ႏွစ္သစ္မွာ အေကာင္းျမင္စိတ္ ပ်ိဳးေထာင္ပါ

(Zawgyi)

စတီဖင္ကုိေဗးရဲ႕ 90-10 Principle ဆိုတာ ေတာ္ေတာ္မ်ားမ်ား ၾကားဖူးၾကမယ္ ထင္ပါတယ္။

သူ႔ဆုိလိုရင္းကေတာ့ ကၽြန္ေတာ္တုိ႔ဘ၀မွာ ၾကံဳေတြ႔ရသမွ်ေတြရဲ႕ ၁၀ ရာခုိင္ႏႈန္းက သူ႔အလိုလို ျဖစ္လာတာေတြ ျဖစ္ၿပီး က်န္တဲ့ ၉၀ ရာခုိ္င္ႏႈန္းကေတာ့ ကၽြန္ေတာ္တုိ႔ တံု႕ျပန္မႈေတြရဲ႕ အက်ိဳးဆက္လို႔ ဆုိပါတယ္။

ေလယာဥ္ခ်ိန္ေနာက္က်တာ၊ ေရာဂါျဖစ္တာ၊ အလုပ္ျပဳတ္တာ၊ ဒါေတြက ကၽြန္ေတာ္တုိ႔ မတတ္ႏုိင္တဲ့ ၁၀ ရာခုိင္ႏႈန္း။ ဒါေတြကို ဘယ္လိုတံု႔ျပန္သလဲဆုိတာက က်န္တဲ့ ၉၀ ရာခုိင္ႏႈန္း ျဖစ္လာတယ္။

သူေပးတဲ့ဥပမာအေနနဲ႔ဆုိရင္ မနက္စာစားေနတဲ့အခ်ိန္ သမီးေလးက ေကာ္ဖီခြက္ ေမွာက္က်ေတာ့ သူ႔အက်ီၤေပသြားတယ္။ အဲဒါကို စိတ္တုိတိုနဲ႔ သမီးကုိ ေအာ္ေငါက္လိုက္ေတာ့ သမီးေလးက ငိုေရာ။ သူကလည္း အိမ္ေပၚျပန္တက္ၿပီး အ၀တ္အစား ျပန္လဲရတယ္။ သူ ျပန္ဆင္းလာတဲ့အခ်ိန္မွာ သမီးက ငိုေနေတာ့ ေက်ာင္းကားလာတာ မသိလိုက္ဘူး။ အဲဒါနဲ႔ သူ႔သမီးကို ေက်ာင္းလိုက္ပို႔ရေရာ။ ရံုးခ်ိန္ေနာက္က်မွာ စိုးေတာ့ ျမန္ျမန္ေမာင္းလိုက္တာ လမ္းမွာ ရဲဖမ္းခံရျပန္တယ္။ သမီးေလးကို ေက်ာင္းပို႔ၿပီး ရံုးေရာက္တဲ့အခ်ိန္မွာ အေတာ္ေနာက္က်ေနၿပီ။ သူလည္း စိတ္ေတြတိုေနတုန္း။ ရံုးေရာက္ၿပီဆုိမွ သိလိုက္တယ္။ သူ႔အိတ္ အိမ္မွာ က်န္ခဲ့တယ္။ တစ္ေနကုန္လည္း အဆင္မေျပ။ အိမ္ျပန္ေရာက္ေတာ့လည္း မိသားစုနဲ႔ အဆင္မေျပေတာ့ဘူး။

သူ႕တစ္ေန႕တာကို ျပန္ၾကည္႔ရင္ တစ္ေနကုန္ အဆင္မေျပခဲ့သမွ်ဟာ ေကာ္ဖီေမွာက္တာေၾကာင့္ မဟုတ္ဘူး။
အဲဒီေကာ္ဖီေမွာက္တာကို သူတံု႕ျပန္လိုက္တဲ့ ပံုစံေၾကာင့္သာ ျဖစ္တယ္။

သမီးေလးရယ္ ျဖစ္တတ္ပါတယ္ ဆုိၿပီး ၾကည္ၾကည္သာသာေလး ေျပာလိုက္မယ္၊ အ၀တ္အစားျပန္လဲမယ္၊ ကေလးကို မဆူဘူးဆုိရင္ ကေလးလည္း ေက်ာင္းကားမမီစရာ မရွိဘူး။ သူလည္း ရဲဖမ္းခံရမွာ မဟုတ္ဘူး၊ အလုပ္လည္း ေနာက္က်မွာ မဟုတ္ဘူး။ မိသားစုလည္း အဆင္ေျပေျပ ေအးေအးခ်မ္းခ်မ္းေလး ေနရလိမ့္မယ္။

ကၽြန္ေတာ္တု႔ိဘ၀ကုိ ျပန္သံုးသပ္လိုက္မယ္ဆိုလည္း အဲ့ဒီအတုိင္း ျဖစ္ေနတာ သတိထားမိလိမ့္မယ္။ အျဖစ္အပ်က္ေတြကေတာ့ အတူတူၾကံဳရတာပဲ။ ဒါေပမယ့္ တံု႕ျပန္မႈခ်င္း မတူတဲ့အခါမွာ ေနာက္ဆက္ၿပီး ျဖစ္လာတာေတြလည္း မတူၾကဘူး။

ဒါၿဖင့္ အဲ့ဒီလိုတံု႕ျပန္မႈေတြကို ကၽြန္ေတာ္တုိ႔ ဘယ္လိုထိန္းခ်ဳပ္မလဲ၊ သတိထားမိေအာင္ လုပ္မလဲ။

ဒီေနရာမွာ ABC Framework ဆုိတာေလးကို မိတ္ဆက္ေပးလိုပါတယ္။ ဘာလဲဆုိေတာ့

A – Adversity (ခက္ခဲတဲ့၊ အဆင္မေျပတဲ့ အျဖစ္အပ်က္)

B – Belief (ယံုၾကည္ခ်က္၊ ခံယူခ်က္)

C – Consequence (ေနာက္ဆက္တြဲျဖစ္ရပ္)

မေန႔ကျဖစ္ခဲ့တာျဖစ္ျဖစ္၊ တခုခု ကုိယ့္စိ္တ္မွာ မွတ္မိေနတာေလးကို ABC Framework ေလးနဲ႔ ထည္႕ၾကည္႔႔ပါ။

ဥပမာ ကုိယ့္အလုပ္မွာ အထက္လူၾကီးက ကုိယ္ေျပာတဲ့အုိင္ဒီယာတစ္ခုကို ျငင္းပယ္လိုက္တယ္ ဆုိပါေတာ့။ ဒါက Adversity အဆင္မေျပတဲ့ အျဖစ္အပ်က္။

အဲဒါကုိ ကုိယ့္စိတ္ထဲ ဘယ္လိုေတြးလိုက္လဲ။ နမူနာ (၃)မ်ိဳးေလာက္ ေတြးျပပါမယ္။

၁။ ငါဟာ အသံုးမက်တဲ့လူပဲ

ဒါဆုိရင္ ေနာက္ဆက္တြဲအေနနဲ႔ ဘာျဖစ္လာမလဲ။ စိတ္ဓါတ္က်လာမယ္၊ အလုပ္မွာ မေပ်ာ္ေတာ့ဘူး၊ မတက္ၾကြေတာ့ဘူး။

၂။ ဒီလူၾကီးက ေရွးရုိးစြဲ၊ ဒီေခတ္နဲ႔ အံမ၀င္ေတာ့တဲ့ အလကားလူၾကီး

ဒါဆိုရင္ေတာ့ ေနာက္ဆက္တြဲရလဒ္က ကုိယ့္ေဘာ့စ္အေပၚ အထင္မၾကီးေတာ့ဘူး၊ မေလးစားေတာ့ဘူး။

၃။ ငါ့အုိင္ဒီယာမွာ ဘာေတြ လြဲေနလဲ၊ သူလက္ခံလာေအာင္ ငါ ဘယ္လိုေျပာရင္ ေကာင္းမလဲ

ဒီလိုေတြးရင္ေတာ့ ကုိယ့္အုိင္ဒီယာ အလုပ္ျဖစ္လာေအာင္ တခုခု ဆက္လုပ္ႏုိင္ပါလိမ့္မယ္။

အထက္လူၾကီးရဲ႕ ျငင္းပယ္မႈကို ကၽြန္ေတာ္တို႔ မျပင္ႏုိင္ပါဘူး။ ျပင္လုိ႔ရတာက ကၽြန္ေတာ္တို႔ရဲ႕ ခံယူခ်က္ ျဖစ္ပါတယ္။

ဒီ ABC ေလ့က်င့္ခန္းေလးကို ကုိယ့္စိတ္ထဲ မွတ္မိေနတဲ့ အျဖစ္အပ်က္ေလးေတြနဲ႔ လက္ေတြ႔လုပ္ၾကည္႔ပါ။ ျဖစ္ႏုိင္ရင္ တစ္ပတ္ေလာက္ဆက္တုိက္ အလုပ္ကေန အိမ္ျပန္ေရာက္တဲ့အခါတုိင္း တစ္ေနကုန္ျဖစ္ခဲ့တာေတြနဲ႔ ခ်ိန္ထိုးၾကည္႔ပါ။ ကုိယ့္ရဲ႕ ခံယူခ်က္က ကုိယ့္ရဲ႕ဘ၀မွာ ဘယ္ေလာက္ထိ အေရးပါေနတယ္ဆုိတာ သိလာပါလိမ့္မယ္။ တစ္ၿပိဳင္တည္းမွာပဲ အျဖစ္အပ်က္တစ္ခု ၾကံဳလိုက္တုိင္းမွာ ကုိယ့္ခံယူခ်က္ေတြကုိ သတိထားမိၿပီး ျပင္လာႏုိင္ပါလိမ့္မယ္။

အေကာင္းျမင္စိတ္ (Positive attitude) ဆိုတာ ဒီေန႔ေခတ္မွာ မျဖစ္မေန လိုအပ္လာတဲ့ အရည္အေသြး 21st Century Skill တစ္ခု ျဖစ္ပါတယ္။ ဒါက လူတစ္ေယာက္ေယာက္၊ သင္တန္းတခုခုကေန သင္ေပးလိုက္လုိ႔ရတဲ့ ကိစၥလည္း မဟုတ္ပါဘူး။ ကုိယ့္ဘ၀ျဖတ္သန္းမႈေတြကေနပဲ ေလ့က်င့္ပ်ိဳးေထာင္ရတာပါ။ ပညာေတြ ဘယ္ေလာက္တတ္တတ္၊ ဘြဲ႕ေတြ ဘယ္လိုရထားရထား၊ ဒီအရည္အေသြးမရွိဘူးဆုိရင္ လုပ္ငန္းခြင္မွာ ေအာင္ျမင္ဖုိ႔ ခက္ပါတယ္။

အေကာင္းျမင္စိတ္ဟာ မ်ိဳးရိုးလိုက္တတ္သလားဆုိတာေတာ့ အတတ္ေျပာမရေသးေပမယ့္ မိခင္ရဲ႕ အေကာင္းျမင္စိတ္ရွိမႈနဲ႕ ငယ္စဥ္က ျပဳစုပ်ိဳးေထာင္ခံခဲ့ရတဲ့ ပံုစံေတြကေတာ့ လူတစ္ေယာက္ရဲ႕ စိတ္ေနစိတ္ထားအေပၚ အဓိကလႊမ္းမိုးေနတယ္လို႔ ေတြ႕ရွိခ်က္ေတြက ဆုိပါတယ္။

ဘယ္လုိပဲျဖစ္ျဖစ္ ကၽြန္ေတာ္တို႔ အားတက္ရမယ့္ ကိစၥတစ္ခုကေတာ့ အေကာင္းျမင္စိတ္ဟာ ျပဳစုပ်ိဳးေထာင္လုိ႔ ရႏုိင္တယ္ ဆုိတာပါပဲ။
ဒါေၾကာင့္ အျဖစ္အပ်က္တစ္ခု ၾကံဳလိုက္ရတုိင္းမွာ ကုိယ့္စိတ္က ဘယ္လိုျဖစ္သြားလဲ၊ ဘယ္လိုခံယူလုိက္လဲဆုိတာကို သတိထားၾကည္႔မိၿပီး ေနာက္ဆက္တြဲအျဖစ္အပ်က္ေတြကို အေကာင္းဆံုးထိန္းခ်ဳပ္ႏုိင္ၾကေစဖုိ႔ ႏွစ္သစ္ဆုေတာင္း ေပးပို႔လိုက္ပါတယ္။

Ref: Learned Optimism – Martin E. P. Seligman

ေဒါက္တာ ၿဖိဳးသီဟ

၁၇.၄.၁၇

(Unicode)

စတီဖင်ကိုဗေးရဲ့ 90-10 Principle ဆိုတာ တော်တော်များများ ကြားဖူးကြမယ် ထင်ပါတယ်။

သူ့ဆိုလိုရင်းကတော့ ကျွန်တော်တို့ဘဝမှာ ကြုံတွေ့ရသမျှတွေရဲ့ ၁၀ ရာခိုင်နှုန်းက သူ့အလိုလို ဖြစ်လာတာတွေ ဖြစ်ပြီး ကျန်တဲ့ ၉၀ ရာခို်င်နှုန်းကတော့ ကျွန်တော်တို့ တုံ့ပြန်မှုတွေရဲ့ အကျိုးဆက်လို့ ဆိုပါတယ်။

လေယာဉ်ချိန်နောက်ကျတာ၊ ရောဂါဖြစ်တာ၊ အလုပ်ပြုတ်တာ၊ ဒါတွေက ကျွန်တော်တို့ မတတ်နိုင်တဲ့ ၁၀ ရာခိုင်နှုန်း။ ဒါတွေကို ဘယ်လိုတုံ့ပြန်သလဲဆိုတာက ကျန်တဲ့ ၉၀ ရာခိုင်နှုန်း ဖြစ်လာတယ်။

သူပေးတဲ့ဥပမာအနေနဲ့ဆိုရင် မနက်စာစားနေတဲ့အချိန် သမီးလေးက ကော်ဖီခွက် မှောက်ကျတော့ သူ့အကျီင်္ပေသွားတယ်။ အဲဒါကို စိတ်တိုတိုနဲ့ သမီးကို အော်ငေါက်လိုက်တော့ သမီးလေးက ငိုရော။ သူကလည်း အိမ်ပေါ်ပြန်တက်ပြီး အဝတ်အစား ပြန်လဲရတယ်။ သူ ပြန်ဆင်းလာတဲ့အချိန်မှာ သမီးက ငိုနေတော့ ကျောင်းကားလာတာ မသိလိုက်ဘူး။ အဲဒါနဲ့ သူ့သမီးကို ကျောင်းလိုက်ပို့ရရော။ ရုံးချိန်နောက်ကျမှာ စိုးတော့ မြန်မြန်မောင်းလိုက်တာ လမ်းမှာ ရဲဖမ်းခံရပြန်တယ်။ သမီးလေးကို ကျောင်းပို့ပြီး ရုံးရောက်တဲ့အချိန်မှာ အတော်နောက်ကျနေပြီ။ သူလည်း စိတ်တွေတိုနေတုန်း။ ရုံးရောက်ပြီဆိုမှ သိလိုက်တယ်။ သူ့အိတ် အိမ်မှာ ကျန်ခဲ့တယ်။ တစ်နေကုန်လည်း အဆင်မပြေ။ အိမ်ပြန်ရောက်တော့လည်း မိသားစုနဲ့ အဆင်မပြေတော့ဘူး။

သူ့တစ်နေ့တာကို ပြန်ကြည့်ရင် တစ်နေကုန် အဆင်မပြေခဲ့သမျှဟာ ကော်ဖီမှောက်တာကြောင့် မဟုတ်ဘူး။
အဲဒီကော်ဖီမှောက်တာကို သူတုံ့ပြန်လိုက်တဲ့ ပုံစံကြောင့်သာ ဖြစ်တယ်။

သမီးလေးရယ် ဖြစ်တတ်ပါတယ် ဆိုပြီး ကြည်ကြည်သာသာလေး ပြောလိုက်မယ်၊ အဝတ်အစားပြန်လဲမယ်၊ ကလေးကို မဆူဘူးဆိုရင် ကလေးလည်း ကျောင်းကားမမီစရာ မရှိဘူး။ သူလည်း ရဲဖမ်းခံရမှာ မဟုတ်ဘူး၊ အလုပ်လည်း နောက်ကျမှာ မဟုတ်ဘူး။ မိသားစုလည်း အဆင်ပြေပြေ အေးအေးချမ်းချမ်းလေး နေရလိမ့်မယ်။

ကျွန်တော်တို့ဘဝကို ပြန်သုံးသပ်လိုက်မယ်ဆိုလည်း အဲ့ဒီအတိုင်း ဖြစ်နေတာ သတိထားမိလိမ့်မယ်။ အဖြစ်အပျက်တွေကတော့ အတူတူကြံုရတာပဲ။ ဒါပေမယ့် တုံ့ပြန်မှုချင်း မတူတဲ့အခါမှာ နောက်ဆက်ပြီး ဖြစ်လာတာတွေလည်း မတူကြဘူး။

ဒါဖြင့် အဲ့ဒီလိုတုံ့ပြန်မှုတွေကို ကျွန်တော်တို့ ဘယ်လိုထိန်းချုပ်မလဲ၊ သတိထားမိအောင် လုပ်မလဲ။

ဒီနေရာမှာ ABC Framework ဆိုတာလေးကို မိတ်ဆက်ပေးလိုပါတယ်။ ဘာလဲဆိုတော့

A – Adversity (ခက်ခဲတဲ့၊ အဆင်မပြေတဲ့ အဖြစ်အပျက်)

B – Belief (ယုံကြည်ချက်၊ ခံယူချက်)

C – Consequence (နောက်ဆက်တွဲဖြစ်ရပ်)

မနေ့ကဖြစ်ခဲ့တာဖြစ်ဖြစ်၊ တခုခု ကိုယ့်စိ်တ်မှာ မှတ်မိနေတာလေးကို ABC Framework လေးနဲ့ ထည့်ကြည့့်ပါ။

ဥပမာ ကိုယ့်အလုပ်မှာ အထက်လူကြီးက ကိုယ်ပြောတဲ့အိုင်ဒီယာတစ်ခုကို ငြင်းပယ်လိုက်တယ် ဆိုပါတော့။ ဒါက Adversity အဆင်မပြေတဲ့ အဖြစ်အပျက်။

အဲဒါကို ကိုယ့်စိတ်ထဲ ဘယ်လိုတွေးလိုက်လဲ။ နမူနာ (၃)မျိုးလောက် တွေးပြပါမယ်။

၁။ ငါဟာ အသုံးမကျတဲ့လူပဲ

ဒါဆိုရင် နောက်ဆက်တွဲအနေနဲ့ ဘာဖြစ်လာမလဲ။ စိတ်ဓါတ်ကျလာမယ်၊ အလုပ်မှာ မပျော်တော့ဘူး၊ မတက်ကြွတော့ဘူး။

၂။ ဒီလူကြီးက ရှေးရိုးစွဲ၊ ဒီခေတ်နဲ့ အံမဝင်တော့တဲ့ အလကားလူကြီး

ဒါဆိုရင်တော့ နောက်ဆက်တွဲရလဒ်က ကိုယ့်ဘော့စ်အပေါ် အထင်မကြီးတော့ဘူး၊ မလေးစားတော့ဘူး။

၃။ ငါ့အိုင်ဒီယာမှာ ဘာတွေ လွဲနေလဲ၊ သူလက်ခံလာအောင် ငါ ဘယ်လိုပြောရင် ကောင်းမလဲ

ဒီလိုတွေးရင်တော့ ကိုယ့်အိုင်ဒီယာ အလုပ်ဖြစ်လာအောင် တခုခု ဆက်လုပ်နိုင်ပါလိမ့်မယ်။

အထက်လူကြီးရဲ့ ငြင်းပယ်မှုကို ကျွန်တော်တို့ မပြင်နိုင်ပါဘူး။ ပြင်လို့ရတာက ကျွန်တော်တို့ရဲ့ ခံယူချက် ဖြစ်ပါတယ်။

ဒီ ABC လေ့ကျင့်ခန်းလေးကို ကိုယ့်စိတ်ထဲ မှတ်မိနေတဲ့ အဖြစ်အပျက်လေးတွေနဲ့ လက်တွေ့လုပ်ကြည့်ပါ။ ဖြစ်နိုင်ရင် တစ်ပတ်လောက်ဆက်တိုက် အလုပ်ကနေ အိမ်ပြန်ရောက်တဲ့အခါတိုင်း တစ်နေကုန်ဖြစ်ခဲ့တာတွေနဲ့ ချိန်ထိုးကြည့်ပါ။ ကိုယ့်ရဲ့ ခံယူချက်က ကိုယ့်ရဲ့ဘဝမှာ ဘယ်လောက်ထိ အရေးပါနေတယ်ဆိုတာ သိလာပါလိမ့်မယ်။ တစ်ပြိုင်တည်းမှာပဲ အဖြစ်အပျက်တစ်ခု ကြံုလိုက်တိုင်းမှာ ကိုယ့်ခံယူချက်တွေကို သတိထားမိပြီး ပြင်လာနိုင်ပါလိမ့်မယ်။

အကောင်းမြင်စိတ် (Positive attitude) ဆိုတာ ဒီနေ့ခေတ်မှာ မဖြစ်မနေ လိုအပ်လာတဲ့ အရည်အသွေး 21st Century Skill တစ်ခု ဖြစ်ပါတယ်။ ဒါက လူတစ်ယောက်ယောက်၊ သင်တန်းတခုခုကနေ သင်ပေးလိုက်လို့ရတဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ ကိုယ့်ဘဝဖြတ်သန်းမှုတွေကနေပဲ လေ့ကျင့်ပျိုးထောင်ရတာပါ။ ပညာတွေ ဘယ်လောက်တတ်တတ်၊ ဘွဲ့တွေ ဘယ်လိုရထားရထား၊ ဒီအရည်အသွေးမရှိဘူးဆိုရင် လုပ်ငန်းခွင်မှာ အောင်မြင်ဖို့ ခက်ပါတယ်။

အကောင်းမြင်စိတ်ဟာ မျိုးရိုးလိုက်တတ်သလားဆိုတာတော့ အတတ်ပြောမရသေးပေမယ့် မိခင်ရဲ့ အကောင်းမြင်စိတ်ရှိမှုနဲ့ ငယ်စဉ်က ပြုစုပျိုးထောင်ခံခဲ့ရတဲ့ ပုံစံတွေကတော့ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားအပေါ် အဓိကလွှမ်းမိုးနေတယ်လို့ တွေ့ရှိချက်တွေက ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ အားတက်ရမယ့် ကိစ္စတစ်ခုကတော့ အကောင်းမြင်စိတ်ဟာ ပြုစုပျိုးထောင်လို့ ရနိုင်တယ် ဆိုတာပါပဲ။
ဒါကြောင့် အဖြစ်အပျက်တစ်ခု ကြံုလိုက်ရတိုင်းမှာ ကိုယ့်စိတ်က ဘယ်လိုဖြစ်သွားလဲ၊ ဘယ်လိုခံယူလိုက်လဲဆိုတာကို သတိထားကြည့်မိပြီး နောက်ဆက်တွဲအဖြစ်အပျက်တွေကို အကောင်းဆုံးထိန်းချုပ်နိုင်ကြစေဖို့ နှစ်သစ်ဆုတောင်း ပေးပို့လိုက်ပါတယ်။

Ref: Learned Optimism – Martin E. P. Seligman

ဒေါက်တာ ဖြိုးသီဟ

၁၇.၄.၁၇

4K Shares
Share4K
Tweet
+1
Share