ေညးတုိ႕ဖတ္ဖို႕ – ၇

(Zawgyi)

“လိင္စိတ္ေျဖျခင္းအေၾကာင္း”

ပထမဆံုး ေျပာလိုတာက ဒါဟာ ရွက္စရာ မလိုဘူး ဆုိတာပါပဲ။ ၂၀၀၇ ခုႏွစ္က ယူေကမွာ လုပ္ထားတဲ့ စစ္တမ္းတစ္ခုအရ အမ်ိဳးသားေတြရဲ႕ ၉၅ ရာခုိင္ႏႈန္းနဲ႕ အမ်ိဳးသမီးေတြရဲ႕ ၇၁ ရာခုိင္ႏႈန္းဟာ သူတုိ႕ဘ၀မွာ တစ္ခါေတာ့ လိင္စိတ္ေျဖဖူးတယ္ဆုိတာကို ေတြ႕ရတယ္။ ေနာက္ျပီး လိင္ဆက္ဆံဖက္ ရွိေနသူ အိမ္ေထာင္သည္ေတြေတာင္မွ ဒီလိုလုပ္တာမ်ိဳး ရွိတယ္။ ဒါေၾကာင့္မုိ႕ ဒီကိစၥဟာ အရြယ္ေရာက္လာသူ တစ္ေယာက္အတြက္ ပံုမွန္ပဲ ဆိုတာေလး ေညးတို႕ကုိ အရင္ဆံုး သိေစခ်င္ပါတယ္။ ဘာလို႕ဒါကို စေျပာရတာလဲဆုိေတာ့ ဆယ္ေက်ာ္သက္ဘ၀မွာ ဒီလိုလုပ္ျပီးသြားတုိင္း အျပစ္တစ္ခု က်ဴးလြန္သလို၊ ယုတ္ညံ႕တဲ့ လုပ္ရပ္တစ္ခုကုိ လုပ္မိလိုက္သလို ခံစားရတတ္တာေၾကာင့္ပါ။

လူပ်ိဳေဖာ္၀င္လာျပီဆုိရင္ လိင္နဲ႕ပတ္သက္တဲ့ စိတ္ဆႏၵေတြ ျဖစ္လာမယ္။ အျပာကားေတြ ၾကည္႕ခ်င္လာမယ္၊ ၾကည္႕တတ္လာမယ္။ တစ္ဖက္မွာလည္း အိမ္က မလြတ္လပ္တာ ရွိမယ္၊ ဒါမွမဟုတ္ အေဖ အေမက တအားကို တင္းၾကပ္လာတာေတြ ရွိႏုိင္တယ္။ ဒါဟာ သဘာ၀ပဲဆုိေပမယ့္ ေညးတို႕ကုိ ကေလးလိုပဲ ျမင္ေနေသးတဲ့ မိဘေတြကေတာ့ ဒါကို လက္ခံဖို႕ရာ ခက္ခဲတယ္။ မိဘေတြနဲ႕ ေဆြးေႏြးပြဲေလးတစ္ခု လုပ္ေတာ့ အေမတစ္ေယာက္က ဘာေျပာလဲဆုိရင္ “ကၽြန္မ သားရဲ႕ဖုန္းထဲမွာ အဲဒီကားေတြ ေတြ႕ေတာ့ ကၽြန္မေလ တအားကို ငိုခ်င္သြားတယ္၊ ေၾသာ္ င့ါသားဟာ ဒီအရြယ္ေတာင္ ေရာက္ေနျပီလား ဆုိျပီးေတာ့ေလ” တဲ့။ ဒါဟာ မိဘတုိင္းမွာ ျဖစ္တတ္ၾကတဲ့ စိတ္ခံစားခ်က္ေလးေတြေပါ့။ ဒီအခါ မိဘေတြက အသိပညာေပး ပြင့္ပြင့္လင္းလင္း ေဆြးေႏြးရမယ့္အစား ေညးတို႕ကုိ ေၾကာက္ေအာင္ ေျပာတာေတြ ရွိလာမယ္။ ဟဲ့ အဲ့လုိေတြ လုပ္တာ က်န္းမာေရးထိခုိက္မယ္ ဘာညာေပါ့။ ဒီအခါ ေညးတုိ႕မွာ ဒါနဲ႕ပတ္သက္တဲ့ ဗဟုသုတေတြ မရွိေတာ့ဘူး။ အေပါင္းအသင္းက ေျပာတာေလာက္ပဲ သိမယ္။ ဒါေၾကာင့္ လိင္စိတ္ေျဖျခင္းနဲ႕ ပတ္သက္ျပီး ေညးတို႕ သိထားသင့္တာေလးေတြကို ဒီေဆာင္းပါးေလးကတစ္ဆင့္ ေျပာျပလိုတယ္။

၁။ က်န္းမာေရး ထိခုိက္ႏုိင္သလား

လိင္စိတ္ေျဖလို႕ရွိရင္ ၾကီးလာတဲ့အခါ ကေလးမရႏုိင္ေတာ့ဘူး၊ ျမံဳသြားမယ္၊ လိင္အဂၤါ ေသးသြားမယ္ စသျဖင့္ ထင္ေနၾကတာ ရွိပါတယ္။ တကယ္ေတာ့ သိပၸံနည္းက် ေတြ႕ရွိခ်က္ေတြအရ လိင္စိတ္ေျဖျခင္းေၾကာင့္ က်န္းမာေရး အက်ိဳးေက်းဇူးေတြ အမ်ားၾကီးရႏုိင္တယ္။ စိတ္ဖိစီးမႈကို ေလ်ာ့ေစတယ္။ ေကာင္းေကာင္းအိပ္ေပ်ာ္ေစတယ္ (ဒါေၾကာင့္ ညဘက္လုပ္ျပီး အိပ္လုိက္ရင္ မနက္က် အိပ္ရာထေနာက္က်တယ္ေလ ဟုတ္တယ္ဟုတ္)။ ကိုယ့္ကုိယ္ကိုယ္ ေက်နပ္မႈကို ရေစတယ္။ ၾကြက္သားေတြ တင္းေနတာကို ေျဖေလ်ာ့ေစတယ္။ အဓိကကေတာ့ လိင္မႈဆႏၵ ျပည္႕၀ျပီး ေပ်ာ္ရႊင္တဲ့ အေနအထားကို ပုိင္ဆုိင္ရတယ္။ ဒီလို က်န္းမာေရးအက်ိဳးေက်းဇူးေတြ ရွိႏုိင္တယ္။ ေနာက္ျပီး ေယာက်ာ္းေတြမွာ ေတြ႕ရတတ္တဲ့ ဆီးၾကိတ္ကင္ဆာဆုိလည္း သုက္ရည္ထြက္ျခင္း (Ejaculation) နဲ႕ ဆက္စပ္ေနတယ္လို႕ဆုိတယ္။ ဘာေၾကာင့္ဆုိတာ တိတိက်က် မေျပာႏုိင္ေသးေပမယ့္လို႕ သုက္ရည္ထြက္တဲ့အၾကိမ္ မ်ားတဲ့သူေတြမွာ ဆီးၾကိတ္ကင္ဆာ ျဖစ္ႏႈန္းက နည္းသြားတယ္လို႕ သိရပါတယ္။ ဒါေၾကာင့္ က်န္းမာေရးထိခုိက္တယ္ ဆုိတာထက္ ရတဲ့အက်ိဳးက ပုိမ်ားတယ္လုိ႕ပဲ ဆုိရမွာပါ။

၂။ ဘယ္ႏွၾကိမ္ကို မ်ားတယ္လို႕ ေခၚတာလဲ

က်န္းမာေရးအတြက္ ေကာင္းတယ္ဆုိတုိင္း အေျပးေလ့က်င့္သလို အျမဲလုပ္ေနသင့္လားဆုိေတာ့ ဒီလိုေတာ့လည္း မဟုတ္ေသးဘူး။ ဒါျဖင့္ ဘယ္ႏွၾကိမ္ေလာက္ထိ လုပ္သင့္လဲ ဆိုေတာ့လည္း တိတိက်က် ေျပာလို႕မရျပန္ဘူး။ တခ်ိဳ႕ တစ္ပတ္တစ္ခါ၊ တခ်ိဳဳ႕ တစ္ပတ္ ႏွစ္ခါ သံုးခါ၊ တခ်ိဳ႕ဆို တစ္ေန႕တစ္ခါေလာက္အထိ စသျဖင့္ တစ္ေယာက္နဲ႕တစ္ေယာက္ရဲ႕ ခႏၶာကုိယ္ အေနအထား၊ လိင္စိတ္ဆႏၵ ျပင္းျပမႈ၊ အေျခအေနေပးမႈ စတာေတြေပၚ မူတည္ျပီး ကြာျခားႏုိင္တယ္။ ဒါေပမယ့္ ဒီလို လိင္စိတ္ေျဖတာကိုပဲ စိတ္က စြဲလမ္းေနမယ္၊ ေန႕ေန႕ညည ဒါကိုပဲ စိတ္ေရာက္ေနမယ္၊ ပညာေရးမွာ ထိခုိက္လာျပီ၊ အာရံုစူးစုိက္မႈ နည္းလာျပီ၊ လူရွိေနတာေတာင္ ၾကိတ္ျပီး လုပ္ေနတဲ့အဆင့္မ်ိဳးထိ ျဖစ္လာျပီဆုိရင္ေတာ့ မေကာင္းဘူးလို႕ ဆုိရမွာ ျဖစ္ပါတယ္။ ဒါဆုိ ဆရာ၀န္တစ္ေယာက္ေယာက္နဲ႕ ေဆြးေႏြးၾကည္႕တာမ်ိဳး လုုပ္သင့္သလို၊ သူငယ္ခ်င္းေတြနဲ႕ အျပင္ထြက္တာ၊ အိမ္တြင္းပုန္းမေနဘဲ အေပါင္းအသင္းနဲ႕ ေနတာ၊ မိသားစုနဲ႕ အခ်ိန္ကုန္ဆံုးတာ စတဲ့ အာရံုေျပာင္းမႈေတြလည္း လုပ္ႏုိင္ပါတယ္။

၃။ သတိထားသင့္တဲ့ အခ်က္မ်ား

က) ျမန္ျမန္မလုပ္နဲ႕။

အစ္ကို ဟုိးတစ္ေလာက သုက္လႊတ္ျမန္ျခင္း အေၾကာင္း ေဆာင္းပါးေရးခဲ့တယ္။ မထင္မွတ္ထားေလာက္ေအာင္ အဲဒီေဆာင္းပါးက လူဖတ္မ်ားသြားခဲ့တာကို သတိထားမိတယ္။ ဆုိလိုတာက ဒီျပႆနာဟာ အရြယ္ေရာက္ျပီး ေယာက်ာ္းေတြမွာ ရွိသင့္သေလာက္ ရွိေနတယ္ဆုိတာပဲ။ အဲဒီလို သုက္လႊတ္ျမန္ရျခင္း အေၾကာင္းရင္းေတြထဲမွာ ဆယ္ေက်ာ္သက္ဘ၀က လိင္စိတ္ေျဖေတာ့ လူမိမွာစိုးလို႕ ခပ္ျမန္ျမန္ တြန္းျပီး လုပ္တာ၊ ျပီးသြားဖုိ႕အဓိက သေဘာနဲ႕ လုပ္တာေတြကလည္း အေၾကာင္းတစ္ခုအေနနဲ႕ ပါ၀င္ပါတယ္။ ဒါက ခ်ဳပ္ခ်ယ္တတ္တဲ့ မိဘေတြရဲ႕ သားေတြဆုိ ပိုျဖစ္ႏုိင္တယ္။ ဒါေၾကာင့္မို႕ ဒီလုိမ်ိဳး အေမမိမွာ အေဖမိမွာစိုးလို႕ ခပ္သြက္သြက္ လိင္စိတ္ေျဖတဲ့ အေလ့အထဟာ မေကာင္းတဲ့အက်င့္တစ္ခု ျဖစ္တယ္၊ ေနာင္ အသက္အရြယ္ ရလာတဲ့အခါမွာ လိင္မႈွဆုိင္ရာ ျပႆနာေတြ ေပးႏုိင္တယ္ ဆုိတာကို သိေစခ်င္ပါတယ္။

ခ) သန္႕ရွင္းေရး ဂရုစို္က္ပါ။

– မလုပ္ခင္မွာ လက္ကုိ ေသခ်ာေဆးပါ။ ဘာလို႕ဆုိေတာ့ ဒီလိုလုပ္ရင္ လိင္တံမွာ မ်က္စိနဲ႕ မျမင္ႏုိင္တဲ့ ပြန္းပဲ့မႈေလးေတြ ျဖစ္သြားႏုိင္တာမုိ႕ လက္ေဆးထားတာ အေကာင္းဆံုးပါ။

– လိင္တံအေရျပား မျဖတ္ထားသူေတြက မ်ားေသာအားျဖင့္ လိင္တံကုိပဲ ကုိင္ျပီး စိတ္ေျဖၾကတယ္။ လိင္တံထိပ္က Glans penis လို႕ေခၚတဲ့ အေရျပားႏုႏုကို လက္နဲ႕ထိတာ နည္းပါတယ္။ ဒါေၾကာင့္မုိ႕ ေခ်ာဆီတခုခုသံုးဖို႕ လိုခ်င္မွလိုမယ္။ အဲဒီလိင္တံထိပ္ႏုႏုကို ထိခ်င္တယ္ဆုိရင္ေတာ့ ေခ်ာဆီသံုးပါ။ ျဖတ္ထားရင္ေတာ့ တုိက္ရုိက္ထိႏုိင္တာမို႕ ေခ်ာဆီတခုခု သံုးတာ ပိုေကာင္းပါတယ္။

– တကယ္လုိ႕  ျပီးဆံုးသြားရင္ သန္႕ရွင္းေရး ေသခ်ာလုပ္ပါ။ အထူးသျဖင့္ လိင္တံအေရျပား ျဖတ္မထားရင္ ပုိလုပ္သင့္ပါတယ္။ မဟုတ္ရင္ အဲဒီအေရျပားေအာက္မွာ အညစ္အေၾကးေတြ စုေနျပီး ၾကာလာတဲ့အခါ အနံ႕အသက္ မေကာင္းတာမ်ိဳး ျဖစ္ႏုိင္တယ္။ ဒီအေရျပားကို ျဖတ္သင့္ မျဖတ္သင့္ ပညာရွင္ေတြၾကားထဲေတာင္ ျငင္းခုန္ေနၾကဆဲမုိ႕ မျဖတ္လည္း ရပါတယ္။ ဒါေပမယ့္ သန္႕ရွင္းေရးေတာ့ ဂရုစုိက္ဖုိ႕ လိုပါမယ္။

ဂ) Sex toy ေတြမ်ား သံုးမယ္ဆို ေ၀မွ်မသံုးပါနဲ႕

ဒါကေတာ့ ခုေခတ္အတြက္ေပါ့ေလ။ ဆီလီကြန္အရုပ္ေတြ ရွိလာတဲ့အခါ ဒါေတြကိုမ်ား သံုးမယ္ဆုိ ဘယ္ေတာ့မွ ေ၀မွ်မသံုးပါနဲ႕။ ျပီးေတာ့ သံုးျပီးတုိင္းမွာလည္း အဲဒါကို သန္႕ရွင္းေရး ေသခ်ာလုပ္ပါ။

၄။ တစ္ေယာက္ကို တစ္ေယာက္ အာသာေျဖေပးတာ

တကယ္ေတာ့ လိင္စိတ္ေျဖတယ္ဆုိတာ စိတ္အခ်ရဆံုးနည္းတစ္ခု ျဖစ္ပါတယ္။ ကုိယ္၀န္လည္း မရဘူး။ ေရာဂါလည္း မကူးစက္ဘူး။ ဒီနည္းက တစ္ေယာက္တည္း လုပ္လုိ႕ရသလို၊ ေညးတို႕ ကုိယ့္ေကာင္မေလးနဲ႕လည္း တစ္ေယာက္ကုိ တစ္ေယာက္ အျပန္အလွန္လုပ္ေပးလို႕ ရတယ္။ (အဲဒီလိုမဟုတ္ဘဲ တစ္ေယာက္ကုိတစ္ေယာက္ ၾကည္႕ျပီး ကုိယ့္ဘာသာကိုယ္ လုပ္တာမ်ိဳးလည္း ရွိေသးတယ္) ဒီနည္းက မေတာ္တဆ အျပင္ေတြသြားရင္း အေၾကာင္းက ဖန္လာျပီး တအားကို ခ်စ္စိတ္ေတြ မႊန္ထူလာတဲ့အခါ အသံုး၀င္တယ္။ ထုိးသြင္းဆက္ဆံမႈ မရွိလုိ႕ ကုိယ္၀န္ရမွာလည္း စိုးရိမ္စရာ မလိုဘူး။ ေညးတို႕ေကာင္မေလးေတြလည္း အေရးေပၚေဆး ေသာက္စရာ မလိုေတာ့ဘူးေပါ့။ ေညးတုိ႕ကိုယ္တုိင္လည္း တခုခုမ်ား ျဖစ္သြားမလား စိုးရိမ္မေနရေတာ့ဘူး၊ ဘယ္ေလာက္ေကာင္းလဲ။

အဲဒီလိုလုုပ္တဲ့အခါ တစ္ခုေလး သတိထားေစလိုတာကေတာ့ ကုိယ္၀န္ရဖုိ႕ဟာ ထုိးသြင္းဆက္ဆံမွ မဟုတ္ဘဲ၊ ေညးတို႕ရဲ႕ သုက္ရည္က ေကာင္မေလးရဲ႕ မိန္းမကုိယ္ထဲ ၀င္သြားရင္ကုိ ရႏုိင္တယ္ ဆုိတာပဲ။ တခ်ိဳ႕ေညးေတြက ကုိယ့္ဟာကုိယ္ လက္နဲ႕စိတ္ေျဖတယ္၊ သုက္ရည္က လက္မွာေပကုန္တယ္၊ ျပီးေတာ့ အဲဒီလက္နဲ႕ပဲ မိန္းကေလးကို စိတ္ေျဖေပးတာမ်ိဳးေတြ လုပ္တယ္။ အဲဒါကေတာ့ နည္းနည္းေလး စိတ္ပူစရာရွိတယ္။ ဒါေၾကာင့္မို႕ သုက္ရည္၀င္ရင္ကုိ (ဘယ္နည္းနဲ႕၀င္၀င္) ကုိယ္၀န္ရႏုိင္ေခ်ရွိတယ္ ဆုိတာေလးကို သိေစခ်င္ပါတယ္။

ခုေျပာခဲ့တာေတြကေတာ့ လူပ်ိဳေဖာ္၀င္လာျပီဆုိရင္ မလြဲမေသြ ၾကံဳလာရတ့ဲ အေျပာင္းအလဲတစ္ခုအေၾကာင္း ျဖစ္ပါတယ္။ ဒါေတြကို ဘယ္မိဘ၊ ဘယ္အုပ္ထိန္းသူကမွ မေျပာျဖစ္ၾကပါဘူး။ တခ်ိဳ႕လည္း သိသာသိေစ မျမင္ေစနဲ႕ သေဘာ ထားထားၾကတယ္။ တခ်ိဳ႕ကေတာ့လည္း ဒါကုိ ပညာေရးထိခိုက္မွာစိုးလို႕ ပိတ္ပင္ၾကတယ္။ ဘယ္လုိပဲျဖစ္ျဖစ္ ေညးတို႕သိထားရမွာကေတာ့ ဒီလိုလုပ္တာဟာ ပံုမွန္ပဲ ဆုိတာရယ္၊ ကုိယ့္ရဲ႕ ပညာေရး၊ အလုပ္အကုိင္နဲ႕ လူမႈဘ၀ေတြမွာ ထိခုိက္မႈမရွိဖို႕ေတာ့ လိုမယ္ဆုိတာရယ္၊ တရားလြန္ စြဲလမ္းေနတယ္ဆုိရင္လည္း တစ္ဦးတစ္ေယာက္ရဲ႕ အကူအညီယူဖို႕ ရွက္ေၾကာက္မေနဖို႕ရယ္နဲ႕ ေနာက္ဆက္တြဲဆိုးက်ိဳး မ်ားတဲ့ ထုိးသြင္းဆက္ဆံျခင္းအစား ဒီနည္းကုိသာ သံုးႏုိင္မယ္ဆုိရင္ မလိုလားအပ္တဲ့ ျပႆနာေတြလည္း ေညးတုိ႕ေရာ ေညးတို႕ေကာင္မေလးေတြပါ မၾကံဳရႏုိင္ေတာ့ဘူး ဆုိတာေလးကို သိေစခ်င္ပါတယ္။

ေဒါက္တာ ျဖိဳးသီဟ

၂၂.၁၂.၂၀၁၇

(Unicode)

“လိင်စိတ်ဖြေခြင်းအကြောင်း”

ပထမဆုံး ပြောလိုတာက ဒါဟာ ရှက်စရာ မလိုဘူး ဆိုတာပါပဲ။ ၂၀၀၇ ခုနှစ်က ယူကေမှာ လုပ်ထားတဲ့ စစ်တမ်းတစ်ခုအရ အမျိုးသားတွေရဲ့ ၉၅ ရာခိုင်နှုန်းနဲ့ အမျိုးသမီးတွေရဲ့ ရ၁ ရာခိုင်နှုန်းဟာ သူတို့ဘဝမှာ တစ်ခါတော့ လိင်စိတ်ဖြေဖူးတယ်ဆိုတာကို တွေ့ရတယ်။ နောက်ပြီး လိင်ဆက်ဆံဖက် ရှိနေသူ အိမ်ထောင်သည်တွေတောင်မှ ဒီလိုလုပ်တာမျိုး ရှိတယ်။ ဒါကြောင့်မို့ ဒီကိစ္စဟာ အရွယ်ရောက်လာသူ တစ်ယောက်အတွက် ပုံမှန်ပဲ ဆိုတာလေး ညေးတို့ကို အရင်ဆုံး သိစေချင်ပါတယ်။ ဘာလို့ဒါကို စပြောရတာလဲဆိုတော့ ဆယ်ကျော်သက်ဘဝမှာ ဒီလိုလုပ်ပြီးသွားတိုင်း အပြစ်တစ်ခု ကျူးလွန်သလို၊ ယုတ်ညံ့တဲ့ လုပ်ရပ်တစ်ခုကို လုပ်မိလိုက်သလို ခံစားရတတ်တာကြောင့်ပါ။

လူပျိုဖော်ဝင်လာပြီဆိုရင် လိင်နဲ့ပတ်သက်တဲ့ စိတ်ဆန္ဒတွေ ဖြစ်လာမယ်။ အပြာကားတွေ ကြည့်ချင်လာမယ်၊ ကြည့်တတ်လာမယ်။ တစ်ဖက်မှာလည်း အိမ်က မလွတ်လပ်တာ ရှိမယ်၊ ဒါမှမဟုတ် အဖေ အမေက တအားကို တင်းကြပ်လာတာတွေ ရှိနိုင်တယ်။ ဒါဟာ သဘာဝပဲဆိုပေမယ့် ညေးတို့ကို ကလေးလိုပဲ မြင်နေသေးတဲ့ မိဘတွေကတော့ ဒါကို လက်ခံဖို့ရာ ခက်ခဲတယ်။ မိဘတွေနဲ့ ဆွေးနွေးပွဲလေးတစ်ခု လုပ်တော့ အမေတစ်ယောက်က ဘာပြောလဲဆိုရင် “ကျွန်မ သားရဲ့ဖုန်းထဲမှာ အဲဒီကားတွေ တွေ့တော့ ကျွန်မလေ တအားကို ငိုချင်သွားတယ်၊ သြော် င့ါသားဟာ ဒီအရွယ်တောင် ရောက်နေပြီလား ဆိုပြီးတော့လေ” တဲ့။ ဒါဟာ မိဘတိုင်းမှာ ဖြစ်တတ်ကြတဲ့ စိတ်ခံစားချက်လေးတွေပေါ့။ ဒီအခါ မိဘတွေက အသိပညာပေး ပွင့်ပွင့်လင်းလင်း ဆွေးနွေးရမယ့်အစား ညေးတို့ကို ကြောက်အောင် ပြောတာတွေ ရှိလာမယ်။ ဟဲ့ အဲ့လိုတွေ လုပ်တာ ကျန်းမာရေးထိခိုက်မယ် ဘာညာပေါ့။ ဒီအခါ ညေးတို့မှာ ဒါနဲ့ပတ်သက်တဲ့ ဗဟုသုတတွေ မရှိတော့ဘူး။ အပေါင်းအသင်းက ပြောတာလောက်ပဲ သိမယ်။ ဒါကြောင့် လိင်စိတ်ဖြေခြင်းနဲ့ ပတ်သက်ပြီး ညေးတို့ သိထားသင့်တာလေးတွေကို ဒီဆောင်းပါးလေးကတစ်ဆင့် ပြောပြလိုတယ်။

၁။ ကျန်းမာရေး ထိခိုက်နိုင်သလား

လိင်စိတ်ဖြေလို့ရှိရင် ကြီးလာတဲ့အခါ ကလေးမရနိုင်တော့ဘူး၊ မြုံသွားမယ်၊ လိင်အင်္ဂါ သေးသွားမယ် စသဖြင့် ထင်နေကြတာ ရှိပါတယ်။ တကယ်တော့ သိပ္ပံနည်းကျ တွေ့ရှိချက်တွေအရ လိင်စိတ်ဖြေခြင်းကြောင့် ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးရနိုင်တယ်။ စိတ်ဖိစီးမှုကို လျော့စေတယ်။ ကောင်းကောင်းအိပ်ပျော်စေတယ် (ဒါကြောင့် ညဘက်လုပ်ပြီး အိပ်လိုက်ရင် မနက်ကျ အိပ်ရာထနောက်ကျတယ်လေ ဟုတ်တယ်ဟုတ်)။ ကိုယ့်ကိုယ်ကိုယ် ကျေနပ်မှုကို ရစေတယ်။ ကြွက်သားတွေ တင်းနေတာကို ဖြေလျော့စေတယ်။ အဓိကကတော့ လိင်မှုဆန္ဒ ပြည့်ဝပြီး ပျော်ရွှင်တဲ့ အနေအထားကို ပိုင်ဆိုင်ရတယ်။ ဒီလို ကျန်းမာရေးအကျိုးကျေးဇူးတွေ ရှိနိုင်တယ်။ နောက်ပြီး ယောကျာ်းတွေမှာ တွေ့ရတတ်တဲ့ ဆီးကြိတ်ကင်ဆာဆိုလည်း သုက်ရည်ထွက်ခြင်း (Ejaculation) နဲ့ ဆက်စပ်နေတယ်လို့ဆိုတယ်။ ဘာကြောင့်ဆိုတာ တိတိကျကျ မပြောနိုင်သေးပေမယ့်လို့ သုက်ရည်ထွက်တဲ့အကြိမ် များတဲ့သူတွေမှာ ဆီးကြိတ်ကင်ဆာ ဖြစ်နှုန်းက နည်းသွားတယ်လို့ သိရပါတယ်။ ဒါကြောင့် ကျန်းမာရေးထိခိုက်တယ် ဆိုတာထက် ရတဲ့အကျိုးက ပိုများတယ်လို့ပဲ ဆိုရမှာပါ။

၂။ ဘယ်နှကြိမ်ကို များတယ်လို့ ခေါ်တာလဲ

ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတိုင်း အပြေးလေ့ကျင့်သလို အမြဲလုပ်နေသင့်လားဆိုတော့ ဒီလိုတော့လည်း မဟုတ်သေးဘူး။ ဒါဖြင့် ဘယ်နှကြိမ်လောက်ထိ လုပ်သင့်လဲ ဆိုတော့လည်း တိတိကျကျ ပြောလို့မရပြန်ဘူး။ တချို့ တစ်ပတ်တစ်ခါ၊ တချိုု့ တစ်ပတ် နှစ်ခါ သုံးခါ၊ တချို့ဆို တစ်နေ့တစ်ခါလောက်အထိ စသဖြင့် တစ်ယောက်နဲ့တစ်ယောက်ရဲ့ ခန္ဓာကိုယ် အနေအထား၊ လိင်စိတ်ဆန္ဒ ပြင်းပြမှု၊ အခြေအနေပေးမှု စတာတွေပေါ် မူတည်ပြီး ကွာခြားနိုင်တယ်။ ဒါပေမယ့် ဒီလို လိင်စိတ်ဖြေတာကိုပဲ စိတ်က စွဲလမ်းနေမယ်၊ နေ့နေ့ညည ဒါကိုပဲ စိတ်ရောက်နေမယ်၊ ပညာရေးမှာ ထိခိုက်လာပြီ၊ အာရုံစူးစိုက်မှု နည်းလာပြီ၊ လူရှိနေတာတောင် ကြိတ်ပြီး လုပ်နေတဲ့အဆင့်မျိုးထိ ဖြစ်လာပြီဆိုရင်တော့ မကောင်းဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါဆို ဆရာဝန်တစ်ယောက်ယောက်နဲ့ ဆွေးနွေးကြည့်တာမျိုး လုုပ်သင့်သလို၊ သူငယ်ချင်းတွေနဲ့ အပြင်ထွက်တာ၊ အိမ်တွင်းပုန်းမနေဘဲ အပေါင်းအသင်းနဲ့ နေတာ၊ မိသားစုနဲ့ အချိန်ကုန်ဆုံးတာ စတဲ့ အာရုံပြောင်းမှုတွေလည်း လုပ်နိုင်ပါတယ်။

၃။ သတိထားသင့်တဲ့ အချက်များ

က) မြန်မြန်မလုပ်နဲ့။

အစ်ကို ဟိုးတစ်လောက သုက်လွှတ်မြန်ခြင်း အကြောင်း ဆောင်းပါးရေးခဲ့တယ်။ မထင်မှတ်ထားလောက်အောင် အဲဒီဆောင်းပါးက လူဖတ်များသွားခဲ့တာကို သတိထားမိတယ်။ ဆိုလိုတာက ဒီပြဿနာဟာ အရွယ်ရောက်ပြီး ယောကျာ်းတွေမှာ ရှိသင့်သလောက် ရှိနေတယ်ဆိုတာပဲ။ အဲဒီလို သုက်လွှတ်မြန်ရခြင်း အကြောင်းရင်းတွေထဲမှာ ဆယ်ကျော်သက်ဘဝက လိင်စိတ်ဖြေတော့ လူမိမှာစိုးလို့ ခပ်မြန်မြန် တွန်းပြီး လုပ်တာ၊ ပြီးသွားဖို့အဓိက သဘောနဲ့ လုပ်တာတွေကလည်း အကြောင်းတစ်ခုအနေနဲ့ ပါ၀င်ပါတယ်။ ဒါက ချုပ်ချယ်တတ်တဲ့ မိဘတွေရဲ့ သားတွေဆို ပိုဖြစ်နိုင်တယ်။ ဒါကြောင့်မို့ ဒီလိုမျိုး အမေမိမှာ အဖေမိမှာစိုးလို့ ခပ်သွက်သွက် လိင်စိတ်ဖြေတဲ့ အလေ့အထဟာ မကောင်းတဲ့အကျင့်တစ်ခု ဖြစ်တယ်၊ နောင် အသက်အရွယ် ရလာတဲ့အခါမှာ လိင်မှုှဆိုင်ရာ ပြဿနာတွေ ပေးနိုင်တယ် ဆိုတာကို သိစေချင်ပါတယ်။

ခ) သန့်ရှင်းရေး ဂရုစို်က်ပါ။

– မလုပ်ခင်မှာ လက်ကို သေချာဆေးပါ။ ဘာလို့ဆိုတော့ ဒီလိုလုပ်ရင် လိင်တံမှာ မျက်စိနဲ့ မမြင်နိုင်တဲ့ ပွန်းပဲ့မှုလေးတွေ ဖြစ်သွားနိုင်တာမို့ လက်ဆေးထားတာ အကောင်းဆုံးပါ။

– လိင်တံအရေပြား မဖြတ်ထားသူတွေက များသောအားဖြင့် လိင်တံကိုပဲ ကိုင်ပြီး စိတ်ဖြေကြတယ်။ လိင်တံထိပ်က Glans penis လို့ခေါ်တဲ့ အရေပြားနုနုကို လက်နဲ့ထိတာ နည်းပါတယ်။ ဒါကြောင့်မို့ ချောဆီတခုခုသုံးဖို့ လိုချင်မှလိုမယ်။ အဲဒီလိင်တံထိပ်နုနုကို ထိချင်တယ်ဆိုရင်တော့ ချောဆီသုံးပါ။ ဖြတ်ထားရင်တော့ တိုက်ရိုက်ထိနိုင်တာမို့ ချောဆီတခုခု သုံးတာ ပိုကောင်းပါတယ်။

– တကယ်လို့ ပြီးဆုံးသွားရင် သန့်ရှင်းရေး သေချာလုပ်ပါ။ အထူးသဖြင့် လိင်တံအရေပြား ဖြတ်မထားရင် ပိုလုပ်သင့်ပါတယ်။ မဟုတ်ရင် အဲဒီအရေပြားအောက်မှာ အညစ်အကြေးတွေ စုနေပြီး ကြာလာတဲ့အခါ အနံ့အသက် မကောင်းတာမျိုး ဖြစ်နိုင်တယ်။ ဒီအရေပြားကို ဖြတ်သင့် မဖြတ်သင့် ပညာရှင်တွေကြားထဲတောင် ငြင်းခုန်နေကြဆဲမို့ မဖြတ်လည်း ရပါတယ်။ ဒါပေမယ့် သန့်ရှင်းရေးတော့ ဂရုစိုက်ဖို့ လိုပါမယ်။

ဂ) Sex toy တွေများ သုံးမယ်ဆို ဝေမျှမသုံးပါနဲ့

ဒါကတော့ ခုခေတ်အတွက်ပေါ့လေ။ ဆီလီကွန်အရုပ်တွေ ရှိလာတဲ့အခါ ဒါတွေကိုများ သုံးမယ်ဆို ဘယ်တော့မှ ဝေမျှမသုံးပါနဲ့။ ပြီးတော့ သုံးပြီးတိုင်းမှာလည်း အဲဒါကို သန့်ရှင်းရေး သေချာလုပ်ပါ။

၄။ တစ်ယောက်ကို တစ်ယောက် အာသာဖြေပေးတာ

တကယ်တော့ လိင်စိတ်ဖြေတယ်ဆိုတာ စိတ်အချရဆုံးနည်းတစ်ခု ဖြစ်ပါတယ်။ ကိုယ်ဝန်လည်း မရဘူး။ ရောဂါလည်း မကူးစက်ဘူး။ ဒီနည်းက တစ်ယောက်တည်း လုပ်လို့ရသလို၊ ညေးတို့ ကိုယ့်ကောင်မလေးနဲ့လည်း တစ်ယောက်ကို တစ်ယောက် အပြန်အလှန်လုပ်ပေးလို့ ရတယ်။ (အဲဒီလိုမဟုတ်ဘဲ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ကိုယ့်ဘာသာကိုယ် လုပ်တာမျိုးလည်း ရှိသေးတယ်) ဒီနည်းက မတော်တဆ အပြင်တွေသွားရင်း အကြောင်းက ဖန်လာပြီး တအားကို ချစ်စိတ်တွေ မွှန်ထူလာတဲ့အခါ အသုံးဝင်တယ်။ ထိုးသွင်းဆက်ဆံမှု မရှိလို့ ကိုယ်ဝန်ရမှာလည်း စိုးရိမ်စရာ မလိုဘူး။ ညေးတို့ကောင်မလေးတွေလည်း အရေးပေါ်ဆေး သောက်စရာ မလိုတော့ဘူးပေါ့။ ညေးတို့ကိုယ်တိုင်လည်း တခုခုများ ဖြစ်သွားမလား စိုးရိမ်မနေရတော့ဘူး၊ ဘယ်လောက်ကောင်းလဲ။

အဲဒီလိုလုုပ်တဲ့အခါ တစ်ခုလေး သတိထားစေလိုတာကတော့ ကိုယ်ဝန်ရဖို့ဟာ ထိုးသွင်းဆက်ဆံမှ မဟုတ်ဘဲ၊ ညေးတို့ရဲ့ သုက်ရည်က ကောင်မလေးရဲ့ မိန်းမကိုယ်ထဲ ၀င်သွားရင်ကို ရနိုင်တယ် ဆိုတာပဲ။ တချို့ညေးတွေက ကိုယ့်ဟာကိုယ် လက်နဲ့စိတ်ဖြေတယ်၊ သုက်ရည်က လက်မှာပေကုန်တယ်၊ ပြီးတော့ အဲဒီလက်နဲ့ပဲ မိန်းကလေးကို စိတ်ဖြေပေးတာမျိုးတွေ လုပ်တယ်။ အဲဒါကတော့ နည်းနည်းလေး စိတ်ပူစရာရှိတယ်။ ဒါကြောင့်မို့ သုက်ရည်ဝင်ရင်ကို (ဘယ်နည်းနဲ့ဝင်ဝင်) ကိုယ်ဝန်ရနိုင်ချေရှိတယ် ဆိုတာလေးကို သိစေချင်ပါတယ်။

ခုပြောခဲ့တာတွေကတော့ လူပျိုဖော်ဝင်လာပြီဆိုရင် မလွဲမသွေ ကြံုလာရတဲ့ အပြောင်းအလဲတစ်ခုအကြောင်း ဖြစ်ပါတယ်။ ဒါတွေကို ဘယ်မိဘ၊ ဘယ်အုပ်ထိန်းသူကမှ မပြောဖြစ်ကြပါဘူး။ တချို့လည်း သိသာသိစေ မမြင်စေနဲ့ သဘော ထားထားကြတယ်။ တချို့ကတော့လည်း ဒါကို ပညာရေးထိခိုက်မှာစိုးလို့ ပိတ်ပင်ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ညေးတို့သိထားရမှာကတော့ ဒီလိုလုပ်တာဟာ ပုံမှန်ပဲ ဆိုတာရယ်၊ ကိုယ့်ရဲ့ ပညာရေး၊ အလုပ်အကိုင်နဲ့ လူမှုဘဝတွေမှာ ထိခိုက်မှုမရှိဖို့တော့ လိုမယ်ဆိုတာရယ်၊ တရားလွန် စွဲလမ်းနေတယ်ဆိုရင်လည်း တစ်ဦးတစ်ယောက်ရဲ့ အကူအညီယူဖို့ ရှက်ကြောက်မနေဖို့ရယ်နဲ့ နောက်ဆက်တွဲဆိုးကျိုး များတဲ့ ထိုးသွင်းဆက်ဆံခြင်းအစား ဒီနည်းကိုသာ သုံးနိုင်မယ်ဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေလည်း ညေးတို့ရော ညေးတို့ကောင်မလေးတွေပါ မကြံုရနိုင်တော့ဘူး ဆိုတာလေးကို သိစေချင်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ

၂၂.၁၂.၂၀၁၇

909 Shares
Share909
Tweet
+1
Share