၀န္ထမ္းေတြ ဂုဏ္ယူရတဲ့ အဖြဲ႕အစည္း ျဖစ္ပါေစ

(Zawgyi)

လက္ရွိေရပန္းစားေနတဲ့ ကမာၻေက်ာ္ဇာတ္ကား Justice League ရဲ႕ ေၾကာ္ျငာမွာ ေရးထားတာေလး သေဘာက်မိတယ္။ ဘာလဲဆုိေတာ့ ‘You cannot save the world alone’ ဆိုတာပါ။ ကမာၻၾကီးကို မင္းတစ္ေယာက္တည္း ကယ္တင္လုိ႕မရဘူးတဲ့။ တကယ့္ကို Superhero ေတြလို႕ ေျပာရမယ့္သူေတြေတာင္ ကမာၻၾကီးကို ကယ္တင္ဖုိ႕ ေပါင္းစည္းရေသးတယ္ဆုိျပီး ရုိက္ျပထားတယ္။ တကယ့္အျပင္က လူေတြဆုိ ပိုဆုိးတာေပါ့။ ကၽြန္ေတာ္တုိ႕အားလံုးဟာ Superhero ေတြ မဟုတ္ၾကဘူး။ လူသားေတြျဖစ္တယ္။ ဒီေတာ့ မွားႏုိင္တယ္၊ လြဲႏုိင္တယ္။ ဒါေၾကာင့္မို႕ ေပါင္းစည္းရမယ္။ အျပန္အလွန္ေထာက္ကူရမယ္။ မတူညီမႈ (Diversity) ရဲ႕အားကုိ ယူရမယ္။ မဟုတ္ရင္ ဘယ္ေလာက္ပဲ ေတာ္ေနပါေစ၊ တစ္ေယာက္တည္း လုပ္ေနရတယ္၊ လုပ္ေနတယ္ဆုိရင္ေတာ့ ေသခ်ာတယ္၊ သူဦးေဆာင္တဲ့ အဖြဲ႕အစည္းဟာ ဘယ္လိုနည္းနဲ႕မွ ေထာင္တက္လာစရာ အေၾကာင္းမရွိဘူး။ ကမာၻမွာလည္း ၾကည္႕လုိက္ပါ၊ လီကြမ္ယု နာမည္ေက်ာ္ေပမယ့္ သူတစ္ေယာက္တည္းအားနဲ႕ စင္ကာပူကို ဆြဲတင္သြားတာ မဟုတ္ဘူး။ သူ႕ေနာက္မွာ လူေတာ္အစုအဖြဲ႕ ရွိတယ္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းတစ္ေယာက္တည္းအားနဲ႕ လြတ္လပ္ေရးယူသြားတာ မဟုတ္ဘူး။ သူ႕ေနာက္မွာ လူေတာ္အစုအဖြဲ႕ ရွိတယ္။ ဆုိေတာ့ ကၽြန္ေတာ္တုိ႕ဟာ စီးပြားေရး၊ လူမႈေရး၊ ႏုိင္ငံေရး ဘာပဲလုပ္လုပ္ လူေတာ္ေတြ၊ ယံုၾကည္ရတဲ့သူေတြ ရွိေနဖို႕လိုသလို၊ အဲဒီလိုရွိေနေအာင္ ေခါင္းေဆာင္ေတြဘက္က လုပ္ေဆာင္ရမွာေတြ ရွိပါတယ္။

ဒီေန႕ေခတ္မွာ Branding နဲ႕ပတ္သက္ျပီး ေတာ္ေတာ္ေလး ေျပာလာၾကတာ သတိထားမိမွာပါ။ ကုိယ့္နာမည္ၾကားလိုက္တဲ့ လူေတြရဲ႕စိတ္ထဲမွာ ဘယ္လုိေပၚလာသလဲ၊ အဲဒါသည္ ကုိယ့္ရဲ႕ Brand ပါပဲ။ အဲဒီလို ပံုရိပ္တစ္ခုေပၚလာေအာင္ ကၽြန္ေတာ္တုိ႕ ေန႕စဥ္လုပ္ေနတဲ့အလုပ္ေတြ၊ ေျပာေနတဲ့စကားေတြ၊ ေတြးေနတဲ့အေတြးေတြက လုပ္ေဆာင္ေပးတယ္။ အဲဒီလို တည္ေဆာက္တာကိုေတာ့ Branding လို႕ေခၚပါတယ္။

ဒီလိုပဲ၊ ကုမၸဏီတစ္ခု၊ အဖြဲ႕အစည္းတစ္ခု၊ အစိုးရဌာနတစ္ခုမွာလည္း Brand ဆုိတာ ရွိတယ္။ ဒါကို စနစ္တက် တည္ေဆာက္ထားႏုိင္ရင္ ကုိယ့္ဆီက ၀န္ထမ္းေတြဟာ အဖြဲ႕အေပၚ အထင္ၾကီးမယ္။ ဒီအဖြဲ႕သားျဖစ္ရတာကို ဂုဏ္ယူမယ္။ အျမဲတက္ၾကြေနမယ္။ အလုပ္ျမဲမယ္။ ကုိယ္သြားတဲ့ပန္းတုိင္ေနာက္ကုိ သူတုိ႕လည္း ပါလာမယ္။ လူေတာ္ေတြ ထပ္၀န္းရံလာမယ္။ အဲဒီလို Employer branding ေကာင္းေကာင္းလုပ္ထားခ်င္တယ္ဆုိရင္ေတာ့ ဒီအခ်က္ေတြ ထည္႕သြင္းစဥ္းစားထားဖုိ႕ လိုပါမယ္။

၁။ ေခါင္းေဆာင္က ဘယ္သူလဲ (Who is your leader?)

ကၽြန္ေတာ္ NGO အဖြဲ႕အစည္းတစ္ခုမွာ အလုပ္လုပ္တုန္းကေပါ့။ အဲဒီအဖြဲ႕အစည္းက Low profile နဲ႕ေနပါတယ္။ သူ႕လုပ္ငန္းေတြကုိ သိပ္လူသိမခံဘူး။ ဒီေတာ့ အျပင္လူေတြၾကားထဲမွာ နာမည္သိပ္မထြက္ဘူး။ ကၽြန္ေတာ္ အခမ္းအနားတခုခုသြားလုိ႕ ဘယ္မွာ အလုပ္လုပ္လဲ ေမးခံရတုိင္း အဖြဲ႕နာမည္ ထုတ္ေျပာလုိ႕ရွိရင္ ေတာ္ေတာ္မ်ားမ်ားက မသိၾကတာ မ်ားတယ္။ ေနာက္ေတာ့ အဖြဲ႕နာမည္ မေျပာေတာ့ဘဲ ကၽြန္ေတာ္တို႕အဖြဲ႕ရဲ႕ Country Director ဆရာနာမည္ကိုပဲ ေျပာလိုက္တယ္။ ဆရာကေတာ့ အင္မတန္ေတာ္ျပီး လူတကာေလးစားသူမုိ႕ သူ႕နာမည္ေတာ့ ေတာ္ေတာ္မ်ားမ်ားက သိၾကတယ္။ ေၾသာ္ ဒီဆရာရဲ႕ အဖြဲ႕ကလား ဆုိျပီး တေလးတစားျဖစ္သြားၾကတယ္။

အဲဒီေတာ့ ကၽြန္ေတာ့္အေနနဲ႕ ဒီလိုဆရာ ဦးေဆာင္တဲ့အဖြဲ႕မွာ လုပ္ရတာကို ဂုဏ္ယူတယ္။ ဒီလိုဆရာရဲ႕ တပည္႕ျဖစ္ရတာကုိ ဂုဏ္ယူတယ္။ လစာနည္းတယ္ဆုိဦးေတာ့၊ ကၽြန္ေတာ္ ဒီိမွာလုပ္ရတာ ေပ်ာ္တယ္။ ေဘာလံုးသမားေတြဆုိ ၾကည္႕ၾကည္႕ပါ၊ ဘယ္နည္းျပရွိလို႕၊ သူ႕ဆီကေန သင္ယူခ်င္လုိ႕ ဒီအသင္းကို ေျပာင္းလာတာ ဆုိတာမ်ိဳး မၾကာခဏ ၾကားေနရပါတယ္။ ႏုိင္ငံတစ္ႏုိင္ငံမွာ ေခါင္းေဆာင္ေျပာင္းသြားလို႕ ဒီေခါင္းေဆာင္နဲ႕အတူတူ တုိင္းျပည္အတြက္ အလုပ္လုပ္ဖုိ႕ဆုိျပီး ႏုိင္ငံရပ္ျခားက ျပန္ေရာက္လာတဲ့ ပညာတတ္ေတြကုိလည္း ျမင္ဖူးၾကမွာပါ။ ဒါေတြဟာ ေခါင္းေဆာင္ျဖစ္သူရဲ႕ Personal brand ေၾကာင့္ လူေတာ္ေတြကုိ စည္းရံုးႏုိင္ျခင္း၊ ထိန္းသိမ္းႏုိင္ျခင္းရဲ႕ ဥပမာေတြပါပဲ၊ ဒါေၾကာင့္မို႕ အဖြဲ႕အစည္းတစ္ခုကို ဦးေဆာင္တဲ့ ေခါင္းေဆာင္ဟာ အရည္အခ်င္းရွိဖုိ႕၊ Brand image ေကာင္းဖုိ႕၊ လူူေတြ ေလးစားရသူျဖစ္ဖုိ႕ လိုပါတယ္။ Leading by example ဆုိသလို ေခါင္းေဆာင္ဟာ အျမဲေရွ႕ေဆာင္လမ္းျပ ျဖစ္ရမယ္။ ေနာက္လိုက္ေတြအတြက္ စံနမူနာ ျဖစ္ရမယ္။ ကုိယ္ေတာင္ မလိုက္နာႏုိင္တဲ့စည္းကမ္းကုိ ထုတ္ထားလို႕မရဘူး။

၂။ တန္ဖုိးထားမႈနဲ႕ အက်ိဳးျပဳမႈ (Value & Contribution)

ဒီအဖြဲ႕အစည္းမွာ ဘယ္လုိတန္ဖုိးထားမႈေတြ ရွိသလဲ။ ဥပမာအားျဖင့္ Customer ကို အေလးထားတာလား၊ အျမတ္နည္းရင္ နည္းပါေစ၊ ရံႈးရင္ရံႈးဦးေတာ့ Customer ေတြ အက်ိဳးယုတ္မယ့္ကိစၥ ဘယ္ေတာ့မွမလုပ္ဘူး ဆုိတာမ်ိဳး၊ ဒီအသင္းက အႏုိင္ရရံုသက္သက္မဟုတ္ဘဲ အႏုိင္မခံ အရံႈးမေပး ေနာက္ဆံုးမိနစ္ထိ ေရကုန္ေရခန္း ကစားတတ္တဲ့ ေဘာလံုးအသင္း၊ ငါတုိ႕က အစိုးရ၀န္ထမ္း မဟုတ္ဘူး၊ ျပည္သူ႕၀န္ထမ္း၊ ျပည္သူအဆင္ေျပေစဖို႕ အလုပ္လုုပ္ေနတာ စသျဖင့္ ဒီလိုတန္ဖိုးထားမႈေတြက ၀န္ထမ္းေတြကို ကိုယ့္အဖြဲ႕အစည္းအေပၚ ဂုဏ္ယူေစပါတယ္။

ေနာက္ျပီး အမွန္တရားကို တန္ဖုိးထားျပီး ျပည္သူ႕အက်ိဳးကုိပဲ ၾကည္႕တဲ့မီဒီယာ၊ ေငြေၾကးအလြဲသံုးစား မလုပ္ဘဲ တကယ္လိုအပ္တဲ့ ေနရာေတြအထိ သြားေရာက္ကူညီေပးေနတဲ့ NGO အဖြဲ႕၊ ဒါမွမဟုတ္လည္း အခြန္အေဆာင္ဆံုး နံပါတ္တစ္ လုပ္ငန္း၊ လူမႈတာ၀န္သိျခင္း (Corporate Social Responsibility) ဆုိတဲ့ ကုိယ့္လုပ္ငန္းနဲ႕ဆက္ႏြယ္တဲ့ လူမႈေရးလုပ္ေဆာင္မႈေတြ လုပ္တာ၊ ဒီလုိ ကုိယ့္ပတ္၀န္းက်င္အတြက္၊ ျပည္သူအမ်ားအတြက္ လုပ္ေဆာင္ေနတာေတြအကုန္လံုးဟာလည္း ကုိယ့္အဖြဲ႕ဟာ ဘယ္လုိမ်ိဳးဆုိတဲ့ပံုရိပ္တစ္ခုကို တည္ေဆာက္ေနၾကတာ ျဖစ္ပါတယ္။

၃။ အဖြဲ႕ရဲ႕ ထိေရာက္မႈ (Organization effectiveness)

ဒါကေတာ့ ရွင္းပါတယ္။ အလုပ္မျဖစ္၊ အလုပ္ေတြ မျပီးေျမာက္၊ မေအာင္ျမင္တဲ့ အဖြဲ႕အစည္းမ်ိဳးမွာ ဘယ္သူမွ အလုပ္မလုပ္ခ်င္ပါဘူး။ လုပ္ေနရလည္း စိတ္ဓါတ္တက္ၾကြမႈ ရွိမယ္မဟုတ္ဘူး။ ဘာလုိ႕ဆုိေတာ့ ဒီလိုအလုပ္မျဖစ္ရင္ ဘယ္ေတာ့မ်ား ကုမၸဏီျပဳတ္သြားမလဲ ဆုိျပီး စိတ္ပူပန္ေနရမွာကုိး။ ဆုဖလားဆြတ္ခူးႏုိင္ေခ် မရွိတဲ့ အသင္းက ဘယ္လုိနာမည္ေက်ာ္ကစားသမားကိုမွ ေခၚလို႕မရသလိုပါပဲ။ တကယ္ေတာ့ ၀န္ထမ္းေကာင္းမွ အဖြဲ႕ရဲ႕လုပ္ငန္းေတြ ထိေရာက္မွာဆုိေပမယ့္လည္း အဖြဲ႕ရဲ႕ လုပ္ငန္းေတြထိေရာက္ေလေလ၊ အဖြဲ႕က ပုိေအာင္ျမင္လာေလေလ၊ ေတာ္တဲ့သူေတြကို ပုိမိုထိန္းသိမ္းထားႏုိင္မွာ ျဖစ္သလို၊ တျခားေတာ္တဲ့သူေတြကိုလည္း စည္းရံုးႏုိင္မွာ ျဖစ္ပါတယ္။

၄။ အဖြဲ႕ရဲ႕ ယဥ္ေက်းမႈ (Organization culture)

ျမန္မာ့ယဥ္ေက်းမႈဆုိတာ ဘာလဲ။ အေမအရြယ္ဆုိ အေမ၊ အစ္ကိုအရြယ္ဆုိ အစ္ကုိ၊ ဘယ္သူမွ နာမည္ကို အရင္းအတုိင္း မေခၚဘူး။ လူၾကီးေရွ႕က ျဖတ္ရင္ ေခါင္းငံု႕သြားတယ္။ ထမင္း၀ုိင္းမွာ အသက္အၾကီးဆံုးကို ဦးခ်ျပီးမွ စားတယ္။ ဒါေတြဟာ ျမန္မာ့ယဥ္ေက်းမႈဆုိတာေတြပဲ။ ဒါေၾကာင့္ ယဥ္ေက်းမႈဆုိတာ တစ္ေယာက္ကိုတစ္ေယာက္ ဘယ္လိုဆက္ဆံၾကသလဲ ဆုိတာကုိ ျပသျခင္းျဖစ္တယ္။ Organization culture ဆိုတာလည္း ဒါပါပဲ။ အဖြဲ႕အစည္းထဲမွာ အလုပ္လုပ္ေနၾကသူအခ်င္းခ်င္း ဘယ္လိုေျပာဆုိဆက္ဆံၾကသလဲ။ တခ်ိဳ႕က မိသားစုလို ဆက္ဆံတယ္။ ေျခထုိးတာ၊ မေကာင္းေျပာတာ နည္းတယ္။ တခ်ိဳ႕အဖြဲ႕ေတြမွာက လြတ္လပ္တယ္။ ရံုးတက္ခ်ိန္၊ ဆင္းခ်ိန္ကအစ တအားခ်ဳပ္ထိန္းမထားဘူး။ ဘာလို႕ဆုိေတာ့ လုပ္ငန္းသဘာ၀က Creativity ဖန္တီးႏုိ္င္စြမ္းကို ပုိလိုအပ္တာမို႕ ဒါမ်ိဳးထားတာ။ တခ်ိဳ႕အဖြဲ႕ေတြ အလုပ္ျဖစ္ဖုိ႕ကိုပဲ ဦးစားေပးတယ္။ အားလံုးက အလုပ္ကို တက္တက္ၾကြၾကြ လုပ္ၾကရတယ္။ မလုပ္ မရႈပ္ မျပဳတ္ ဆုိတဲ့ပံုစံနဲ႕ လူေတြအတြက္ ဒီအဖြဲ႕မွာ ေနရာမရွိဘူး။ အဲဒီလိုယဥ္ေက်းမႈ (Culture) ေတြက တကယ္ေတာ့ အဖြဲ႕အစည္းတစ္ခုရဲ႕ Brand ျဖစ္သလို၊ ကုိယ့္အဖြဲ႕အစည္းမွာ ဘယ္လုိလူမ်ိဳးေတြပဲ အံ၀င္မယ္ဆုိတာကို ျပသေနတာလည္း ျဖစ္ပါတယ္။

၅။ အဖြဲ႕သားေတြကို တိုးတက္ဖြံ႕ျဖိဳးေစျခင္း (Developing the employees)

ဒီအဖြဲ႕အစည္းမွာ လုပ္သြားတဲ့သူက တျခားတစ္ေနရာမွာ ပုိျမင့္တဲ့ရာထူး ရသြားတယ္။ ဒီေခါင္းေဆာင္က သူနဲ႕တြဲလုပ္တဲ့သူတုိင္းကုိ ကုိယ္ရည္ကုိယ္ေသြး တုိးတက္လာေအာင္၊ ၀န္ထမ္းဘ၀ တစ္ဆင့္ထက္တစ္ဆင့္ တက္လာေအာင္၊ Career progression ျဖစ္လာေအာင္ ပ်ိဳးေထာင္ေပးႏုိင္တယ္။ ဒီလိုအဖြဲ႕အစည္းမ်ိဳးဆို အလုပ္၀င္ခ်င္တဲ့၊ လာျပီး သင္ယူခ်င္တဲ့ လူငယ္ေတြအမ်ားၾကီး ျဖစ္ေနမွာအမွန္ပါပဲ။ ဂ်က္မားေျပာသလိုပဲ၊ ငယ္ရြယ္တဲ့အခ်ိန္မွာ လစာ ဘယ္ေလာက္ရမလဲဆုိတာထက္ မင္းအလုပ္လုပ္ေပးရမယ့္ေဘာ့စ္ ဘယ္သူလဲ ဆုိတာက ပုိအေရးၾကီးပါတယ္။ ဘာလို႕ဆုိေတာ့ ငယ္ရြယ္စဥ္မွာ ဆရာေကာင္းသမားေကာင္းနဲ႕ ေတြ႕လိုက္တယ္၊ ကုိယ့္ဘ၀ကို အၾကံဉာဏ္ေကာင္းေပးျပီး လမ္းညႊန္ေပးႏုိင္မယ့္ mentor ေကာင္းနဲ႕ ေတြ႕လိုက္တယ္ဆုိ ဒါဟာ ကုိယ့္အတြက္ တက္လမ္းတစ္ခု ရသြားမွာမို႕လို႔ပါပဲ။

ေဆာင္းပါးအဆံုးသတ္အေနနဲ႕ ကၽြန္ေတာ္ တအားသေဘာက်တဲ့ စကားေလးတစ္ခု ေ၀မွ်လိုတယ္။

Reputation is POWER.

အထင္ၾကီးေလးစားခံရမႈဟာ စြမ္းအားတစ္ခုျဖစ္တယ္။ အစည္းအေ၀းေတြမွာ လူေလးစားခံရသူတစ္ေယာက္ ေျပာတဲ့စကား အင္မတန္သက္ေရာက္မႈၾကီးတယ္။ အားလံုးက ေခါင္းညိမ့္တယ္။ လုပ္ငန္းခြင္တစ္ခုမွာ လူေလးစားခံရသူတစ္ေယာက္ ေပးတဲ့အၾကံ လူတကာလက္ခံတယ္။ ခ်တဲ့ဆံုးျဖတ္ခ်က္ ကန္႕ကြက္သူ တအားနည္းတယ္။ ေနာက္က လုိက္ဖုိ႕ အဆင္သင့္ျဖစ္ေနၾကတယ္။ ဒီတစ္ေယာက္ ေျပာတုန္းက ၀ုိင္းရံႈ႕ခ်ခဲ့တဲ့ စကားေတြကိုပဲ ေနာက္တစ္ေယာက္ကေျပာတဲ့ ၀မ္းသာအားရ လက္ခုပ္တီးေနၾကတယ္။ ဒါေတြဟာ Reputation ရဲ႕ ပါ၀ါေတြပဲျဖစ္တယ္။

ကုိယ့္အဖြဲ႕အစည္းနဲ႕႔ ပတ္သက္ရင္လည္း ဒီလိုပါပဲ။ ေခါင္းေဆာင္ျဖစ္တဲ့လူက ဘယ္လိုလူလဲ၊ အဖြဲ႕အစည္းမွာ ဘယ္လိုတန္ဖိုးထားမႈေတြ ရွိသလဲ၊ ပတ္၀န္းက်င္နဲ႕ အမ်ားျပည္သူကို ဘယ္ေလာက္ထိ အက်ိဳးျပဳေနသလဲ၊ ဘယ္ေလာက္ေအာင္ျမင္တဲ့ အဖြဲ႕လဲ၊ ကုိယ့္အဖြဲ႕သားေတြကို ဘယ္ေလာက္ထိ ပ်ိဳးေထာင္ေပးႏုိင္သလဲ ဆိုတာေတြက ကုိယ့္အဖြဲ႕အစည္းအေပၚ အထင္ၾကီးေလးစားမႈ (Reputation) ရေစမွာပါ။ ဒါေၾကာင့္ အဖြဲ႕အစည္းေတြ၊ ဌာနေတြအေနနဲ႕ ဒီအခ်က္ေတြကုိ ေသခ်ာျပင္ဆင္ျပီး ကုိယ့္အဖြဲ႕အစည္းရဲ႕ Brand ကုိ ေသခ်ာတည္ေဆာက္ထားႏုိင္ဖို႕ လိုပါတယ္။

၀န္ထမ္းေတြက ဒီအဖြဲ႕အစည္းကို ကုိယ္စားျပဳရတာကုိ ဂုဏ္ယူေနတယ္ ဆုိတဲ့ေန႕ဟာ ကုိယ့္အဖြဲ႕ ေအာင္ျမင္တဲ့ေန႕ပါပဲ။

ေဒါက္တာ ျဖိဳးသီဟ

၂၂.၁၁.၂၀၁၇

(Unicode)

လက်ရှိရေပန်းစားနေတဲ့ ကမ္ဘာကျော်ဇာတ်ကား Justice League ရဲ့ ကြော်ငြာမှာ ရေးထားတာလေး သဘောကျမိတယ်။ ဘာလဲဆိုတော့ ‘You cannot save the world alone’ ဆိုတာပါ။ ကမ္ဘာကြီးကို မင်းတစ်ယောက်တည်း ကယ်တင်လို့မရဘူးတဲ့။ တကယ့်ကို Superhero တွေလို့ ပြောရမယ့်သူတွေတောင် ကမ္ဘာကြီးကို ကယ်တင်ဖို့ ပေါင်းစည်းရသေးတယ်ဆိုပြီး ရိုက်ပြထားတယ်။ တကယ့်အပြင်က လူတွေဆို ပိုဆိုးတာပေါ့။ ကျွန်တော်တို့အားလုံးဟာ Superhero တွေ မဟုတ်ကြဘူး။ လူသားတွေဖြစ်တယ်။ ဒီတော့ မှားနိုင်တယ်၊ လွဲနိုင်တယ်။ ဒါကြောင့်မို့ ပေါင်းစည်းရမယ်။ အပြန်အလှန်ထောက်ကူရမယ်။ မတူညီမှု (Diversity) ရဲ့အားကို ယူရမယ်။ မဟုတ်ရင် ဘယ်လောက်ပဲ တော်နေပါစေ၊ တစ်ယောက်တည်း လုပ်နေရတယ်၊ လုပ်နေတယ်ဆိုရင်တော့ သေချာတယ်၊ သူဦးဆောင်တဲ့ အဖွဲ့အစည်းဟာ ဘယ်လိုနည်းနဲ့မှ ထောင်တက်လာစရာ အကြောင်းမရှိဘူး။ ကမ္ဘာမှာလည်း ကြည့်လိုက်ပါ၊ လီကွမ်ယု နာမည်ကျော်ပေမယ့် သူတစ်ယောက်တည်းအားနဲ့ စင်ကာပူကို ဆွဲတင်သွားတာ မဟုတ်ဘူး။ သူ့နောက်မှာ လူတော်အစုအဖွဲ့ ရှိတယ်။ ဗိုလ်ချုပ်အောင်ဆန်းတစ်ယောက်တည်းအားနဲ့ လွတ်လပ်ရေးယူသွားတာ မဟုတ်ဘူး။ သူ့နောက်မှာ လူတော်အစုအဖွဲ့ ရှိတယ်။ ဆိုတော့ ကျွန်တော်တို့ဟာ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ဘာပဲလုပ်လုပ် လူတော်တွေ၊ ယုံကြည်ရတဲ့သူတွေ ရှိနေဖို့လိုသလို၊ အဲဒီလိုရှိနေအောင် ခေါင်းဆောင်တွေဘက်က လုပ်ဆောင်ရမှာတွေ ရှိပါတယ်။

ဒီနေ့ခေတ်မှာ Branding နဲ့ပတ်သက်ပြီး တော်တော်လေး ပြောလာကြတာ သတိထားမိမှာပါ။ ကိုယ့်နာမည်ကြားလိုက်တဲ့ လူတွေရဲ့စိတ်ထဲမှာ ဘယ်လိုပေါ်လာသလဲ၊ အဲဒါသည် ကိုယ့်ရဲ့ Brand ပါပဲ။ အဲဒီလို ပုံရိပ်တစ်ခုပေါ်လာအောင် ကျွန်တော်တို့ နေ့စဉ်လုပ်နေတဲ့အလုပ်တွေ၊ ပြောနေတဲ့စကားတွေ၊ တွေးနေတဲ့အတွေးတွေက လုပ်ဆောင်ပေးတယ်။ အဲဒီလို တည်ဆောက်တာကိုတော့ Branding လို့ခေါ်ပါတယ်။

ဒီလိုပဲ၊ ကုမ္ပဏီတစ်ခု၊ အဖွဲ့အစည်းတစ်ခု၊ အစိုးရဌာနတစ်ခုမှာလည်း Brand ဆိုတာ ရှိတယ်။ ဒါကို စနစ်တကျ တည်ဆောက်ထားနိုင်ရင် ကိုယ့်ဆီက ၀န်ထမ်းတွေဟာ အဖွဲ့အပေါ် အထင်ကြီးမယ်။ ဒီအဖွဲ့သားဖြစ်ရတာကို ဂုဏ်ယူမယ်။ အမြဲတက်ကြွနေမယ်။ အလုပ်မြဲမယ်။ ကိုယ်သွားတဲ့ပန်းတိုင်နောက်ကို သူတို့လည်း ပါလာမယ်။ လူတော်တွေ ထပ်ဝန်းရံလာမယ်။ အဲဒီလို Employer branding ကောင်းကောင်းလုပ်ထားချင်တယ်ဆိုရင်တော့ ဒီအချက်တွေ ထည့်သွင်းစဉ်းစားထားဖို့ လိုပါမယ်။

၁။ ခေါင်းဆောင်က ဘယ်သူလဲ (Who is your leader?)

ကျွန်တော် NGO အဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်တုန်းကပေါ့။ အဲဒီအဖွဲ့အစည်းက Low profile နဲ့နေပါတယ်။ သူ့လုပ်ငန်းတွေကို သိပ်လူသိမခံဘူး။ ဒီတော့ အပြင်လူတွေကြားထဲမှာ နာမည်သိပ်မထွက်ဘူး။ ကျွန်တော် အခမ်းအနားတခုခုသွားလို့ ဘယ်မှာ အလုပ်လုပ်လဲ မေးခံရတိုင်း အဖွဲ့နာမည် ထုတ်ပြောလို့ရှိရင် တော်တော်များများက မသိကြတာ များတယ်။ နောက်တော့ အဖွဲ့နာမည် မပြောတော့ဘဲ ကျွန်တော်တို့အဖွဲ့ရဲ့ Country Director ဆရာနာမည်ကိုပဲ ပြောလိုက်တယ်။ ဆရာကတော့ အင်မတန်တော်ပြီး လူတကာလေးစားသူမို့ သူ့နာမည်တော့ တော်တော်များများက သိကြတယ်။ သြော် ဒီဆရာရဲ့ အဖွဲ့ကလား ဆိုပြီး တလေးတစားဖြစ်သွားကြတယ်။

အဲဒီတော့ ကျွန်တော့်အနေနဲ့ ဒီလိုဆရာ ဦးဆောင်တဲ့အဖွဲ့မှာ လုပ်ရတာကို ဂုဏ်ယူတယ်။ ဒီလိုဆရာရဲ့ တပည့်ဖြစ်ရတာကို ဂုဏ်ယူတယ်။ လစာနည်းတယ်ဆိုဦးတော့၊ ကျွန်တော် ဒီိမှာလုပ်ရတာ ပျော်တယ်။ ဘောလုံးသမားတွေဆို ကြည့်ကြည့်ပါ၊ ဘယ်နည်းပြရှိလို့၊ သူ့ဆီကနေ သင်ယူချင်လို့ ဒီအသင်းကို ပြောင်းလာတာ ဆိုတာမျိုး မကြာခဏ ကြားနေရပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ ခေါင်းဆောင်ပြောင်းသွားလို့ ဒီခေါင်းဆောင်နဲ့အတူတူ တိုင်းပြည်အတွက် အလုပ်လုပ်ဖို့ဆိုပြီး နိုင်ငံရပ်ခြားက ပြန်ရောက်လာတဲ့ ပညာတတ်တွေကိုလည်း မြင်ဖူးကြမှာပါ။ ဒါတွေဟာ ခေါင်းဆောင်ဖြစ်သူရဲ့ Personal brand ကြောင့် လူတော်တွေကို စည်းရုံးနိုင်ခြင်း၊ ထိန်းသိမ်းနိုင်ခြင်းရဲ့ ဥပမာတွေပါပဲ၊ ဒါကြောင့်မို့ အဖွဲ့အစည်းတစ်ခုကို ဦးဆောင်တဲ့ ခေါင်းဆောင်ဟာ အရည်အချင်းရှိဖို့၊ Brand image ကောင်းဖို့၊ လူူတွေ လေးစားရသူဖြစ်ဖို့ လိုပါတယ်။ Leading by example ဆိုသလို ခေါင်းဆောင်ဟာ အမြဲရှေ့ဆောင်လမ်းပြ ဖြစ်ရမယ်။ နောက်လိုက်တွေအတွက် စံနမူနာ ဖြစ်ရမယ်။ ကိုယ်တောင် မလိုက်နာနိုင်တဲ့စည်းကမ်းကို ထုတ်ထားလို့မရဘူး။

၂။ တန်ဖိုးထားမှုနဲ့ အကျိုးပြုမှု (Value & Contribution)

ဒီအဖွဲ့အစည်းမှာ ဘယ်လိုတန်ဖိုးထားမှုတွေ ရှိသလဲ။ ဥပမာအားဖြင့် Customer ကို အလေးထားတာလား၊ အမြတ်နည်းရင် နည်းပါစေ၊ ရှုံးရင်ရှုံးဦးတော့ Customer တွေ အကျိုးယုတ်မယ့်ကိစ္စ ဘယ်တော့မှမလုပ်ဘူး ဆိုတာမျိုး၊ ဒီအသင်းက အနိုင်ရရုံသက်သက်မဟုတ်ဘဲ အနိုင်မခံ အရှုံးမပေး နောက်ဆုံးမိနစ်ထိ ရေကုန်ရေခန်း ကစားတတ်တဲ့ ဘောလုံးအသင်း၊ ငါတို့က အစိုးရဝန်ထမ်း မဟုတ်ဘူး၊ ပြည်သူ့ဝန်ထမ်း၊ ပြည်သူအဆင်ပြေစေဖို့ အလုပ်လုုပ်နေတာ စသဖြင့် ဒီလိုတန်ဖိုးထားမှုတွေက ၀န်ထမ်းတွေကို ကိုယ့်အဖွဲ့အစည်းအပေါ် ဂုဏ်ယူစေပါတယ်။

နောက်ပြီး အမှန်တရားကို တန်ဖိုးထားပြီး ပြည်သူ့အကျိုးကိုပဲ ကြည့်တဲ့မီဒီယာ၊ ငွေကြေးအလွဲသုံးစား မလုပ်ဘဲ တကယ်လိုအပ်တဲ့ နေရာတွေအထိ သွားရောက်ကူညီပေးနေတဲ့ NGO အဖွဲ့၊ ဒါမှမဟုတ်လည်း အခွန်အဆောင်ဆုံး နံပါတ်တစ် လုပ်ငန်း၊ လူမှုတာဝန်သိခြင်း (Corporate Social Responsibility) ဆိုတဲ့ ကိုယ့်လုပ်ငန်းနဲ့ဆက်နွယ်တဲ့ လူမှုရေးလုပ်ဆောင်မှုတွေ လုပ်တာ၊ ဒီလို ကိုယ့်ပတ်ဝန်းကျင်အတွက်၊ ပြည်သူအများအတွက် လုပ်ဆောင်နေတာတွေအကုန်လုံးဟာလည်း ကိုယ့်အဖွဲ့ဟာ ဘယ်လိုမျိုးဆိုတဲ့ပုံရိပ်တစ်ခုကို တည်ဆောက်နေကြတာ ဖြစ်ပါတယ်။

၃။ အဖွဲ့ရဲ့ ထိရောက်မှု (Organization effectiveness)

ဒါကတော့ ရှင်းပါတယ်။ အလုပ်မဖြစ်၊ အလုပ်တွေ မပြီးမြောက်၊ မအောင်မြင်တဲ့ အဖွဲ့အစည်းမျိုးမှာ ဘယ်သူမှ အလုပ်မလုပ်ချင်ပါဘူး။ လုပ်နေရလည်း စိတ်ဓါတ်တက်ကြွမှု ရှိမယ်မဟုတ်ဘူး။ ဘာလို့ဆိုတော့ ဒီလိုအလုပ်မဖြစ်ရင် ဘယ်တော့များ ကုမ္ပဏီပြုတ်သွားမလဲ ဆိုပြီး စိတ်ပူပန်နေရမှာကိုး။ ဆုဖလားဆွတ်ခူးနိုင်ချေ မရှိတဲ့ အသင်းက ဘယ်လိုနာမည်ကျော်ကစားသမားကိုမှ ခေါ်လို့မရသလိုပါပဲ။ တကယ်တော့ ၀န်ထမ်းကောင်းမှ အဖွဲ့ရဲ့လုပ်ငန်းတွေ ထိရောက်မှာဆိုပေမယ့်လည်း အဖွဲ့ရဲ့ လုပ်ငန်းတွေထိရောက်လေလေ၊ အဖွဲ့က ပိုအောင်မြင်လာလေလေ၊ တော်တဲ့သူတွေကို ပိုမိုထိန်းသိမ်းထားနိုင်မှာ ဖြစ်သလို၊ တခြားတော်တဲ့သူတွေကိုလည်း စည်းရုံးနိုင်မှာ ဖြစ်ပါတယ်။

၄။ အဖွဲ့ရဲ့ ယဉ်ကျေးမှု (Organization culture)

မြန်မာ့ယဉ်ကျေးမှုဆိုတာ ဘာလဲ။ အမေအရွယ်ဆို အမေ၊ အစ်ကိုအရွယ်ဆို အစ်ကို၊ ဘယ်သူမှ နာမည်ကို အရင်းအတိုင်း မခေါ်ဘူး။ လူကြီးရှေ့က ဖြတ်ရင် ခေါင်းငုံ့သွားတယ်။ ထမင်းဝိုင်းမှာ အသက်အကြီးဆုံးကို ဦးချပြီးမှ စားတယ်။ ဒါတွေဟာ မြန်မာ့ယဉ်ကျေးမှုဆိုတာတွေပဲ။ ဒါကြောင့် ယဉ်ကျေးမှုဆိုတာ တစ်ယောက်ကိုတစ်ယောက် ဘယ်လိုဆက်ဆံကြသလဲ ဆိုတာကို ပြသခြင်းဖြစ်တယ်။ Organization culture ဆိုတာလည်း ဒါပါပဲ။ အဖွဲ့အစည်းထဲမှာ အလုပ်လုပ်နေကြသူအချင်းချင်း ဘယ်လိုပြောဆိုဆက်ဆံကြသလဲ။ တချို့က မိသားစုလို ဆက်ဆံတယ်။ ခြေထိုးတာ၊ မကောင်းပြောတာ နည်းတယ်။ တချို့အဖွဲ့တွေမှာက လွတ်လပ်တယ်။ ရုံးတက်ချိန်၊ ဆင်းချိန်ကအစ တအားချုပ်ထိန်းမထားဘူး။ ဘာလို့ဆိုတော့ လုပ်ငန်းသဘာဝက Creativity ဖန်တီးနို်င်စွမ်းကို ပိုလိုအပ်တာမို့ ဒါမျိုးထားတာ။ တချို့အဖွဲ့တွေ အလုပ်ဖြစ်ဖို့ကိုပဲ ဦးစားပေးတယ်။ အားလုံးက အလုပ်ကို တက်တက်ကြွကြွ လုပ်ကြရတယ်။ မလုပ် မရှုပ် မပြုတ် ဆိုတဲ့ပုံစံနဲ့ လူတွေအတွက် ဒီအဖွဲ့မှာ နေရာမရှိဘူး။ အဲဒီလိုယဉ်ကျေးမှု (Culture) တွေက တကယ်တော့ အဖွဲ့အစည်းတစ်ခုရဲ့ Brand ဖြစ်သလို၊ ကိုယ့်အဖွဲ့အစည်းမှာ ဘယ်လိုလူမျိုးတွေပဲ အံဝင်မယ်ဆိုတာကို ပြသနေတာလည်း ဖြစ်ပါတယ်။

၅။ အဖွဲ့သားတွေကို တိုးတက်ဖွံ့ဖြိုးစေခြင်း (Developing the employees)

ဒီအဖွဲ့အစည်းမှာ လုပ်သွားတဲ့သူက တခြားတစ်နေရာမှာ ပိုမြင့်တဲ့ရာထူး ရသွားတယ်။ ဒီခေါင်းဆောင်က သူနဲ့တွဲလုပ်တဲ့သူတိုင်းကို ကိုယ်ရည်ကိုယ်သွေး တိုးတက်လာအောင်၊ ၀န်ထမ်းဘဝ တစ်ဆင့်ထက်တစ်ဆင့် တက်လာအောင်၊ Career progression ဖြစ်လာအောင် ပျိုးထောင်ပေးနိုင်တယ်။ ဒီလိုအဖွဲ့အစည်းမျိုးဆို အလုပ်ဝင်ချင်တဲ့၊ လာပြီး သင်ယူချင်တဲ့ လူငယ်တွေအများကြီး ဖြစ်နေမှာအမှန်ပါပဲ။ ဂျက်မားပြောသလိုပဲ၊ ငယ်ရွယ်တဲ့အချိန်မှာ လစာ ဘယ်လောက်ရမလဲဆိုတာထက် မင်းအလုပ်လုပ်ပေးရမယ့်ဘော့စ် ဘယ်သူလဲ ဆိုတာက ပိုအရေးကြီးပါတယ်။ ဘာလို့ဆိုတော့ ငယ်ရွယ်စဉ်မှာ ဆရာကောင်းသမားကောင်းနဲ့ တွေ့လိုက်တယ်၊ ကိုယ့်ဘဝကို အကြံဉာဏ်ကောင်းပေးပြီး လမ်းညွှန်ပေးနိုင်မယ့် mentor ကောင်းနဲ့ တွေ့လိုက်တယ်ဆို ဒါဟာ ကိုယ့်အတွက် တက်လမ်းတစ်ခု ရသွားမှာမို့လို့ပါပဲ။

ဆောင်းပါးအဆုံးသတ်အနေနဲ့ ကျွန်တော် တအားသဘောကျတဲ့ စကားလေးတစ်ခု ဝေမျှလိုတယ်။

Reputation is POWER.

အထင်ကြီးလေးစားခံရမှုဟာ စွမ်းအားတစ်ခုဖြစ်တယ်။ အစည်းအဝေးတွေမှာ လူလေးစားခံရသူတစ်ယောက် ပြောတဲ့စကား အင်မတန်သက်ရောက်မှုကြီးတယ်။ အားလုံးက ခေါင်းညိမ့်တယ်။ လုပ်ငန်းခွင်တစ်ခုမှာ လူလေးစားခံရသူတစ်ယောက် ပေးတဲ့အကြံ လူတကာလက်ခံတယ်။ ချတဲ့ဆုံးဖြတ်ချက် ကန့်ကွက်သူ တအားနည်းတယ်။ နောက်က လိုက်ဖို့ အဆင်သင့်ဖြစ်နေကြတယ်။ ဒီတစ်ယောက် ပြောတုန်းက ၀ုိင်းရှုံ့ချခဲ့တဲ့ စကားတွေကိုပဲ နောက်တစ်ယောက်ကပြောတဲ့ ၀မ်းသာအားရ လက်ခုပ်တီးနေကြတယ်။ ဒါတွေဟာ Reputation ရဲ့ ပါ၀ါတွေပဲဖြစ်တယ်။

ကိုယ့်အဖွဲ့အစည်းနဲ့့ ပတ်သက်ရင်လည်း ဒီလိုပါပဲ။ ခေါင်းဆောင်ဖြစ်တဲ့လူက ဘယ်လိုလူလဲ၊ အဖွဲ့အစည်းမှာ ဘယ်လိုတန်ဖိုးထားမှုတွေ ရှိသလဲ၊ ပတ်ဝန်းကျင်နဲ့ အများပြည်သူကို ဘယ်လောက်ထိ အကျိုးပြုနေသလဲ၊ ဘယ်လောက်အောင်မြင်တဲ့ အဖွဲ့လဲ၊ ကိုယ့်အဖွဲ့သားတွေကို ဘယ်လောက်ထိ ပျိုးထောင်ပေးနိုင်သလဲ ဆိုတာတွေက ကိုယ့်အဖွဲ့အစည်းအပေါ် အထင်ကြီးလေးစားမှု (Reputation) ရစေမှာပါ။ ဒါကြောင့် အဖွဲ့အစည်းတွေ၊ ဌာနတွေအနေနဲ့ ဒီအချက်တွေကို သေချာပြင်ဆင်ပြီး ကိုယ့်အဖွဲ့အစည်းရဲ့ Brand ကို သေချာတည်ဆောက်ထားနိုင်ဖို့ လိုပါတယ်။

၀န်ထမ်းတွေက ဒီအဖွဲ့အစည်းကို ကိုယ်စားပြုရတာကို ဂုဏ်ယူနေတယ် ဆိုတဲ့နေ့ဟာ ကိုယ့်အဖွဲ့ အောင်မြင်တဲ့နေ့ပါပဲ။

ဒေါက်တာ ဖြိုးသီဟ

၂၂.၁၁.၂၀၁၇

1K Shares
Share1K
Tweet
+1
Share