ေညးတို႕ဖတ္ဖို႕ – ၈

(Zawgyi)

ေခတ္ေတြေျပာင္းလဲလာတဲ့အခါမွာ ေညးတုိ႕လူငယ္ေတြၾကားထဲက လိင္ဆက္ဆံမႈနဲ႕ ပတ္သက္တဲ့ အျမင္ေတြလည္း ေျပာင္းလဲလာတယ္ေနာ္။ အိမ္ေထာင္မျပဳခင္အထိ ေစာင့္ထိန္းမယ္ဆုိသူေတြလည္း ရွိသလို၊ ဒါကုိ သာမန္ကိစၥတစ္ခုလိုပဲ သေဘာထားလာတာေတြလည္း ရွိေနျပီ။ မိန္းကေလးေတြကုိယ္တုိင္က တန္ဖုိးထားမႈေတြ ေျပာင္းကုန္တာ။ ေကာင္ေလးက လက္ထပ္မယ္ထင္လို႕ ပံုအပ္ေနတာ မဟုတ္ဘူး။ ဒါက သူတို႕အတြက္ သာမန္ပဲ။ ဒီလိုေနျပီးမွ မယူျဖစ္လုိ႕လည္း ကာမလိမ္လည္ ရယူတယ္ ဆုိတာမ်ိဳးမဟုတ္ဘူး။ ဒါက ခ်စ္သူဘ၀ရဲ႕ အစိတ္အပိုင္းတစ္ခုလိုကို ခံယူလာၾကတာ ျဖစ္ပါတယ္။

ဒီအေပၚမွာ အမ်ိဳးမ်ိဳးေသာ အျမင္ေတြရွိႏုိင္သလို၊ ဘယ္ဟာ မွန္တယ္၊ မွားတယ္လည္း ယတိျပတ္ ေျပာမရဘူး။ ဒါေပမယ့္ ေသခ်ာတာက ေညးတုိ႕လူငယ္ေတြၾကားထဲက တန္ဖုိးထားမႈေတြ ေျပာင္းကုန္ျပီ။ ဒါကုိ အစ္ကိုတို႕ေတြက အသိအမွတ္မျပဳဘဲ အတင္းအၾကပ္ ပိတ္ပင္မယ္၊ ဘာအသိပညာမွ မေပးဘူးဆုိရင္ေတာ့ ေနာက္ဆက္တြဲျပႆနာ ပုိၾကီးတယ္။ အေကာင္းဆံုးကေတာ့ လူပ်ိဳ အပ်ိဳဘ၀ကုိ ထိန္းသိမ္းျခင္းေပါ့ ေညးတို႕ရယ္။ ယဥ္ေက်းမႈေတြဘာေတြ ေမ့ထားရင္ေတာင္ ဒီလိုထိန္းသိမ္းျခင္းေၾကာင့္ ကုိယ္၀န္ရတာ၊ ေရာဂါကူးတာ၊ လူမႈေရးျပႆနာျဖစ္တာေတြ မၾကံဳရေတာ့ဘူးေပါ့။ ဘာလို႕ဆုိေတာ့ ကမာၻေပၚမွာ ရာႏႈန္းျပည္႕စိတ္ခ်ရတဲ့ ကိုယ္၀န္တားနည္းက တစ္ခုတည္းရွိတယ္။ အဲဒါက လိင္ဆက္ဆံမႈ မျပဳျခင္းပဲ။ ဒါေပမယ့္ လူငယ္တုိင္းဆီကေတာ့ ဒါကို ေမွ်ာ္လင့္လို႕ ဘယ္ရမလဲ။ လူငယ္သဘာ၀ ဆုိတာက ရွိေသးတာကိုး။ ေနာက္ျပီး မေတာ္တဆ ဆုိတာေတြ ရွိလာႏုိင္တယ္၊ မရည္ရြယ္ဘဲ ျဖစ္သြားတယ္ဆုိတာေတြ ရွိလာတတ္တယ္။ ဒီအခါမွာ ေညးတုိ႕အေနနဲ႕ ဘာလုပ္ရမလဲဆုိတဲ့ အသိပညာ ရွိထားမွ အဆင္ေျပမွာကုိး။ ဒါေၾကာင့္မို႕လည္း အစ္ကုိ ဒီလိုေဆာင္းပါးေတြ ေရးျဖစ္ေနတာ။

ဒီတစ္ပတ္မွာေတာ့ အတူေနျခင္းရဲ႕ ေနာက္ဆက္တြဲျပႆနာတစ္ခုျဖစ္တဲ့ မလိုခ်င္ဘဲ ကုိယ္၀န္ရတာနဲ႕ ပတ္သက္ျပီး ေညးတုိ႕သိထားသင့္တဲ့ အေၾကာင္းအရာ ၃ ခုကို ေျပာလုိပါတယ္။

၁။ သုက္ရည္က ျပီးမွထြက္တာ မဟုတ္ပါ

ကုိယ္၀န္မရေအာင္ တားနည္းေတြသံုးတဲ့အခါ မိန္းကေလးခ်ည္းပဲ သံုးလို႕ရတာ မဟုတ္ဘဲ သုက္ရည္အျပင္ထုတ္တာနဲ႕ ကြန္ဒံုးသံုးတာလို ေယာက်ာ္းေလးေတြ သံုးလို႕ရတာေတြလည္း ရွိပါတယ္။ ဒါေပမယ့္ အဲဒီနည္းေတြက မိန္းကေလးေတြသံုးရတဲ့ ေသာက္ေဆးတို႕၊ ထုိးေဆးတို႕နဲ႕စာရင္ ထိေရာက္မႈ ေတာ္ေတာ္နည္းပါတယ္။ သုက္ရည္အျပင္ထုတ္တဲ့နည္းဆုိရင္ ထိေရာက္မႈအနည္းဆံုးလုိ႕ေတာင္ ေျပာလုိ႕ရတယ္။ ဘာလုိ႕ဆုိေတာ့ ေညးတို႕ရဲ႕ အခ်ိန္အဆနဲ႕ အေလ့အက်င့္ လိုတာကုိး။ အခ်ိန္မီ ဆြဲမထုတ္ႏုိင္ရင္ ျပႆနာရွိတယ္။ ဒါေၾကာင့္မို႕ ကုိယ္၀န္ရႏႈန္းက လူ ၁၀၀ မွာ ၂၇ ေယာက္ ရွိတယ္။ ေသခ်ာစနစ္တက် သံုးတယ္ဆိုရင္ေတာင္ ၁၀၀ မွာ ၄ ေယာက္ ကိုယ္၀န္ရႏုိင္တယ္။ ဘာလုိ႕ဆုိေတာ့ သုက္ရည္ဆုိတာက ျပီးမွထြက္တာ မဟုတ္ဘဲ ဆက္ဆံေနတုန္းမွာလည္း အရည္ၾကည္ေလးေတြ ထြက္ပါတယ္။ ကုိယ္၀န္ရႏုိင္ေခ် နည္းတယ္ဆုိဦးေတာ့၊ ရေတာ့ရသြားႏုိင္တယ္။ ဒါေၾကာင့္မုိ႕လည္း စိတ္မခ်ရဘူးလို႕ ေျပာတာပါ။

ေနာက္တစ္ခုက ကြန္ဒံုး။ ကြန္ဒံုးက ကိုယ္၀န္တင္မကဘူး လိင္ကတစ္ဆင့္ ကူးစက္တဲ့ ေရာဂါေတြကုိလည္း ကာကြယ္ေပးတယ္။ ဒါေပမယ့္ ေသခ်ာသံုးတတ္ဖုိ႕ေတာ့ လိုတယ္။ ေပါက္သြားတာ၊ ကၽြတ္သြားတာတုိ႕ဆုိ အဆင္မေျပဘူး။ ေနာက္ျပီး ေညးတုိ႕လုပ္တတ္တာတစ္ခုက ျပီးခါနီးမွ စြပ္တယ္။ တကယ္က ခုနကေျပာသလို ဆက္ဆံေနတုန္းမွာလည္း ထြက္တတ္တာမို႕ အတူစေနကတည္းက စြပ္ျပီးေနဖို႕ လုိပါလိမ့္မယ္။ တခ်ိဳ႕က်ေတာ့လည္း စိတ္အပူလြန္ျပီး ကြန္ဒံုးကုိ ႏွစ္ထပ္စြပ္တယ္။ ဒီအခါမွာ တစ္ထပ္နဲ႕တစ္ထပ္ ပြတ္တုိက္မႈျဖစ္ျပီး ကြန္ဒံုးက ပိုေပါက္လြယ္တယ္။ ဒါေၾကာင့္ ကြန္ဒံုးကို စနစ္တက် သံုးတတ္ဖုိ႕ အေရးၾကီးပါတယ္။

၂။ ရက္တြက္ျပီး အတူေနမယ္ဆုိ ရာသီမွန္ဖုိ႕ေတာ့ လိုမယ္

ရက္တြက္ျပီး အတူေနတယ္ဆုိတာက မိန္းကေလးရဲ႕ မ်ိဳးဥေၾကြမယ့္ရက္ကုိ တြက္ခ်က္ျပီး ဘယ္ရက္ေတြမွာ အတူေနရင္ေတာ့ ကုိယ္၀န္မရႏုိင္ဘူး ဆိုတဲ့နည္းကုိ ေခၚတာပါ။ ရက္တြက္နည္းကိုမွ ၆ မ်ိဳးေလာက္ တြက္လုိ႕ရတယ္။ အေသးစိတ္ေတာ့ ရွည္မွာစိုးလို႕ မေျပာေတာ့ဘူး။ ရာသီစက္၀န္း ရက္ေတြအေပၚ အေျခခံျပီး တြက္လုိ႕ရတာလည္း ရွိတယ္။ မိန္းကေလးရဲ႕ ခႏၶာကုိ္ယ္တံု႕ျပန္မႈ၊ ဥပမာ ကုိယ္အပူခ်ိန္၊ သားအိမ္ေခါင္းခၽြဲ စတာေတြကုိ ၾကည္႕ျပီးလည္း တြက္လုိ႕ရတယ္။ သဘာ၀နည္းေတြပဲ ျဖစ္တာမို႕ ေဘးထြက္ဆုိးက်ိဳး မရွိဘူး။ ဒါေပမယ့္ ဒီနည္းေတြကလည္း ထိေရာက္မႈနည္းပါတယ္။ အတြက္အခ်က္မွန္မွန္နဲ႕ စနစ္တက် အသံုးျပဳရင္ေတာင္ ကုိယ္၀န္ရႏုိင္ေခ်က ၁၀၀ မွာ ၂ ေယာက္ကေန ၉ ေယာက္အထိ ရွိပါတယ္။ ဒါေၾကာင့္ ရာသီစေပၚတဲ့ရက္ကေန တစ္ပတ္အတြင္း အတူေနရင္ ကုိယ္၀န္ရႏုိင္ေခ် တအားနည္းတယ္ဆုိျပီး စိတ္ခ်ထားလို႕ေတာ့ မရပါဘူး။ မိန္းကေလးက ရာသီမွန္ေနဖုိ႕ လုိတယ္။ သူ႕ခႏၶာကုိယ္ရဲ႕ တံု႕ျပန္မႈေတြကို သိေနဖုိ႕ လုိတယ္။ မဟုတ္ရင္ အတြက္အခ်က္မွားျပီး ကုိယ္၀န္ရႏုိင္တာမို႕ပါ။

၃။ အေရးေပၚေဆး ဆိုတာ အေရးေပၚအေျခအေနမွာမွ သံုးဖုိ႕ပါ

အခု ေညးတုိ႕အမ်ားစု လုပ္ေနၾကတာက အတူေနမယ္။ ျပီးရင္ အေရးေပၚေဆး တုိက္လုိက္မယ္။ ထပ္ေနျဖစ္တယ္။ ထပ္တုိက္တယ္။ ဒါက တကယ္ေတာ့ လြဲပါတယ္။

သူ႕နာမည္အတုိင္းပဲ၊ ဒီေဆးက အေရးေပၚအေျခအေနမွာမွ သံုးသင့္တာမ်ိိဳးပါ။ New Year ည Countdown လုပ္တယ္ကြာ။ ျပီးေတာ့ ေကာင္မေလးကို ျပန္လုိက္ပို႕တယ္။ လမ္းမွာ မရည္ရြယ္ဘဲ ခ်စ္နယ္ကၽြံသြားတယ္။ ဒါဆုိ ေနာက္ေန႕မနက္က် အေရးေပၚ ကုိယ္၀န္တားေဆး တုိက္လိုက္။ ဒီလိုရည္ရြယ္ခ်က္နဲ႕ ဒီေဆး ေပၚလာတာ။

ပြင့္ပြင့္လင္းလင္း ေျပာမယ္ေနာ္။ ေညးတုိ႕ ေကာင္မေလးနဲ႕ ဟုိတယ္သြားမယ္။ သြားတာကလည္း တစ္ပတ္တစ္ခါ၊ ႏွစ္ပတ္တစ္ခါေလာက္ သြားေနမယ္ဆုိရင္ေတာ့ ဒါက အေရးေပၚ မေမွ်ာ္လင့္ဘဲ ျဖစ္သြားတာမ်ိဳးမွ မဟုတ္ေတာ့တာ။ ရည္ရြယ္ထားတာၾကီး၊ ပံုမွန္ျဖစ္ေနတာၾကီးေလ။ အဲဒါမ်ိဳးမွာေတာ့ အတူေနျပီးတုိင္း အေရးေပၚေဆးတုိက္မယ္ လုပ္မေနသင့္ေတာ့ဘူးေပါ့။ ဘာလို႕ဆုိေတာ့ ဒီေဆးက အသံုးျပဳရလြယ္တယ္၊ ေဘးထြက္ဆုိးက်ိဳးနည္းတယ္၊ ခဏခဏသံုးလည္း ေရာဂါတခုခု ရသြားေစတယ္ ဆုိတာမ်ိဳး မရွိဘူးဆုိေပမယ့္ ကုိယ္၀န္ရႏုိင္ေခ်မ်ားတယ္။ သူ႕ရဲ႕ ထိေရာက္မႈက ၈၇ % ပဲရွိတယ္။ ဒါေၾကာင့္ ခဏခဏသာ သံုးေနရင္ တစ္ၾကိမ္မဟုတ္တစ္ၾကိမ္ ကုိယ္၀န္ရသြားလိမ့္မယ္။ ဒီအတြက္ ပံုမွန္သာ ေနျဖစ္ေနတယ္ဆိုရင္ေတာ့ ဒီနည္းအစား ပိုစိတ္ခ်ရတဲ့ ကုိယ္၀န္တားနည္းတစ္ခုခုကုိ သံုးဖုိ႕လိုအပ္ပါလိမ့္မယ္။

ေကာင္မေလးက ေန႕စဥ္ေသာက္ေဆးကတ္ ေသာက္ရင္ေသာက္၊ ဒါကိုမွ လူသိမွာစိုးတယ္ဆုိလည္း ေညးတုိ႕က ကြန္ဒံုးသံုးလို႕ရတယ္။ ေသခ်ာေတာ့ သံုးေပါ့။ ေနာက္ျပီး ရက္ေရွာင္လုိ႕လည္း ရတယ္။ မိန္းကေလးက ရာသီမွန္ဖို႕ေတာ့ လိုတာေပါ့။ သုက္ရည္အျပင္ထုတ္တဲ့နည္း သံုးမယ္ဆုိလည္း သံုးလို႕ေတာ့ ရေသးတာပဲ။ ေသခ်ာေတာ့ ေလ့က်င့္ေပါ့။ မေတာ္တဆ တခုခုခၽြတ္ေခ်ာ္သြားမွသာ အေရးေပၚေဆးကို တုိက္။ ဒီလိုကမွ တကယ္လုပ္သင့္တဲ့ပံုစံမ်ိဳး။

အႏွစ္ျပန္ခ်ဳပ္ရရင္ေတာ့ လက္မထပ္မခ်င္း လိင္ဆက္ဆံတာကို ေရွာင္ၾကဥ္ႏုိ္င္ရင္ အေကာင္းဆံုးေပါ့။ အဲဒီလုိမွ မေရွာင္ႏုိင္ဘူးဆုိလည္း ေနာက္ဆက္တြဲျပႆနာေတြ ေပၚမလာေအာင္ေတာ့ ကာကြယ္ၾကဖုိ႕ လိုတယ္။ အရင္ဆံုးသိထားမွာက အတူေနျပီးရင္ ကုိယ္၀န္ရတတ္တယ္။ ဒါေၾကာင့္မုိ႕ ငါတုိ႕တစ္နည္းနည္းနဲ႕ေတာ့ တားရမယ္။ တားတ့ဲအခါ အတူေနျပီးတုိင္း အေရးေပၚေဆး တုိက္ေနမယ့္အစား တျခား ပိုစိတ္ခ်ရတဲ့ နည္းတခုခုကို သံုးဖုိ႕လိုမယ္။ ကြန္ဒံုးသံုးမလား၊ ရက္တြက္ျပီး အတူေနမလား၊ ေကာင္မေလးက ေဆးကတ္စားမလား။ နည္းတစ္ခုခ်င္းစီမွာေတာ့ လိုက္နာရမွာ၊ သတိထားရမွာေတြ ရွိတယ္။ ဒါကို အတိအက် လိုက္နာဖို႕ လိုတယ္။ အဲဒီမွာ မေတာ္တဆ တခုခုအမွားအယြင္း ျဖစ္သြားျပီဆုိတဲ့အခါက်မွသာ အတူေနျပီး နာရီ ၁၂၀ အတြင္း (ေစာေစာေသာက္ေလ ေကာင္းေလပဲ) အေရးေပၚေဆးကတ္ကုိ အသံုးျပဳသင့္တာ ျဖစ္ပါတယ္။

လက္မထပ္ရေသးဘဲ ကုိယ္၀န္ရသြားရင္ ေကာင္မေလးအတြက္ေရာ ေညးတုိ႕အတြက္ပါ စိတ္ရႈပ္စရာေတြ တစ္သီတစ္တန္း လုိက္လာေတာ့မွာပါ။ ဒါေၾကာင့္မို႕ ေစာေစာစီးစီးကတည္းက ၾကိဳတင္ကာကြယ္ဖို႕ လိုပါတယ္။ လံုေလာက္တဲ့ အသိပညာေတြ ရွာထားဖုိ႕ လိုပါတယ္။

ေဒါက္တာ ျဖိဳးသီဟ

၅.၁.၂၀၁၈

(Unicode)

ခေတ်တွေပြောင်းလဲလာတဲ့အခါမှာ ညေးတို့လူငယ်တွေကြားထဲက လိင်ဆက်ဆံမှုနဲ့ ပတ်သက်တဲ့ အမြင်တွေလည်း ပြောင်းလဲလာတယ်နော်။ အိမ်ထောင်မပြုခင်အထိ စောင့်ထိန်းမယ်ဆိုသူတွေလည်း ရှိသလို၊ ဒါကို သာမန်ကိစ္စတစ်ခုလိုပဲ သဘောထားလာတာတွေလည်း ရှိနေပြီ။ မိန်းကလေးတွေကိုယ်တိုင်က တန်ဖိုးထားမှုတွေ ပြောင်းကုန်တာ။ ကောင်လေးက လက်ထပ်မယ်ထင်လို့ ပုံအပ်နေတာ မဟုတ်ဘူး။ ဒါက သူတို့အတွက် သာမန်ပဲ။ ဒီလိုနေပြီးမှ မယူဖြစ်လို့လည်း ကာမလိမ်လည် ရယူတယ် ဆိုတာမျိုးမဟုတ်ဘူး။ ဒါက ချစ်သူဘဝရဲ့ အစိတ်အပိုင်းတစ်ခုလိုကို ခံယူလာကြတာ ဖြစ်ပါတယ်။

ဒီအပေါ်မှာ အမျိုးမျိုးသော အမြင်တွေရှိနိုင်သလို၊ ဘယ်ဟာ မှန်တယ်၊ မှားတယ်လည်း ယတိပြတ် ပြောမရဘူး။ ဒါပေမယ့် သေချာတာက ညေးတို့လူငယ်တွေကြားထဲက တန်ဖိုးထားမှုတွေ ပြောင်းကုန်ပြီ။ ဒါကို အစ်ကိုတို့တွေက အသိအမှတ်မပြုဘဲ အတင်းအကြပ် ပိတ်ပင်မယ်၊ ဘာအသိပညာမှ မပေးဘူးဆိုရင်တော့ နောက်ဆက်တွဲပြဿနာ ပိုကြီးတယ်။ အကောင်းဆုံးကတော့ လူပျို အပျိုဘဝကို ထိန်းသိမ်းခြင်းပေါ့ ညေးတို့ရယ်။ ယဉ်ကျေးမှုတွေဘာတွေ မေ့ထားရင်တောင် ဒီလိုထိန်းသိမ်းခြင်းကြောင့် ကိုယ်ဝန်ရတာ၊ ရောဂါကူးတာ၊ လူမှုရေးပြဿနာဖြစ်တာတွေ မကြုံရတော့ဘူးပေါ့။ ဘာလို့ဆိုတော့ ကမ္ဘာပေါ်မှာ ရာနှုန်းပြည့်စိတ်ချရတဲ့ ကိုယ်ဝန်တားနည်းက တစ်ခုတည်းရှိတယ်။ အဲဒါက လိင်ဆက်ဆံမှု မပြုခြင်းပဲ။ ဒါပေမယ့် လူငယ်တိုင်းဆီကတော့ ဒါကို မျှော်လင့်လို့ ဘယ်ရမလဲ။ လူငယ်သဘာဝ ဆိုတာက ရှိသေးတာကိုး။ နောက်ပြီး မတော်တဆ ဆိုတာတွေ ရှိလာနိုင်တယ်၊ မရည်ရွယ်ဘဲ ဖြစ်သွားတယ်ဆိုတာတွေ ရှိလာတတ်တယ်။ ဒီအခါမှာ ညေးတို့အနေနဲ့ ဘာလုပ်ရမလဲဆိုတဲ့ အသိပညာ ရှိထားမှ အဆင်ပြေမှာကိုး။ ဒါကြောင့်မို့လည်း အစ်ကို ဒီလိုဆောင်းပါးတွေ ရေးဖြစ်နေတာ။

ဒီတစ်ပတ်မှာတော့ အတူနေခြင်းရဲ့ နောက်ဆက်တွဲပြဿနာတစ်ခုဖြစ်တဲ့ မလိုချင်ဘဲ ကိုယ်ဝန်ရတာနဲ့ ပတ်သက်ပြီး ညေးတို့သိထားသင့်တဲ့ အကြောင်းအရာ ၃ ခုကို ပြောလိုပါတယ်။

၁။ သုက်ရည်က ပြီးမှထွက်တာ မဟုတ်ပါ

ကိုယ်ဝန်မရအောင် တားနည်းတွေသုံးတဲ့အခါ မိန်းကလေးချည်းပဲ သုံးလို့ရတာ မဟုတ်ဘဲ သုက်ရည်အပြင်ထုတ်တာနဲ့ ကွန်ဒုံးသုံးတာလို ယောကျာ်းလေးတွေ သုံးလို့ရတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် အဲဒီနည်းတွေက မိန်းကလေးတွေသုံးရတဲ့ သောက်ဆေးတို့၊ ထိုးဆေးတို့နဲ့စာရင် ထိရောက်မှု တော်တော်နည်းပါတယ်။ သုက်ရည်အပြင်ထုတ်တဲ့နည်းဆိုရင် ထိရောက်မှုအနည်းဆုံးလို့တောင် ပြောလို့ရတယ်။ ဘာလို့ဆိုတော့ ညေးတို့ရဲ့ အချိန်အဆနဲ့ အလေ့အကျင့် လိုတာကိုး။ အချိန်မီ ဆွဲမထုတ်နိုင်ရင် ပြဿနာရှိတယ်။ ဒါကြောင့်မို့ ကိုယ်ဝန်ရနှုန်းက လူ ၁၀၀ မှာ ၂၇ ယောက် ရှိတယ်။ သေချာစနစ်တကျ သုံးတယ်ဆိုရင်တောင် ၁၀၀ မှာ ၄ ယောက် ကိုယ်ဝန်ရနိုင်တယ်။ ဘာလို့ဆိုတော့ သုက်ရည်ဆိုတာက ပြီးမှထွက်တာ မဟုတ်ဘဲ ဆက်ဆံနေတုန်းမှာလည်း အရည်ကြည်လေးတွေ ထွက်ပါတယ်။ ကိုယ်ဝန်ရနိုင်ချေ နည်းတယ်ဆိုဦးတော့၊ ရတော့ရသွားနိုင်တယ်။ ဒါကြောင့်မို့လည်း စိတ်မချရဘူးလို့ ပြောတာပါ။

နောက်တစ်ခုက ကွန်ဒုံး။ ကွန်ဒုံးက ကိုယ်ဝန်တင်မကဘူး လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေကိုလည်း ကာကွယ်ပေးတယ်။ ဒါပေမယ့် သေချာသုံးတတ်ဖို့တော့ လိုတယ်။ ပေါက်သွားတာ၊ ကျွတ်သွားတာတို့ဆို အဆင်မပြေဘူး။ နောက်ပြီး ညေးတို့လုပ်တတ်တာတစ်ခုက ပြီးခါနီးမှ စွပ်တယ်။ တကယ်က ခုနကပြောသလို ဆက်ဆံနေတုန်းမှာလည်း ထွက်တတ်တာမို့ အတူစနေကတည်းက စွပ်ပြီးနေဖို့ လိုပါလိမ့်မယ်။ တချို့ကျတော့လည်း စိတ်အပူလွန်ပြီး ကွန်ဒုံးကို နှစ်ထပ်စွပ်တယ်။ ဒီအခါမှာ တစ်ထပ်နဲ့တစ်ထပ် ပွတ်တိုက်မှုဖြစ်ပြီး ကွန်ဒုံးက ပိုပေါက်လွယ်တယ်။ ဒါကြောင့် ကွန်ဒုံးကို စနစ်တကျ သုံးတတ်ဖို့ အရေးကြီးပါတယ်။

၂။ ရက်တွက်ပြီး အတူနေမယ်ဆို ရာသီမှန်ဖို့တော့ လိုမယ်

ရက်တွက်ပြီး အတူနေတယ်ဆိုတာက မိန်းကလေးရဲ့ မျိုးဥကြွေမယ့်ရက်ကို တွက်ချက်ပြီး ဘယ်ရက်တွေမှာ အတူနေရင်တော့ ကိုယ်ဝန်မရနိုင်ဘူး ဆိုတဲ့နည်းကို ခေါ်တာပါ။ ရက်တွက်နည်းကိုမှ ၆ မျိုးလောက် တွက်လို့ရတယ်။ အသေးစိတ်တော့ ရှည်မှာစိုးလို့ မပြောတော့ဘူး။ ရာသီစက်ဝန်း ရက်တွေအပေါ် အခြေခံပြီး တွက်လို့ရတာလည်း ရှိတယ်။ မိန်းကလေးရဲ့ ခန္ဓာကို်ယ်တုံ့ပြန်မှု၊ ဥပမာ ကိုယ်အပူချိန်၊ သားအိမ်ခေါင်းချွဲ စတာတွေကို ကြည့်ပြီးလည်း တွက်လို့ရတယ်။ သဘာဝနည်းတွေပဲ ဖြစ်တာမို့ ဘေးထွက်ဆိုးကျိုး မရှိဘူး။ ဒါပေမယ့် ဒီနည်းတွေကလည်း ထိရောက်မှုနည်းပါတယ်။ အတွက်အချက်မှန်မှန်နဲ့ စနစ်တကျ အသုံးပြုရင်တောင် ကိုယ်ဝန်ရနိုင်ချေက ၁၀၀ မှာ ၂ ယောက်ကနေ ၉ ယောက်အထိ ရှိပါတယ်။ ဒါကြောင့် ရာသီစပေါ်တဲ့ရက်ကနေ တစ်ပတ်အတွင်း အတူနေရင် ကိုယ်ဝန်ရနိုင်ချေ တအားနည်းတယ်ဆိုပြီး စိတ်ချထားလို့တော့ မရပါဘူး။ မိန်းကလေးက ရာသီမှန်နေဖို့ လိုတယ်။ သူ့ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုတွေကို သိနေဖို့ လိုတယ်။ မဟုတ်ရင် အတွက်အချက်မှားပြီး ကိုယ်ဝန်ရနိုင်တာမို့ပါ။

၃။ အရေးပေါ်ဆေး ဆိုတာ အရေးပေါ်အခြေအနေမှာမှ သုံးဖို့ပါ

အခု ညေးတို့အများစု လုပ်နေကြတာက အတူနေမယ်။ ပြီးရင် အရေးပေါ်ဆေး တိုက်လိုက်မယ်။ ထပ်နေဖြစ်တယ်။ ထပ်တိုက်တယ်။ ဒါက တကယ်တော့ လွဲပါတယ်။

သူ့နာမည်အတိုင်းပဲ၊ ဒီဆေးက အရေးပေါ်အခြေအနေမှာမှ သုံးသင့်တာမျိိုးပါ။ New Year ည Countdown လုပ်တယ်ကွာ။ ပြီးတော့ ကောင်မလေးကို ပြန်လိုက်ပို့တယ်။ လမ်းမှာ မရည်ရွယ်ဘဲ ချစ်နယ်ကျွံသွားတယ်။ ဒါဆို နောက်နေ့မနက်ကျ အရေးပေါ် ကိုယ်ဝန်တားဆေး တိုက်လိုက်။ ဒီလိုရည်ရွယ်ချက်နဲ့ ဒီဆေး ပေါ်လာတာ။

ပွင့်ပွင့်လင်းလင်း ပြောမယ်နော်။ ညေးတို့ ကောင်မလေးနဲ့ ဟိုတယ်သွားမယ်။ သွားတာကလည်း တစ်ပတ်တစ်ခါ၊ နှစ်ပတ်တစ်ခါလောက် သွားနေမယ်ဆိုရင်တော့ ဒါက အရေးပေါ် မမျှော်လင့်ဘဲ ဖြစ်သွားတာမျိုးမှ မဟုတ်တော့တာ။ ရည်ရွယ်ထားတာကြီး၊ ပုံမှန်ဖြစ်နေတာကြီးလေ။ အဲဒါမျိုးမှာတော့ အတူနေပြီးတိုင်း အရေးပေါ်ဆေးတိုက်မယ် လုပ်မနေသင့်တော့ဘူးပေါ့။ ဘာလို့ဆိုတော့ ဒီဆေးက အသုံးပြုရလွယ်တယ်၊ ဘေးထွက်ဆိုးကျိုးနည်းတယ်၊ ခဏခဏသုံးလည်း ရောဂါတခုခု ရသွားစေတယ် ဆိုတာမျိုး မရှိဘူးဆိုပေမယ့် ကိုယ်ဝန်ရနိုင်ချေများတယ်။ သူ့ရဲ့ ထိရောက်မှုက ၈၇ % ပဲရှိတယ်။ ဒါကြောင့် ခဏခဏသာ သုံးနေရင် တစ်ကြိမ်မဟုတ်တစ်ကြိမ် ကိုယ်ဝန်ရသွားလိမ့်မယ်။ ဒီအတွက် ပုံမှန်သာ နေဖြစ်နေတယ်ဆိုရင်တော့ ဒီနည်းအစား ပိုစိတ်ချရတဲ့ ကိုယ်ဝန်တားနည်းတစ်ခုခုကို သုံးဖို့လိုအပ်ပါလိမ့်မယ်။

ကောင်မလေးက နေ့စဉ်သောက်ဆေးကတ် သောက်ရင်သောက်၊ ဒါကိုမှ လူသိမှာစိုးတယ်ဆိုလည်း ညေးတို့က ကွန်ဒုံးသုံးလို့ရတယ်။ သေချာတော့ သုံးပေါ့။ နောက်ပြီး ရက်ရှောင်လို့လည်း ရတယ်။ မိန်းကလေးက ရာသီမှန်ဖို့တော့ လိုတာပေါ့။ သုက်ရည်အပြင်ထုတ်တဲ့နည်း သုံးမယ်ဆိုလည်း သုံးလို့တော့ ရသေးတာပဲ။ သေချာတော့ လေ့ကျင့်ပေါ့။ မတော်တဆ တခုခုချွတ်ချော်သွားမှသာ အရေးပေါ်ဆေးကို တိုက်။ ဒီလိုကမှ တကယ်လုပ်သင့်တဲ့ပုံစံမျိုး။

အနှစ်ပြန်ချုပ်ရရင်တော့ လက်မထပ်မချင်း လိင်ဆက်ဆံတာကို ရှောင်ကြဉ်နို်င်ရင် အကောင်းဆုံးပေါ့။ အဲဒီလိုမှ မရှောင်နိုင်ဘူးဆိုလည်း နောက်ဆက်တွဲပြဿနာတွေ ပေါ်မလာအောင်တော့ ကာကွယ်ကြဖို့ လိုတယ်။ အရင်ဆုံးသိထားမှာက အတူနေပြီးရင် ကိုယ်ဝန်ရတတ်တယ်။ ဒါကြောင့်မို့ ငါတို့တစ်နည်းနည်းနဲ့တော့ တားရမယ်။ တားတဲ့အခါ အတူနေပြီးတိုင်း အရေးပေါ်ဆေး တို်က်နေမယ့်အစား တခြား ပိုစိတ်ချရတဲ့ နည်းတခုခုကို သုံးဖို့လိုမယ်။ ကွန်ဒုံးသုံးမလား၊ ရက်တွက်ပြီး အတူနေမလား၊ ကောင်မလေးက ဆေးကတ်စားမလား။ နည်းတစ်ခုချင်းစီမှာတော့ လိုက်နာရမှာ၊ သတိထားရမှာတွေ ရှိတယ်။ ဒါကို အတိအကျ လို်က်နာဖို့ လိုတယ်။ အဲဒီမှာ မတော်တဆ တခုခုအမှားအယွင်း ဖြစ်သွားပြီဆိုတဲ့အခါကျမှသာ အတူနေပြီး နာရီ ၁၂၀ အတွင်း (စောစောသောက်လေ ကောင်းလေပဲ) အရေးပေါ်ဆေးကတ်ကို အသုံးပြုသင့်တာ ဖြစ်ပါတယ်။

လက်မထပ်ရသေးဘဲ ကိုယ်ဝန်ရသွားရင် ကောင်မလေးအတွက်ရော ညေးတို့အတွက်ပါ စိတ်ရှုပ်စရာတွေ တစ်သီတစ်တန်း လိုက်လာတော့မှာပါ။ ဒါကြောင့်မို့ စောစောစီးစီးကတည်းက ကြိုတင်ကာကွယ်ဖို့ လိုပါတယ်။ လုံလောက်တဲ့ အသိပညာတွေ ရှာထားဖို့ လိုပါတယ်။

ဒေါက်တာ ဖြိုးသီဟ

၅.၁.၂၀၁၈

1K Shares
Share1K
Tweet
+1
Share