ေညးတုိ႕ဖတ္ဖုိ႕ – ၅

(Zawgyi)

“အကာအကြယ္မဲ့ ဆက္ဆံမိသြားခဲ့ရင္ …”

တကယ္ေတာ့ အကာအကြယ္မဲ့ လိင္ဆက္ဆံမႈ ျပဳမိတယ္ဆုိတာ အစ္ကိုတို႕ မလိုခ်င္ဆံုး၊ ဘယ္သူ႕ကိုမွလည္း မျဖစ္ေစခ်င္ဆံုး ကိစၥတစ္ခုျဖစ္ပါတယ္ ေညးတုိ႕ေရ။ ဒီအတြက္လည္း က်န္းမာေရး အသိပညာေပးမႈေတြ လုပ္ေနၾကတာပါ။

အကာအကြယ္မဲ့ ဆက္ဆံမႈျပဳလိုက္တယ္ ဆုိတာ ဘာကိုေျပာတာလဲဆုိရင္ ကြန္ဒံုးလို႕ေခၚတဲ့ ရာဘာအစြပ္ မသံုးလိုက္ဘဲနဲ႕ ဆက္ဆံမိလို္က္တာကို ေခၚတာပါ။ ကြန္ဒံုးဟာ ကာကြယ္မႈႏွစ္မ်ိဳး (Dual protection) ကို ေပးႏုိင္ပါတယ္။ တစ္ခုက ကုိယ္၀န္၊ ေနာက္တစ္ခုက လိင္ကတစ္ဆင့္ ကူးစက္တဲ့ ေရာဂါေတြကိုပါ။ ဒါေၾကာင့္ ကြန္ဒံုးမသံုးဘဲ အတူေနလိုက္ရင္ ကိုယ္၀န္ေရာ ကူးစက္ေရာဂါပါ ရသြားႏုိင္ပါတယ္။

ကုိယ္ေတြက သိျပီးသား၊ သံုးလည္းသံုးဖူးတယ္ဆုိေပမယ့္ တစ္ခါတစ္ေလမွာ မေမွ်ာ္လင့္ဘဲနဲ႕ အကာအကြယ္မဲ့ ဆက္ဆံမိလိုက္တာမ်ိဳး ရွိႏုိင္တယ္။ ဒါဆုိ ဘာဆက္လုပ္ရမလဲ။ ျပည္႕တန္ဆာ အမ်ိဳးသမီး၊ ကုိယ္နဲ႕မသိကၽြမ္းတဲ့ အမ်ိဳးသမီးနဲ႕ဆုိ ေရာဂါမ်ားကူးသြားမလား စိတ္ပူရမယ္။ ကုိယ့္ခ်စ္သူမိန္းကေလးနဲ႕ဆုိရင္ေတာ့ သူ႕မွာမ်ား ကုိယ္၀န္ရသြားမလား စုိးရိမ္ရမယ္။ ဒီလိုအေျခအေန ၂ မ်ိဳးအတြက္ ဘာေတြဆက္လုပ္ရမလဲဆုိတာကုိ ျခံဳငံုျပီးေတာ့ ေရးျပပါမယ္။

(၁) ကုိယ္၀န္တားပါ ကုိယ္၀န္တားပါ ကိုယ္၀န္တားပါ

သိပ္အေရးၾကီးပါတယ္ ေညးတို႕ေရ။ ျဖစ္လာမွ မရွဴႏုိင္မကယ္ႏုိင္ ဘယ္လုိဖ်က္ခ်ရမလဲ လိုက္ေမးေနမယ့္အစား ေစာေစာစီးစီးကတည္းက တားထားပါ။ မ်ားေသာအားျဖင့္ မိန္းကေလးေတြဟာ အရွက္အေၾကာက္ၾကီးသမုိ႕ ဒါေတြလိုက္ေမးဖုိ႕၊ ေဆးကိုကုိယ္တုိင္၀ယ္ဖုိ႕ အင္မတန္ရွက္ၾကပါတယ္။ ေညးတုိ႕ကပဲ ေမး၊ ေညးတုိ႕ကပဲ ေဆးဆုိင္မွာ သြား၀ယ္ လုပ္ေနၾကတာ အစ္ကုိသိတယ္။ ဒါေၾကာင့္ ေညးတုိ႕ကုိ ဒါေတြေျပာျပထားရတာ။

ပံုမွန္ကုိယ္၀န္တားနည္းေတြကေတာ့ ဆက္ဆံမႈမစခင္မွာ ၾကိဳသံုးရတယ္။ ဆက္ဆံျပီးမွ သံုးမယ္ဆုိ အခ်ိန္မမီပါဘူး။ ဒါေပမယ့္လည္း ကံေကာင္းတာက ခုလို မရည္ရြယ္ဘဲ အကာအကြယ္မဲ့ ဆက္ဆံမိတာေတြအတြက္ အေရးေပၚ ကုိယ္၀န္တားေဆး ဆုိတာ ရွိေနျပီ။ ေညးတုိ႕လည္း သိၾကမွာပါ။

ဒီေဆးက ဘယ္လို အမ်ိဳးသမီးမ်ိဳးနဲ႕မဆုိ သင့္ေတာ္ပါတယ္။ အသံုးျပဳပံုကေတာ့ အကာအကြယ္မဲ့ ဆက္ဆံျပီး နာရီ (၁၂၀)အတြင္း ေသာက္ရတယ္။ (၅)ရက္အခ်ိန္ရတယ္ ဆုိေပမယ့္ ေစာေစာေသာက္ေလ ေကာင္းေလပါပဲ။ ရက္ၾကာလာတာနဲ႕အမွ် အာနိသင္က က်က်လာပါတယ္။ ႏွစ္လံုးပါတဲ့ ေဆးကတ္ေတြဆုိရင္ေတာ့ အဲဒီႏွစ္လံုးစလံုးကို တစ္ျပိဳင္တည္းေသာက္ရမွာပါ။ တစ္လံုးေသာက္ျပီး (၁၂)နာရီျခားျပီးမွ ေနာက္တစ္လံုးထပ္ေသာက္ရတယ္ ဆုိတာမ်ိဳး လုပ္စရာမလိုေတာ့ပါဘူး။ ႏွစ္လုံုးစလံုး တစ္ျပိဳင္တည္းေသာက္လည္း အာနိသင္အတူတူပဲ။ (၁၂)နာရီျခားစရာ မလုိေတာ့တာမုိ႕ ပိုလို႕ အမွားနည္းသြားႏုိင္ပါတယ္။ ခုဆုိရင္ တစ္လံုးတည္းပါတဲ့ ေဆးကတ္ေတြေတာင္ ရွိေနပါျပီ။ ေဆးေသာက္ျပီး (၂)နာရီအတြင္း အံထြက္ခဲ့ရင္ ထပ္ေသာက္ဖို႕ လိုမွာျဖစ္ျပီး ေဘးထြက္ဆုိးက်ိဳးအေနနဲ႕ေတာ့ ေခါင္းမူးတာ၊ ပ်ိဳ႕အန္တာ၊ ရာသီေသြးပံုမမွန္ဆင္းတာ၊ ရာသီလာရမယ့္ရက္ထက္ နည္းနည္းေနာက္က်ျပီးမွ လာတာေတြ ျဖစ္တတ္ပါတယ္။ ဆုိးဆိုးရြားရြား ထိခုိက္ေစတာမ်ိဳး မရွိတာမို႕ စိတ္ခ်လက္ခ် အသံုးျပဳႏုိ္င္ပါတယ္။

(၂) ကုိယ္၀န္ရွိမရွိ စစ္ေဆးပါ

အေရးေပၚကုိယ္၀န္တားေဆးဟာ ပံုမွန္အသံုးျပဳရတဲ့ သားဆက္ျခားနည္းေတြနဲ႕စာရင္ ထိေရာက္မႈနည္းတယ္။ ဒါေၾကာင့္မို႕ ဒီေဆးအခ်ိန္မီ ေသာက္လုိက္ႏုိင္တယ္ဆုိဦးေတာ့၊ ကိုယ္၀န္မရႏုိင္ဘူးလို႕ ယတိျပတ္ ေျပာမရပါဘူး။ ဒီေတာ့ ကုိယ္၀န္ရွိမရွိ စစ္ေဆးၾကည္႕ဖုိ႔ လိုလာပါတယ္။ ဒီေနရာမွာ ေညးတုိ႕ေတာ္ေတာ္မ်ားမ်ား မွားေနၾကတဲ့ကိစၥကေတာ့ အတူေနျပီး တစ္ပတ္ေလာက္ၾကာတာနဲ႕ ဆီးစစ္ၾကည္႕တာပဲ။ ဆီးစစ္တယ္ဆုိတာက သေႏၶသားေလး သားအိမ္နံရံမွာ ကပ္လုိက္တဲ့အခါ ထြက္လာတဲ့ ေဟာ္မုန္းကုိ စစ္ၾကည္႕တာပါ။ ဘယ္ေန႕မွာ စစ္ရင္ ေပၚႏုိင္မယ္ဆုိတာ အတိအက်ေျပာမရေပမယ့္ ေယဘုယ်အားျဖင့္ေတာ့ ရာသီထိန္ျပီး တစ္ပတ္ေလာက္ေနလို႔ စစ္ၾကည္႕ေတာ့မွ မွန္ကန္တဲ့အေျဖကို ရပါလိမ့္မယ္။ ဒါကို မသိထားဘဲ စစ္ၾကည္႕လိုက္လို႕ ကုိယ္၀န္မရွိဘူးဆုိျပီး စိတ္ခ်လက္ခ် ေနျပီးမွ ကုိယ္၀န္ေပၚလာရင္ ေညးတို႕စံုတြဲေတြၾကားထဲမွာ အထင္လြဲစရာ ျဖစ္လာႏုိင္ပါတယ္။ ဒါေၾကာင့္မုိ႕ အတူေနျပီး နာရီ(၁၂၀)အတြင္း အေရးေပၚေဆး ေသာက္ပါ။ ရာသီရက္ နည္းနည္းေလာက္ ေနာက္က်သြားတတ္တာမုိ႕ ေပၚရမယ့္ရက္ ေပၚမလာလည္း စိတ္မပူပါနဲ႕။ ရာသီထိန္သြားျပီး တစ္ပတ္ေလာက္ေနရင္သာ ဆီးစစ္ၾကည္႕လိုက္ပါ။ မရွိေသးဘူးဆုိရင္ေတာ့ စိတ္ခ်ရပါျပီ။

(၃) လိင္မွတစ္ဆင့္ ကူးစက္တဲ့ေရာဂါေတြ မရေအာင္ ကာကြယ္ပါ

ဒါကေတာ့ ျပည္႕တန္ဆာအမ်ိဳးသမီးနဲ႕ ဆက္ဆံမိသြားတဲ့အခါေတြမွာ သတိထားသင့္တာပါ။ ဒီေရာဂါေတြကို အဓိကအားျဖင့္ ႏွစ္မ်ိဳးျပန္ခြဲလို႕ရေသးတယ္။ ကုလို႔ရတဲ့ ေရာဂါနဲ႕ ကုလို႕မရတဲ့ ေရာဂါ။ ကုလုိ႔မရဘူးဆုိတာကေတာ့ HIV ပုိးကုိ ေျပာတာပါ။ ဒီပုိးကုိ ထိန္းထားလို႔ရတဲ့ေဆးေတြ ေပၚေနျပီ၊ ဒီပုိးကူးစက္ခံလုိက္ရလည္း လူ႕သက္တမ္းေစ့ ေနလုိ႕ရေနျပီ ဆုိေပမယ့္ အရွင္းေပ်ာက္ေအာင္ေတာ့ ကုလို႔မရေသးပါဘူး။ ကုလုိ႔ရတဲ့ ေရာဂါေတြကေတာ့ ဆီးပူေညာင္းက်၊ ဆစ္ဖလစ္၊ ဒီလို ကာလသားေရာဂါေတြကို ဆုိလိုပါတယ္။ ပုိးသတ္ေဆးေတြနဲ႕ စနစ္တက် ကုသလုိ႕ရႏုိင္ပါတယ္။

အဲဒါေတြအတြက္ ဘယ္လိုလုပ္ေဆာင္သင့္လဲ။

ကာလသားေရာဂါေတြအတြက္ကေတာ့ ေရာဂါပိုး၀င္သြားရင္ လကၡဏာျပဖုိ႕ လြယ္ပါတယ္။ ဘာေတြျဖစ္လာတတ္လဲဆုိရင္ လိင္အဂၤါကေန ျပည္ထြက္တာ၊ အျဖဴရည္က်တာ၊ အနာျဖစ္လာတာေတြ ျဖစ္တတ္တယ္။ ဒါဆုိ ေဆးရံုေဆးခန္းကို ျပသင္ျပီ။ ျမိဳ႕နယ္ေဆးရံုေတြမွာ ကာလသားေရာဂါ တုိက္ဖ်က္ေရးဌာနေတြ ရွိသလို NGO ေဆးခန္းေတြလည္း ရွိပါတယ္။ အဲဒီမွာ သြားေရာက္ကုသမႈ ခံယူလုိ႔ရပါတယ္။ ပိုးသတ္ေဆးေပးမယ္၊ လိုအပ္ရင္ ေညးတို႕ေကာင္မေလးကိုပါ ကုဖို႕လိုေကာင္းလိုလိမ့္မယ္။ ကြန္ဒံုးေတြလည္း ေပးမယ္၊ သံုးပံုသံုးနည္း မသိရင္လည္း သင္ေပးတယ္၊ လိုအပ္ရင္ ေဆးစစ္ေပးတယ္၊ ႏွစ္သိမ့္ေဆြးေႏြးမႈေတြလည္း လုပ္ေပးပါတယ္။ ဒါေၾကာင့္မုိ႕ နီးစပ္ရာေဆးခန္းေတြမွာ သြားျပတာထက္ စနစ္တက် ကုေပးႏုိင္တဲ့ေနရာေတြမွာ သြားျပတာ ပုိေကာင္းပါတယ္။

ေနာက္တစ္ခုကေတာ့ HIV ပိုးပါ။ ဒီပုိးကေတာ့ ေသြးစစ္ေဆးၾကည္႕မွပဲ သိႏုိင္ပါတယ္။ ပိုး၀င္သြားရင္ ဒီပုိးက လူခႏၶာကိုယ္ရဲ႕ ခုခံအားစနစ္ကုိ တုိက္ဖ်က္ပါတယ္။ ဒီအခါ လူက တျဖည္းျဖည္း ခုခံအားက်ဆင္းလာမယ္။ ခဏခဏဖ်ားမယ္၊ ၀မ္းေလွ်ာမယ္၊ ပိန္သြားမယ္၊ အစားအေသာက္ ပ်က္လာမယ္၊ ဒီလုိလကၡဏာေတြ ေပၚလာမယ္။ ဒါဆိုရင္ေတာ့ AIDS အဆင့္ကို ေရာက္ေနျပီ လို႔ သတ္မွတ္ပါတယ္။

အဲဒီအဆင့္ မေရာက္ခင္ သိဖုိ႔ကေတာ့ တစ္နည္းပဲရွိပါတယ္။ အဲဒါ ေသြးစစ္ေဆးျခင္းပါ။ ေသြးစစ္တာနဲ႕ ပတ္သက္လို႔ ေတာ္ေတာ္မ်ားမ်ား မသိၾကေသးတာတစ္ခုကေတာ့ စိတ္အပူလြန္ျပီး ခ်က္ခ်င္းေသြးစစ္ၾကတာပါပဲ။ HIV ပုိးကုိ စစ္လုိ႔မေပၚႏုိင္ေသးတဲ့အခ်ိန္မွာ သြားစစ္ေတာ့ ပုိးမရွိဘူးဆိုတဲ့ အေျဖမ်ိဳးပဲ ရမွာေပါ့။ ဒါက တကယ္မကူးစက္သြားတာလည္း ျဖစ္ႏုိင္သလို၊ ကူးစက္ခံလုိက္ရျပီး မေပၚေသးတာလည္း ျဖစ္ႏုိ္င္ပါတယ္။ မကူးစက္သြားရင္က ျပႆနာမရွိေပမယ့္ ကူးစက္ခံလုိက္ရျပီး မေပၚေသးတာကုိ မရွိဘူးလို႔ အထင္မွားသြားရင္ေတာ့ ျပႆနာၾကီးပါတယ္။ ကုိယ့္ဆီကေန တျခားလူေတြဆီ ေသြးကတစ္ဆင့္၊ လိင္ဆက္ဆံရာကတစ္ဆင့္ ကူးစက္သြားႏုိင္လုိ႔ပါ။ ဒါေၾကာင့္မို႕ အကာအကြယ္မဲ့ ဆက္ဆံျပီး အနည္းဆံုး(၃)လၾကာေတာ့မွ ေသြးစစ္ေဆးၾကည္႕သင့္ပါတယ္။

စစ္ေဆးတဲ့အခါမွာ ကၽြမ္းက်င္သူနဲ႕ ႏွစ္သိမ့္ေဆြးေႏြးမႈ ခံယူျပီးမွ စစ္ႏုိင္တယ္ဆုိ အေကာင္းဆံုးပါပဲ။ ေကာင္းေကာင္းေဆြးေႏြးမႈ မခံယူဘဲ ေသြးစစ္လုိက္ရင္ ပုိးတကယ္ရွိေနတာ သိလုိက္ရတဲ့အခါ တအားစိတ္ဓါတ္က်သြားႏုိင္တယ္။ ဒါေၾကာင့္ ေဆြးေႏြးမႈခံယူျပီးမွ စစ္ေဆးပါ။ တကယ္လို႔ ပိုးမရွိပါဘူးလို႔ အေျဖထြက္ရင္လည္း ေဆြးေႏြးမႈလုပ္ထားတဲ့သူက ေနာက္တစ္ခါ ဒီလိုမျဖစ္ေအာင္ ဘယ္လိုေရွာင္ၾကဥ္ရမလဲ သိသြားတယ္၊ အျပဳအမူေတြ ေျပာင္းလဲႏုိင္သြားမယ္။ ဒါေၾကာင့္မို႕ စစ္ေဆးမႈမျပဳခင္ စနစ္တက် ႏွစ္သိမ့္ေဆြးေႏြးမႈခံယူဖို႔ သိပ္အေရးၾကီးပါတယ္။

ဒါေတြကေတာ့ အကာအကြယ္မဲ့ လိင္ဆက္ဆံမႈတစ္ခု လုပ္မိျပီးတဲ့ေနာက္ ေညးတို႕အေနနဲ႕ လုပ္ေဆာင္သင့္တာေတြ၊ သိထားသင့္တာေလးေတြ ျဖစ္ပါတယ္။ ေဆာင္းပါးအစမွာ အစ္ကုိ ေျပာခဲ့သလုိပဲ၊ ဒီလိုအေျခအေနေတြဟာ မျဖစ္ေစခ်င္ဆံုးကိစၥေတြပါ။ ဒါေပမယ့္လည္း မေမွ်ာ္လင့္ဘဲ ျဖစ္သြားတဲ့ အေျခအေနမ်ိဳးေတြမွာေတာ့ ေညးတို႕အတြက္ ဒီေဆာင္းပါးေလးက တစ္စံုတစ္ရာ အကူအညီျဖစ္ေစလိမ့္မယ္လုိ႔ ယံုၾကည္ပါတယ္။

ေဒါက္တာ ျဖိဳးသီဟ

၈.၁၂.၂၀၁၇

(Unicode)

“အကာအကွယ်မဲ့ ဆက်ဆံမိသွားခဲ့ရင် …”

တကယ်တော့ အကာအကွယ်မဲ့ လိင်ဆက်ဆံမှု ပြုမိတယ်ဆိုတာ အစ်ကိုတို့ မလိုချင်ဆုံး၊ ဘယ်သူ့ကိုမှလည်း မဖြစ်စေချင်ဆုံး ကိစ္စတစ်ခုဖြစ်ပါတယ် ညေးတို့ရေ။ ဒီအတွက်လည်း ကျန်းမာရေး အသိပညာပေးမှုတွေ လုပ်နေကြတာပါ။

အကာအကွယ်မဲ့ ဆက်ဆံမှုပြုလိုက်တယ် ဆိုတာ ဘာကိုပြောတာလဲဆိုရင် ကွန်ဒုံးလို့ခေါ်တဲ့ ရာဘာအစွပ် မသုံးလိုက်ဘဲနဲ့ ဆက်ဆံမိလို်က်တာကို ခေါ်တာပါ။ ကွန်ဒုံးဟာ ကာကွယ်မှုနှစ်မျိုး (Dual protection) ကို ပေးနိုင်ပါတယ်။ တစ်ခုက ကိုယ်ဝန်၊ နောက်တစ်ခုက လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေကိုပါ။ ဒါကြောင့် ကွန်ဒုံးမသုံးဘဲ အတူနေလိုက်ရင် ကိုယ်ဝန်ရော ကူးစက်ရောဂါပါ ရသွားနိုင်ပါတယ်။

ကိုယ်တွေက သိပြီးသား၊ သုံးလည်းသုံးဖူးတယ်ဆိုပေမယ့် တစ်ခါတစ်လေမှာ မမျှော်လင့်ဘဲနဲ့ အကာအကွယ်မဲ့ ဆက်ဆံမိလိုက်တာမျိုး ရှိနိုင်တယ်။ ဒါဆို ဘာဆက်လုပ်ရမလဲ။ ပြည့်တန်ဆာ အမျိုးသမီး၊ ကိုယ်နဲ့မသိကျွမ်းတဲ့ အမျိုးသမီးနဲ့ဆို ရောဂါများကူးသွားမလား စိတ်ပူရမယ်။ ကိုယ့်ချစ်သူမိန်းကလေးနဲ့ဆိုရင်တော့ သူ့မှာများ ကိုယ်ဝန်ရသွားမလား စိုးရိမ်ရမယ်။ ဒီလိုအခြေအနေ ၂ မျိုးအတွက် ဘာတွေဆက်လုပ်ရမလဲဆိုတာကို ခြုံငုံပြီးတော့ ရေးပြပါမယ်။

(၁) ကိုယ်ဝန်တားပါ ကိုယ်ဝန်တားပါ ကိုယ်ဝန်တားပါ

သိပ်အရေးကြီးပါတယ် ညေးတို့ရေ။ ဖြစ်လာမှ မရှူနိုင်မကယ်နိုင် ဘယ်လိုဖျက်ချရမလဲ လိုက်မေးနေမယ့်အစား စောစောစီးစီးကတည်းက တားထားပါ။ များသောအားဖြင့် မိန်းကလေးတွေဟာ အရှက်အကြောက်ကြီးသမို့ ဒါတွေလိုက်မေးဖို့၊ ဆေးကိုကိုယ်တိုင်ဝယ်ဖို့ အင်မတန်ရှက်ကြပါတယ်။ ညေးတို့ကပဲ မေး၊ ညေးတို့ကပဲ ဆေးဆိုင်မှာ သွားဝယ် လုပ်နေကြတာ အစ်ကိုသိတယ်။ ဒါကြောင့် ညေးတို့ကို ဒါတွေပြောပြထားရတာ။

ပုံမှန်ကိုယ်ဝန်တားနည်းတွေကတော့ ဆက်ဆံမှုမစခင်မှာ ကြိုသုံးရတယ်။ ဆက်ဆံပြီးမှ သုံးမယ်ဆို အချိန်မမီပါဘူး။ ဒါပေမယ့်လည်း ကံကောင်းတာက ခုလို မရည်ရွယ်ဘဲ အကာအကွယ်မဲ့ ဆက်ဆံမိတာတွေအတွက် အရေးပေါ် ကိုယ်ဝန်တားဆေး ဆိုတာ ရှိနေပြီ။ ညေးတို့လည်း သိကြမှာပါ။

ဒီဆေးက ဘယ်လို အမျိုးသမီးမျိုးနဲ့မဆို သင့်တော်ပါတယ်။ အသုံးပြုပုံကတော့ အကာအကွယ်မဲ့ ဆက်ဆံပြီး နာရီ (၁၂၀)အတွင်း သောက်ရတယ်။ (၅)ရက်အချိန်ရတယ် ဆိုပေမယ့် စောစောသောက်လေ ကောင်းလေပါပဲ။ ရက်ကြာလာတာနဲ့အမျှ အာနိသင်က ကျကျလာပါတယ်။ နှစ်လုံးပါတဲ့ ဆေးကတ်တွေဆိုရင်တော့ အဲဒီနှစ်လုံးစလုံးကို တစ်ပြိုင်တည်းသောက်ရမှာပါ။ တစ်လုံးသောက်ပြီး (၁၂)နာရီခြားပြီးမှ နောက်တစ်လုံးထပ်သောက်ရတယ် ဆိုတာမျိုး လုပ်စရာမလိုတော့ပါဘူး။ နှစ်လုံုးစလုံး တစ်ပြိုင်တည်းသောက်လည်း အာနိသင်အတူတူပဲ။ (၁၂)နာရီခြားစရာ မလိုတော့တာမို့ ပိုလို့ အမှားနည်းသွားနိုင်ပါတယ်။ ခုဆိုရင် တစ်လုံးတည်းပါတဲ့ ဆေးကတ်တွေတောင် ရှိနေပါပြီ။ ဆေးသောက်ပြီး (၂)နာရီအတွင်း အံထွက်ခဲ့ရင် ထပ်သောက်ဖို့ လိုမှာဖြစ်ပြီး ဘေးထွက်ဆိုးကျိုးအနေနဲ့တော့ ခေါင်းမူးတာ၊ ပျို့အန်တာ၊ ရာသီသွေးပုံမမှန်ဆင်းတာ၊ ရာသီလာရမယ့်ရက်ထက် နည်းနည်းနောက်ကျပြီးမှ လာတာတွေ ဖြစ်တတ်ပါတယ်။ ဆိုးဆိုးရွားရွား ထိခိုက်စေတာမျိုး မရှိတာမို့ စိတ်ချလက်ချ အသုံးပြုနို်င်ပါတယ်။

(၂) ကိုယ်ဝန်ရှိမရှိ စစ်ဆေးပါ

အရေးပေါ်ကိုယ်ဝန်တားဆေးဟာ ပုံမှန်အသုံးပြုရတဲ့ သားဆက်ခြားနည်းတွေနဲ့စာရင် ထိရောက်မှုနည်းတယ်။ ဒါကြောင့်မို့ ဒီဆေးအချိန်မီ သောက်လိုက်နိုင်တယ်ဆိုဦးတော့၊ ကိုယ်ဝန်မရနိုင်ဘူးလို့ ယတိပြတ် ပြောမရပါဘူး။ ဒီတော့ ကိုယ်ဝန်ရှိမရှိ စစ်ဆေးကြည့်ဖို့ လိုလာပါတယ်။ ဒီနေရာမှာ ညေးတို့တော်တော်များများ မှားနေကြတဲ့ကိစ္စကတော့ အတူနေပြီး တစ်ပတ်လောက်ကြာတာနဲ့ ဆီးစစ်ကြည့်တာပဲ။ ဆီးစစ်တယ်ဆိုတာက သန္ဓေသားလေး သားအိမ်နံရံမှာ ကပ်လိုက်တဲ့အခါ ထွက်လာတဲ့ ဟော်မုန်းကို စစ်ကြည့်တာပါ။ ဘယ်နေ့မှာ စစ်ရင် ပေါ်နိုင်မယ်ဆိုတာ အတိအကျပြောမရပေမယ့် ယေဘုယျအားဖြင့်တော့ ရာသီထိန်ပြီး တစ်ပတ်လောက်နေလို့ စစ်ကြည့်တော့မှ မှန်ကန်တဲ့အဖြေကို ရပါလိမ့်မယ်။ ဒါကို မသိထားဘဲ စစ်ကြည့်လိုက်လို့ ကိုယ်ဝန်မရှိဘူးဆိုပြီး စိတ်ချလက်ချ နေပြီးမှ ကိုယ်ဝန်ပေါ်လာရင် ညေးတို့စုံတွဲတွေကြားထဲမှာ အထင်လွဲစရာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်မို့ အတူနေပြီး နာရီ(၁၂၀)အတွင်း အရေးပေါ်ဆေး သောက်ပါ။ ရာသီရက် နည်းနည်းလောက် နောက်ကျသွားတတ်တာမို့ ပေါ်ရမယ့်ရက် ပေါ်မလာလည်း စိတ်မပူပါနဲ့။ ရာသီထိန်သွားပြီး တစ်ပတ်လောက်နေရင်သာ ဆီးစစ်ကြည့်လိုက်ပါ။ မရှိသေးဘူးဆိုရင်တော့ စိတ်ချရပါပြီ။

(၃) လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ မရအောင် ကာကွယ်ပါ

ဒါကတော့ ပြည့်တန်ဆာအမျိုးသမီးနဲ့ ဆက်ဆံမိသွားတဲ့အခါတွေမှာ သတိထားသင့်တာပါ။ ဒီရောဂါတွေကို အဓိကအားဖြင့် နှစ်မျိုးပြန်ခွဲလို့ရသေးတယ်။ ကုလို့ရတဲ့ ရောဂါနဲ့ ကုလို့မရတဲ့ ရောဂါ။ ကုလို့မရဘူးဆိုတာကတော့ HIV ပိုးကို ပြောတာပါ။ ဒီပိုးကို ထိန်းထားလို့ရတဲ့ဆေးတွေ ပေါ်နေပြီ၊ ဒီပိုးကူးစက်ခံလိုက်ရလည်း လူ့သက်တမ်းစေ့ နေလို့ရနေပြီ ဆိုပေမယ့် အရှင်းပျောက်အောင်တော့ ကုလို့မရသေးပါဘူး။ ကုလို့ရတဲ့ ရောဂါတွေကတော့ ဆီးပူညောင်းကျ၊ ဆစ်ဖလစ်၊ ဒီလို ကာလသားရောဂါတွေကို ဆိုလိုပါတယ်။ ပိုးသတ်ဆေးတွေနဲ့ စနစ်တကျ ကုသလို့ရနိုင်ပါတယ်။

အဲဒါတွေအတွက် ဘယ်လိုလုပ်ဆောင်သင့်လဲ။

ကာလသားရောဂါတွေအတွက်ကတော့ ရောဂါပိုးဝင်သွားရင် လက္ခဏာပြဖို့ လွယ်ပါတယ်။ ဘာတွေဖြစ်လာတတ်လဲဆိုရင် လိင်အင်္ဂါကနေ ပြည်ထွက်တာ၊ အဖြူရည်ကျတာ၊ အနာဖြစ်လာတာတွေ ဖြစ်တတ်တယ်။ ဒါဆို ဆေးရုံဆေးခန်းကို ပြသင်ပြီ။ မြို့နယ်ဆေးရုံတွေမှာ ကာလသားရောဂါ တိုက်ဖျက်ရေးဌာနတွေ ရှိသလို NGO ဆေးခန်းတွေလည်း ရှိပါတယ်။ အဲဒီမှာ သွားရောက်ကုသမှု ခံယူလို့ရပါတယ်။ ပိုးသတ်ဆေးပေးမယ်၊ လိုအပ်ရင် ညေးတို့ကောင်မလေးကိုပါ ကုဖို့လိုကောင်းလိုလိမ့်မယ်။ ကွန်ဒုံးတွေလည်း ပေးမယ်၊ သုံးပုံသုံးနည်း မသိရင်လည်း သင်ပေးတယ်၊ လိုအပ်ရင် ဆေးစစ်ပေးတယ်၊ နှစ်သိမ့်ဆွေးနွေးမှုတွေလည်း လုပ်ပေးပါတယ်။ ဒါကြောင့်မို့ နီးစပ်ရာဆေးခန်းတွေမှာ သွားပြတာထက် စနစ်တကျ ကုပေးနိုင်တဲ့နေရာတွေမှာ သွားပြတာ ပိုကောင်းပါတယ်။

နောက်တစ်ခုကတော့ HIV ပိုးပါ။ ဒီပိုးကတော့ သွေးစစ်ဆေးကြည့်မှပဲ သိနိုင်ပါတယ်။ ပိုးဝင်သွားရင် ဒီပိုးက လူခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို တိုက်ဖျက်ပါတယ်။ ဒီအခါ လူက တဖြည်းဖြည်း ခုခံအားကျဆင်းလာမယ်။ ခဏခဏဖျားမယ်၊ ၀မ်းလျှောမယ်၊ ပိန်သွားမယ်၊ အစားအသောက် ပျက်လာမယ်၊ ဒီလိုလက္ခဏာတွေ ပေါ်လာမယ်။ ဒါဆိုရင်တော့ AIDS အဆင့်ကို ရောက်နေပြီ လို့ သတ်မှတ်ပါတယ်။

အဲဒီအဆင့် မရောက်ခင် သိဖို့ကတော့ တစ်နည်းပဲရှိပါတယ်။ အဲဒါ သွေးစစ်ဆေးခြင်းပါ။ သွေးစစ်တာနဲ့ ပတ်သက်လို့ တော်တော်များများ မသိကြသေးတာတစ်ခုကတော့ စိတ်အပူလွန်ပြီး ချက်ချင်းသွေးစစ်ကြတာပါပဲ။ HIV ပိုးကို စစ်လို့မပေါ်နိုင်သေးတဲ့အချိန်မှာ သွားစစ်တော့ ပိုးမရှိဘူးဆိုတဲ့ အဖြေမျိုးပဲ ရမှာပေါ့။ ဒါက တကယ်မကူးစက်သွားတာလည်း ဖြစ်နိုင်သလို၊ ကူးစက်ခံလိုက်ရပြီး မပေါ်သေးတာလည်း ဖြစ်နို်င်ပါတယ်။ မကူးစက်သွားရင်က ပြဿနာမရှိပေမယ့် ကူးစက်ခံလိုက်ရပြီး မပေါ်သေးတာကို မရှိဘူးလို့ အထင်မှားသွားရင်တော့ ပြဿနာကြီးပါတယ်။ ကိုယ့်ဆီကနေ တခြားလူတွေဆီ သွေးကတစ်ဆင့်၊ လိင်ဆက်ဆံရာကတစ်ဆင့် ကူးစက်သွားနိုင်လို့ပါ။ ဒါကြောင့်မို့ အကာအကွယ်မဲ့ ဆက်ဆံပြီး အနည်းဆုံး(၃)လကြာတော့မှ သွေးစစ်ဆေးကြည့်သင့်ပါတယ်။

စစ်ဆေးတဲ့အခါမှာ ကျွမ်းကျင်သူနဲ့ နှစ်သိမ့်ဆွေးနွေးမှု ခံယူပြီးမှ စစ်နိုင်တယ်ဆို အကောင်းဆုံးပါပဲ။ ကောင်းကောင်းဆွေးနွေးမှု မခံယူဘဲ သွေးစစ်လိုက်ရင် ပိုးတကယ်ရှိနေတာ သိလိုက်ရတဲ့အခါ တအားစိတ်ဓါတ်ကျသွားနိုင်တယ်။ ဒါကြောင့် ဆွေးနွေးမှုခံယူပြီးမှ စစ်ဆေးပါ။ တကယ်လို့ ပိုးမရှိပါဘူးလို့ အဖြေထွက်ရင်လည်း ဆွေးနွေးမှုလုပ်ထားတဲ့သူက နောက်တစ်ခါ ဒီလိုမဖြစ်အောင် ဘယ်လိုရှောင်ကြဉ်ရမလဲ သိသွားတယ်၊ အပြုအမူတွေ ပြောင်းလဲနိုင်သွားမယ်။ ဒါကြောင့်မို့ စစ်ဆေးမှုမပြုခင် စနစ်တကျ နှစ်သိမ့်ဆွေးနွေးမှုခံယူဖို့ သိပ်အရေးကြီးပါတယ်။

ဒါတွေကတော့ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုတစ်ခု လုပ်မိပြီးတဲ့နောက် ညေးတို့အနေနဲ့ လုပ်ဆောင်သင့်တာတွေ၊ သိထားသင့်တာလေးတွေ ဖြစ်ပါတယ်။ ဆောင်းပါးအစမှာ အစ်ကို ပြောခဲ့သလိုပဲ၊ ဒီလိုအခြေအနေတွေဟာ မဖြစ်စေချင်ဆုံးကိစ္စတွေပါ။ ဒါပေမယ့်လည်း မမျှော်လင့်ဘဲ ဖြစ်သွားတဲ့ အခြေအနေမျိုးတွေမှာတော့ ညေးတို့အတွက် ဒီဆောင်းပါးလေးက တစ်စုံတစ်ရာ အကူအညီဖြစ်စေလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ

၈.၁၂.၂၀၁၇

1K Shares
Share1K
Tweet
+1
Share