစ္ေယာက္ရဲ ႕ယုတ္မာမႈေၾကာင့္ ပ်က္စီးသြားတဲ့ သူ႕ရဲ႕ အပ်ိဳစင္ဘ၀ဟာ သူ႕ကုိယ္က်င့္တရား မဟုတ္သလို၊ မိသားစုရဲ႕ ဂုဏ္သိကၡာလည္း မဟုတ္ဘူး ဆုိတာကုိ။

သမီးေတြကို ေျပာျပေပးပါ

မိန္းမျဖစ္ျခင္းဟာ ခႏၶာကုိယ္အစိတ္အပုိင္းတခုခု ခ်ိဳ႕ယြင္းေနတာ မဟုတ္ဘူး ဆုိတာကုိ။

သမီးေတြကို ေျပာျပေပးပါ

စိတ္ေကာင္း၀င္ေနခ်ိန္ ညွာတာရမယ့္လူေတြလို႕ အျမင္ခံေနရတဲ့ သူတုိ႕ေတြဟာ စိတ္ေကာင္းမ၀င္ေတာ့တဲ့အခ်ိန္မွာဆုိ အႏုိင္က်င့္စရာအျဖစ္ ေျပာင္းလဲရႈျမင္ခံၾကရမယ္ ဆုိတာကို။

သမီးေတြကို ေျပာျပေပးပါ

နာမည္ၾကီးျခင္းထက္ ဂုဏ္သတင္းေမႊးျခင္းကသာ ပိုျပီး မက္ေလာက္စရာ ျဖစ္သလို၊ လူတုိင္းလည္း လိုက္မတုပႏုိင္ဘူး ဆုိတာကို။

သမီးေတြကို ေျပာျပေပးပါ

ေယာက်ာ္းတစ္ေယာက္ရဲ႕ တန္ဖုိးကုိ အသားေပၚ ထုိးထားတဲ့ တက္တူးထက္ ႏွလံုးသားေပၚ ထုိးထားတဲ့ သူ႕ခံယူခ်က္ကသာ အဓိက အဆံုးအျဖတ္ေပးတယ္ ဆုိတာကုိ။

သမီးေတြကို ေျပာျပေပးပါ

ေယာက်ာ္းတစ္ေယာက္ရဲ႕ သတၱိဆုိတာ ရန္ျဖစ္ရဲျခင္း၊ အသားအနာခံရဲျခင္း မဟုတ္ဘဲ မွန္တာကို မွန္တဲ့အတုိင္း လုပ္ရဲျပီး မမွန္တာကိုလည္း မမွန္တဲ့အတုိင္း ေရွာင္ၾကဥ္ရဲျခင္းကို ေခၚတယ္ဆုိတာကို။

သမီးေတြကို ေျပာျပေပးပါ

အိမ္ေထာင္ျပဳတဲ့အခါ ကုိယ့္အတြက္ အားကိုးရမယ့္ေယာက်ာ္း ဆုိတာထက္ ကုိယ္ေလးစားေလာက္တဲ့ ေယာက်ာ္းမ်ိဳးသာ ရွာသင့္တယ္ ဆုိတာကို။

သမီးေတြကို ေျပာျပေပးပါ

ေငြေၾကးအရ အမွီအခိုကင္းျခင္းကသာ ေပ်ာ္ရႊင္တဲ့ ဘ၀တစ္ခုကို ရဖုိ႕အတြက္ အာမခံေပးႏုိင္တယ္ ဆုိတာကို။

သမီးေတြကို ေျပာျပေပးပါ

ပုိက္ဆံရွိတဲ့သူတစ္ေယာက္နဲ႕ လက္ထပ္ရဖုိ႕ဟာ ဘ၀ရဲ႕ အႏိၱမရည္မွန္းခ်က္ မျဖစ္သင့္ဘူး ဆုိတာကုိ။

သမီးေတြကို ေျပာျပေပးပါ

အမ်ိဳးသမီးအခြင့္အေရး = ငါတုိ႕က မိန္းမသားေတြ ဆိုျပီး ေနရာတကာ အညွာတာခံခ်င္တာကို ေျပာတာမဟုတ္ဘူး ဆိုတာကုိ။

သမီးေတြကို ေျပာျပေပးပါ

လင္မရွိတဲ့မိန္းမ မ်က္ႏွာမငယ္ရဘဲ ကုိယ့္ဟာကုိယ္ ရပ္တည္ႏုိင္စြမ္းမရွိတဲ့ မိန္းမကသာ မ်က္ႏွာငယ္ရတယ္ ဆုိတာကို။

သမီးေတြကို ေျပာျပေပးပါ

မိန္းမတစ္ေယာက္ရဲ႕ တန္ဖိုးဆုိတာ အပ်ိဳစစ္ျခင္းတစ္ခုတည္းနဲ႕ မသက္ဆုိင္ဘဲ သူ႕ရဲ႕ အရည္အခ်င္း၊ ကုိယ္ရည္ကုိယ္ေသြးနဲ႕ ပတ္၀န္းက်င္ကုိ ဘယ္ေလာက္အက်ိဳးျပဳေနသလဲ ဆုိတာေတြနဲ႕ တုိင္းတာရတယ္ ဆုိတာကို။

ေဒါက္တာ ျဖိဳးသီဟ

၄.၁.၂၀၁၈

(Unicode)

သမီးတွေကို ပြောပြပေးပါ

ဟင်းချက်တတ်ခြင်းဟာ အိမ်ထောင်ပြုတဲ့အခါ ယောကျာ်းသဘောကျအောင် အိမ်ထမင်းအိမ်ဟင်း ချက်ကျွေးနိုင်ဖို့ထက် ကိုယ်စားချင်တာလေးတွေ ချက်စားလို့ရဖို့၊ မိဘမရှိတဲ့နေရာမှာ ကိုယ့်ဟာကိုယ် ရပ်တည်နိုင်ဖို့ဖြစ်တယ် ဆိုတာကို။

သမီးတွေကို ပြောပြပေးပါ

သူတို့ရှက်ကြောက်နေတဲ့ ရာသီသွေးဆင်းခြင်း ဆိုတဲ့ကိစ္စသာ မရှိရင် “လူ”ဆိုတာလည်း ဖြစ်လာစရာ အကြောင်းမရှိဘူး ဆိုတာကို။

သမီးတွေကို ပြောပြပေးပါ

တစ်ဦးတစ်ယောက်ရဲ ့ယုတ်မာမှုကြောင့် ပျက်စီးသွားတဲ့ သူ့ရဲ့ အပျိုစင်ဘဝဟာ သူ့ကိုယ်ကျင့်တရား မဟုတ်သလို၊ မိသားစုရဲ့ ဂုဏ်သိက္ခာလည်း မဟုတ်ဘူး ဆိုတာကို။

သမီးတွေကို ပြောပြပေးပါ

မိန်းမဖြစ်ခြင်းဟာ ခန္ဓာကိုယ်အစိတ်အပိုင်းတခုခု ချို့ယွင်းနေတာ မဟုတ်ဘူး ဆိုတာကို။

သမီးတွေကို ပြောပြပေးပါ

စိတ်ကောင်းဝင်နေချိန် ညှာတာရမယ့်လူတွေလို့ အမြင်ခံနေရတဲ့ သူတို့တွေဟာ စိတ်ကောင်းမဝင်တော့တဲ့အချိန်မှာဆို အနိုင်ကျင့်စရာအဖြစ် ပြောင်းလဲရှုမြင်ခံကြရမယ် ဆိုတာကို။

သမီးတွေကို ပြောပြပေးပါ

နာမည်ကြီးခြင်းထက် ဂုဏ်သတင်းမွှေးခြင်းကသာ ပိုပြီး မက်လောက်စရာ ဖြစ်သလို၊ လူတိုင်းလည်း လိုက်မတုပနိုင်ဘူး ဆိုတာကို။

သမီးတွေကို ပြောပြပေးပါ

ယောကျာ်းတစ်ယောက်ရဲ့ တန်ဖိုးကို အသားပေါ် ထိုးထားတဲ့ တက်တူးထက် နှလုံးသားပေါ် ထိုးထားတဲ့ သူ့ခံယူချက်ကသာ အဓိက အဆုံးအဖြတ်ပေးတယ် ဆိုတာကို။

သမီးတွေကို ပြောပြပေးပါ

ယောကျာ်းတစ်ယောက်ရဲ့ သတ္တိဆိုတာ ရန်ဖြစ်ရဲခြင်း၊ အသားအနာခံရဲခြင်း မဟုတ်ဘဲ မှန်တာကို မှန်တဲ့အတိုင်း လုပ်ရဲပြီး မမှန်တာကိုလည်း မမှန်တဲ့အတိုင်း ရှောင်ကြဉ်ရဲခြင်းကို ခေါ်တယ်ဆိုတာကို။

သမီးတွေကို ပြောပြပေးပါ

အိမ်ထောင်ပြုတဲ့အခါ ကိုယ့်အတွက် အားကိုးရမယ့်ယောကျာ်း ဆိုတာထက် ကိုယ်လေးစားလောက်တဲ့ ယောကျာ်းမျိုးသာ ရှာသင့်တယ် ဆိုတာကို။

သမီးတွေကို ပြောပြပေးပါ

ငွေကြေးအရ အမှီအခိုကင်းခြင်းကသာ ပျော်ရွှင်တဲ့ ဘဝတစ်ခုကို ရဖို့အတွက် အာမခံပေးနိုင်တယ် ဆိုတာကို။

သမီးတွေကို ပြောပြပေးပါ

ပိုက်ဆံရှိတဲ့သူတစ်ယောက်နဲ့ လက်ထပ်ရဖို့ဟာ ဘဝရဲ့ အန္တိမရည်မှန်းချက် မဖြစ်သင့်ဘူး ဆိုတာကို။

သမီးတွေကို ပြောပြပေးပါ

အမျိုးသမီးအခွင့်အရေး = ငါတို့က မိန်းမသားတွေ ဆိုပြီး နေရာတကာ အညှာတာခံချင်တာကို ပြောတာမဟုတ်ဘူး ဆိုတာကို။

သမီးတွေကို ပြောပြပေးပါ

လင်မရှိတဲ့မိန်းမ မျက်နှာမငယ်ရဘဲ ကိုယ့်ဟာကိုယ် ရပ်တည်နိုင်စွမ်းမရှိတဲ့ မိန်းမကသာ မျက်နှာငယ်ရတယ် ဆိုတာကို။

သမီးတွေကို ပြောပြပေးပါ

မိန်းမတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ အပျိုစစ်ခြင်းတစ်ခုတည်းနဲ့ မသက်ဆိုင်ဘဲ သူ့ရဲ့ အရည်အချင်း၊ ကိုယ်ရည်ကိုယ်သွေးနဲ့ ပတ်ဝန်းကျင်ကို ဘယ်လောက်အကျိုးပြုနေသလဲ ဆိုတာတွေနဲ့ တိုင်းတာရတယ် ဆိုတာကို။

ဒေါက်တာ ဖြိုးသီဟ

၄.၁.၂၀၁၈

4K Shares
Share4K
Tweet
+1
Share