အမ်ိဳးသားေတြ ပါ၀င္ေပးရမယ့္ အမ်ိဳးသမီးက်န္းမာေရးကိစၥမ်ား

(Zawgyi)

ဒီေန႕ေခတ္မွာ အမ်ိဳးသမီးေတြနဲ႕ ပတ္သက္တဲ့ အေၾကာင္းအရာ ေတာ္ေတာ္မ်ားမ်ားကို ေရွ႕တန္းတင္ ေျပာဆုိလာၾကတာ သတိထားမိမွာပါ။ အမ်ိဳးသမီးေတြမွာ ဘယ္လုိအခြင့္အေရးေတြ ရွိသလဲ အသိပညာေပးၾကတယ္၊ ဒါမွ သူတို႕အေနနဲ႕ သူတုိ႕ရဲ႕ အေျခခံအခြင့္အေရးေတြအေၾကာင္း သိလာမယ္၊ ေတာင္းဆုိတတ္လာမယ္။ သူတုိ႕ကုိခ်ည္း ေျပာေနလို႔မရဘဲ တစ္ဖက္မွာလည္း အမ်ိဳးသားေတြရဲ႕ ပူးေပါင္းပါ၀င္မႈရွိလာေအာင္ ၾကိဳးစားၾကရပါတယ္။ ဒါမွ ေအာင္ျမင္မွာပါ။

ဒီေဆာင္းပါးမွာေတာ့ အမ်ိဳးသမီးေတြ ၾကံဳေတြ႕ရတတ္တဲ့ က်န္းမာေရးျပႆနာေတြမွာ အမ်ိဳးသားေတြအေနနဲ႕ ဘယ္လိုပါ၀င္လို႔ရသလဲဆုိတာကုိ ေဆြးေႏြးသြားမွာျဖစ္ပါတယ္။

၁။ ေဆးလိပ္မေသာက္ဖုိ႕

ေဆးလိပ္ရဲ႕ဆုိးက်ိဳးေတြကေတာ့ အမ်ားၾကီးပါပဲ။ အဆုတ္ကင္ဆာ အားလံုးရဲ႕ (၉၀)ရာခုိင္ႏႈန္းက ေဆးလိပ္ေၾကာင့္ျဖစ္တယ္။ တျခားအသက္ရွဴလမ္းေၾကာင္းဆုိင္ရာ ေရာဂါေတြ၊ ႏွလံုးေရာဂါ၊ ေသြးေၾကာနဲ႕ပတ္သက္တဲ့ ေရာဂါေတြ၊ ေလျဖတ္တာ စသျဖင့္ အမ်ားၾကီးကုိ ရွိပါတယ္။

အရက္နဲ႕မတူတာကေတာ့ ေသာက္တဲ့သူတင္ ျဖစ္တာမဟုတ္ဘဲ ေဘးနားက ရွဴတဲ့သူပါ ေရာဂါျဖစ္ႏုိင္တာပါပဲ။ ေယာက်ာ္းက ေဆးလိပ္ေသာက္တတ္တယ္ဆုိရင္ အမ်ိဳးသမီးျဖစ္သူမွာလည္း အဆုတ္ကင္ဆာျဖစ္ႏုိင္ေခ် ၂၀ ရာခုိ္င္ႏႈန္းကေန ၃၀ ရာခိုင္ႏႈန္းထိ ျမင့္တက္ေစတယ္။ အဲဒီအျပင္ ကုိယ္၀န္ရဖို႕ခက္သြားတတ္တယ္။ ကုိယ္၀န္ေဆာင္စဥ္မွာ ရွဴမိရင္ လမေစ့ဘဲေမြးတာ၊ ကေလးအေသ ေမြးတာ၊ ေပါင္မျပည္႕တာ၊ ေမြးျပီးျပီးခ်င္း ဆံုးပါးသြားတာ၊ ဒါမ်ိဳးေတြ ျဖစ္တတ္ပါတယ္။

ျမန္မာႏုိ္င္ငံမွာ အျဖစ္အမ်ားဆံုး ကင္ဆာဆုိရင္ ရင္သားကင္ဆာ၊ သားအိမ္ေခါင္းကင္ဆာ၊ အဆုတ္ကင္ဆာ စသျဖင့္ အစဥ္လိုက္ ရွိပါတယ္။ အရင္ကေတာ့ ရင္သားကင္ဆာနဲ႕ သားအိမ္ေခါင္းကင္ဆာက အမ်ိဳးသမီးေတြပဲ အဓိကျဖစ္ျပီး၊ အဆုတ္ကင္ဆာကေတာ့ အမ်ိဳးသားေတြပဲျဖစ္တယ္လို႔ ထင္ၾကပါတယ္။ ဘာလို႔ဆုိေတာ့ ကၽြန္ေတာ္တို႕ရဲ႕ လူေနမႈပံုစံအရ အမ်ိဳးသမီးေတြ ေဆးလိပ္ေသာက္တာ အင္မတန္ရွားတာကိုး။ ေနာက္ပုိင္းမွာေတာ့ အမ်ိဳးသမီးေတြလည္း အဆုတ္ကင္ဆာျဖစ္လာၾကတာ ေတြ႕ရပါတယ္။ အေၾကာင္းတစ္ခုကေတာ့ ဒီလိုေဆးလိပ္ေငြ႕ေတြနဲ႕ ထိေတြ႕မိတာေၾကာင့္ပါပဲ။

ေနာက္တစ္ခုက Third hand smoke လို႔ေခၚတဲ့ ေဆးလိပ္ေငြ႕ရဲ႕ အၾကြင္းအက်န္ ဓါတုဓါတ္ေတြက အိမ္ရဲ႕ အတြင္းပုိင္း နံရံ၊ ေကာ္ေဇာ၊ ၾကမ္းျပင္ေတြမွာ၊ ကုိယ့္ရဲ႕ အက်ီ၊ လက္ေခ်ာင္း စတာေတြမွာ ကပ္က်န္ေနတတ္တာကုိလည္း ေတြ႕လာရပါတယ္။ ဒီကေနတစ္ဆင့္ ကေလးဆီကုိ ေရာက္သြားျပီး ကေလးကလည္း ဒီဓါတုပစၥည္းေတြနဲ႕ ထိေတြ႕ရသလို ျဖစ္သြားမွာပါ။ ဒါေၾကာင့္မို႕ အျပင္မွာထြက္ ေဆးလိပ္ေသာက္မယ္ဆုိေတာင္မွ ေဆးလိပ္ေငြ႕ရဲ႕ အႏၱရာယ္က ကုိယ့္အမ်ိဳးသမီး၊ ကုိယ့္သားသမီးအတြက္ ရွိေနဦးမွာ ျဖစ္ပါတယ္။

၂။ လိင္မႈကိစၥမွာ ေစာင့္ထိန္းဖုိ႕၊ တာ၀န္ယူမႈရွိဖုိ႕

အေကာင္းဆံုးကေတာ့ တစ္လင္တစ္မယားစနစ္ က်င့္သံုးတာပါပဲ။ ဒါဆုိရင္ လူမႈေရးျပႆနာေတြလည္း ကင္းသလို၊ လိင္ကတစ္ဆင့္ ကူးစက္တဲ့ေရာဂါေတြလည္း မရေတာ့ဘူးေပါ့။ တကယ္လုိ႕မ်ား အေျခအေန အေၾကာင္းေၾကာင္းေၾကာင့္ မွားယြင္းခဲ့ရင္ေတာင္၊ တစ္ပါးသူနဲ႕ ဆက္ဆံမိရင္ေတာင္ ဒီအမ်ိဳးသားဟာ တာ၀န္သိဖုိ႔ လိုပါတယ္။ အကာအကြယ္ ကြန္ဒံုးသံုးတာမ်ိဳးေပါ့။ အဲဒီလိုလည္း မသံုးမိလိုက္ဘူးဆုိရင္ေတာ့ ကိုယ့္အမ်ိဳးသမီးအေပၚ ဖြင့္ဟေျပာဆုိဖုိ႔ လိုပါမယ္။ ဘာလုိ႔ဆုိေတာ့ ကုိယ္ဟာ အကာအကြယ္မဲ့ ဆက္ဆံမိလုိက္တဲ့အတြက္ လိင္ကတစ္ဆင့္ ကူးစက္တဲ့ေရာဂါတခုခု ရလာႏုိင္တယ္။ သိပ္ဆုိးရင္ HIV ပုိးေလာက္အထိ ျဖစ္ႏုိင္တယ္။ ဒီအခါမွာ ပံုမွန္အတုိင္း ဘာမွမျဖစ္သလို ဟန္ေဆာင္ဖံုးကြယ္ျပီး အမ်ိဳးသမီးနဲ႕ အတူေနလိုက္ရင္ သူ႕ဆီလည္း အဲဒီပိုးက ေရာက္သြားႏုိင္တယ္။ အခ်က္အလက္ေတြအရ အာရွေဒသက အမ်ိဳးသမီးေတြ ကာလသားေရာဂါ ျဖစ္ရျခင္းအဓိကအေၾကာင္းက အမ်ိဳးသားဆီက ကူးစက္တာျဖစ္တယ္။ ဒါေၾကာင့္မုိ႕ အမ်ိဳးသမီးကို ရုိးရုိးသားသား ဖြင့္ဟေျပာဖုိ႔၊ တာ၀န္သိဖုိ႔ လိုပါမယ္။ အဲ့လိုေျပာလိုက္ရင္ အိမ္ေထာင္ကြဲမွာေပါ့ ဆုိလာရင္ေတာ့ အေစာကတည္းက ဒီလိုမျဖစ္ခ်င္ရင္ ေစာင့္ထိန္းပါ၊ အကာအကြယ္သံုးပါလုိ႔ပဲ ျပန္ေျဖရမွာျဖစ္ပါတယ္။

အမ်ိဳးသမီးေတြမွာ အင္မတန္မွကို အျဖစ္မ်ားတဲ့ သားအိမ္ေခါင္းကင္ဆာဆုိလည္း လိင္ကတစ္ဆင့္ ကူးစက္တဲ့ ေရာဂါတစ္မ်ိဳး ျဖစ္ပါတယ္။ Human Papilloma Virus လို႔ေခၚတဲ့ ပုိးေၾကာင့္ ဒီကင္ဆာျဖစ္တာပါ။ အဲဒီပုိးက လိင္ဆက္ဆံရာကတစ္ဆင့္ ကူးစက္ပါတယ္။ ဘယ္လုိလူေတြမွာ အျဖစ္မ်ားလဲဆုိရင္ လိင္ဆက္ဆံဖက္မ်ားတဲ့သူ၊ အသက္ငယ္ငယ္နဲ႕ လိင္ဆက္ဆံမႈ စတင္ခဲ့သူ၊ ကေလးအမ်ားၾကီးေမြးထားသူ၊ အဲဒီထဲက တစ္ခ်က္ကေတာ့ ကုိယ့္ေယာက်ာ္းက လိင္ဆက္ဆံဖက္မ်ားရင္ ကုိယ့္မွာ သားအိမ္ေခါင္းျဖစ္ႏုိင္ေခ် ပိုမ်ားတာပါပဲ။ HIV ပုိး၊ ကာလသားပုိးေတြက ႏွစ္ဦးအတူတူ ကူးစက္ခံရပါတယ္၊ သားအိမ္ေခါင္းကင္ဆာလို ေရာဂါမ်ိဳးကေတာ့ အမ်ိဳးသမီးမွာပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္မို႕ အမ်ိဳးသားေတြအေနနဲ႕ ကုိယ္နဲ႕မဆုိင္သလို လုပ္မေနဘဲ၊ ကုိယ့္အမ်ိဳးသမီးရဲ႕ လိင္မႈဆုိင္ရာ က်န္းမာေရးအတြက္ ေစာင့္ထိန္းသင့္တာေတြ ေစာင့္ထိန္းၾကဖုိ႔ လုိပါတယ္။

၃။ သားဆက္ျခားတဲ့ကိစၥမွာ ပူးေပါင္းပါ၀င္ေပးဖို႕

သားဆက္ျခားတာဆုိလည္း အမ်ိဳးသမီးနဲ႕ပဲဆုိင္တယ္လို႔ ေတာ္ေတာ္မ်ားမ်ားက ထင္တတ္ၾကပါတယ္။ သားအိမ္ဆုိတာကလည္း အမ်ိဳးသမီးမွာပဲ ပါတယ္၊ ကုိယ္၀န္ေဆာင္ ကေလးေမြးရတယ္ဆုိလည္း သူပဲ လုပ္ရတာကုိး။ ဒါေပမယ့္ ဒီေနရာမွာလည္း အမ်ိဳးသားေတြရဲ႕ အခန္းက႑က ပါ၀င္ပါေသးတယ္။

တစ္ခါက အမ်ိဳးသမီးတစ္ေယာက္နဲ႕ ၾကံဳဖူးပါတယ္။ ဘာလဲဆုိေတာ့ ကၽြန္ေတာ္တုိ႕ေဆးခန္းမွာ သားအိမ္ထဲထည္႕တဲ့ပစၥည္း လာထည္႔သြားတယ္။ ေနာက္ ၂ ရက္ေလာက္ေနေတာ့ မ်က္ႏွာမွာ ေရာင္ကုိင္းျပီး ျပန္ေရာက္လာတယ္။ ဘာျဖစ္တာလဲဆုိေတာ့ သူ ဒီပစၥည္းသုံးသြားတာ ေယာက်ာ္းသိသြားလို႔ တဲ့၊ ငါ့မေျပာဘဲ လုပ္လာရေအာင္ နင္က ေဖာက္ျပန္ခ်င္လို႔လား ဆုိျပီး ရုိက္တာ တဲ့။ ဆုိလိုတာက ကၽြန္ေတာ္တုိ႕ လူ႕အသိုင္းအ၀ုိင္းရဲ႕ သတ္မွတ္ခ်က္ေတြေၾကာင့္ ေယာက်ာ္းက မိန္းမထက္ တစ္ဆင့္ျမင့္သလို ျဖစ္ေနတယ္။ အမ်ိဳးသမီးက သားဆက္ျခားခ်င္တယ္၊ ဒီနည္းေတြ သံုးခ်င္တယ္ဆုိရင္ေတာင္မွ အမ်ိဳးသားက ခြင့္မျပဳလို႔၊ သေဘာမတူလို႕ မသံုးရဘူးဆုိတာေတြ ရွိတယ္။ တခ်ိဳ႕ေနရာေတြမွာဆုိ ဘယ္ေလာက္ဆုိးလဲဆုိေတာ့ နင့္ကို ငါယူထားတာ ကေလးေမြးဖို႕၊ ဘာတားေဆးမွ မသံုးနဲ႕ ဆုိျပီးေတာ့ကို ေျပာထားတာေတြေတာင္ ၾကံဳဖူးတယ္။ ဒီလိုအေနအထားေတြမွာ အမ်ိဳးသမီးေတြအေနနဲ႕ ကုိယ္၀န္တားဖုိ႕၊ မိခင္ေသႏႈန္း၊ ကေလးေသႏႈန္း ေလ်ာ့က်သြားမယ္ ဆိုတဲ့ သားဆက္ျခားျခင္းရဲ႕ အက်ိဳးေက်းဇူးေတြရဖုိ႕ ခက္ပါတယ္။

ခြင့္ျပဳတယ္ ဆုိရံုတင္မကဘဲ အမ်ိဳးသားေတြအေနနဲ႕ ထပ္ျပီးလုပ္ေဆာင္သင့္တာေလးေတြ ရွိပါတယ္။ ဘာလဲဆုိေတာ့ ဒီသားဆက္ျခားနည္းေတြနဲ႕ ပတ္သက္ျပီး အမ်ိဳးသမီးနဲ႕အတူတူ တုိင္ပင္မယ္။ သူ႕အတြက္ ဘယ္နည္းလမ္းက အေကာင္းဆံုးျဖစ္မယ္ဆုိတာကို ၀ုိင္းစဥ္းစားေပးမယ္။ သူ႕ဆံုးျဖတ္ခ်က္ကုိလည္း ေလးစားေပးမယ္။ ဒါဆုိရင္ အမ်ိဳးသမီးအေနနဲ႕ သူ႕ေရြးခ်ယ္မႈနဲ႕ ပတ္သက္ျပီး ပုိလို႔ သက္ေသာင့္သက္သာ ခံစားရပါမယ္။

အဲဒီအျပင္ တခ်ိဳ႕ေသာ သားဆက္ျခားနည္းေတြက အမ်ိဳးသားေတြရဲ႕ ပူးေပါင္းပါ၀င္မႈ လုိပါတယ္။ ဥပမာဆုိ ကြန္ဒံုး။ ကြန္ဒံုးက အမ်ိဳးသမီးသံုး ရွိေပမယ့္ အမ်ိဳးသားသံုးေလာက္ ၀ယ္ရမလြယ္ဘူး၊ ရွားတယ္။ ဒီေတာ့ အမ်ိဳးသမီးက ေဟာ္မုန္းရဲ႕ ေဘးထြက္ဆုိးက်ိဳးေတြ မခံစားခ်င္လို႕၊ ကေလးကလည္း အခိုက္အတန္႕ေလာက္ပဲ တားမွာမုိ႕ ဒီနည္းလမ္းသံုးခ်င္တယ္ ဆုိတဲ့အခါ အမ်ိဳးသားရဲ႕ ပူးေပါင္းပါ၀င္မႈ လိုလာတယ္။ ေနာက္ျပီး ရက္ေရွာင္တဲ့နည္းေတြမွာဆုိလည္း အမ်ိဳးသားက စနစ္တက် လိုက္နာဖို႔လိုပါတယ္။ ဒါမွ အမွားအယြင္းနည္းနည္းနဲ႕ ကုိယ္၀န္တားႏုိင္မွာပါ။

ေနာက္ဆံုးအေနနဲ႕ေတာ့ အမ်ိဳးသမီးကို ေဖးမကူညီေပးဖုိ႕ပါပဲ။ သားဆက္ျခားနည္းေတြအားလံုးမွာ ေဘးထြက္ဆုိးက်ိဳးဆုိတာ ရွိပါတယ္။ သံုးစမွာ ေသြးဆင္းမယ္၊ ရာသီပံုမမွန္ျဖစ္မယ္၊ ဗုိက္ေအာင့္တာ၊ ေခါင္းမူးတာ၊ ပ်ိဳ႕အန္ခ်င္တာ၊ ၀လာတာ၊ ဒါေတြျဖစ္တတ္တယ္။ ဒီအခါမွာ အမ်ိဳးသားက အားေပးမယ္၊ လိုအပ္တာ ေစာင့္ေရွာက္ေပးမယ္ဆုိရင္ ဒီအမ်ိဳးသမီးက ဒီနည္းလမ္းကို စိတ္ရွည္ရွည္နဲ႕ ဆက္သံုးျဖစ္မယ္၊ ဒီေတာ့ သားဆက္ျခားျခင္းရဲ႕ အက်ိဳးေက်းဇူးေတြကုိ ရႏုိင္တာေပါ့။ အဲဒီလိုမဟုတ္ဘဲ ေသြးနည္းနည္းဆင္းတာနဲ႕ ပစၥည္းသြားထုတ္လိုက္ေတာ့ မင္းတခုခုျဖစ္ရင္ မင္းပဲခံ ဆုိတာမ်ိဳး ေျပာလိုက္ရင္ေတာ့ ဒီအမ်ိဳးသမီးဟာ ဘယ္လုိမွ ဒါကုိ ဆက္သံုးျဖစ္ေတာ့မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ ေဘးထြက္ဆုိးက်ိဳးၾကံဳေတြ႕ေနရတဲ့ အမ်ိဳးသမီးေတြအတြက္ အမ်ိဳးသားမ်ားရဲ႕ အနီးကပ္အားေပးကူညီမႈက ဆရာ၀န္၊ ဆရာမေတြက ေပးတဲ့ေဆးေတြလိုပဲ အက်ိဳးရွိေစပါတယ္။

တကယ္ေတာ့ အမ်ိဳးသားနဲ႕ အမ်ိဳးသမီးဆုိတာ ကမာၻၾကီးရဲ႕ ေတာင္ပံတစ္စံုလိုပါပဲ။ တစ္ဖက္တည္း သန္စြမ္းေနလို႔ မရပါဘူး။ တစ္ဖက္က ပ်က္ေနရင္၊ အားနည္းေနရင္ ေနာက္တစ္ဖက္က ဘယ္ေလာက္လုပ္လုပ္ ေအာင္ျမင္မွာမဟုတ္ပါဘူး။ ဒါေၾကာင့္မုိ႕ အမ်ိဳးသမီး ဆုိတဲ့ ေတာင္ပံတစ္ဖက္ သန္စြမ္းဖို႕၊ အမ်ိဳးသမီးေတြရဲ႕ က်န္းမာေရးအဆင့္အတန္း တိုးတက္လာဖုိ႕၊ မျဖစ္သင့္တဲ့ ေရာဂါေတြမျဖစ္ဖုိ႕ အမ်ိဳးသားမ်ားရဲ႕ ပူးေပါင္းပါ၀င္မႈ သိပ္အေရးၾကီးပါတယ္။

ေဒါက္တာ ျဖိဳးသီဟ

၃.၁၀.၂၁၀၇ ထုတ္ Good Health ဂ်ာနယ္

(Unicode)

ဒီနေ့ခေတ်မှာ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာ တော်တော်များများကို ရှေ့တန်းတင် ပြောဆိုလာကြတာ သတိထားမိမှာပါ။ အမျိုးသမီးတွေမှာ ဘယ်လိုအခွင့်အရေးတွေ ရှိသလဲ အသိပညာပေးကြတယ်၊ ဒါမှ သူတို့အနေနဲ့ သူတို့ရဲ့ အခြေခံအခွင့်အရေးတွေအကြောင်း သိလာမယ်၊ တောင်းဆိုတတ်လာမယ်။ သူတို့ကိုချည်း ပြောနေလို့မရဘဲ တစ်ဖက်မှာလည်း အမျိုးသားတွေရဲ့ ပူးပေါင်းပါ၀င်မှုရှိလာအောင် ကြိုးစားကြရပါတယ်။ ဒါမှ အောင်မြင်မှာပါ။
ဒီဆောင်းပါးမှာတော့ အမျိုးသမီးတွေ ကြုံတွေ့ရတတ်တဲ့ ကျန်းမာရေးပြဿနာတွေမှာ အမျိုးသားတွေအနေနဲ့ ဘယ်လိုပါ၀င်လို့ရသလဲဆိုတာကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။

၁။ ဆေးလိပ်မသောက်ဖို့

ဆေးလိပ်ရဲ့ဆိုးကျိုးတွေကတော့ အများကြီးပါပဲ။ အဆုတ်ကင်ဆာ အားလုံးရဲ့ (၉၀)ရာခိုင်နှုန်းက ဆေးလိပ်ကြောင့်ဖြစ်တယ်။ တခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊ နှလုံးရောဂါ၊ သွေးကြောနဲ့ပတ်သက်တဲ့ ရောဂါတွေ၊ လေဖြတ်တာ စသဖြင့် အများကြီးကို ရှိပါတယ်။

အရက်နဲ့မတူတာကတော့ သောက်တဲ့သူတင် ဖြစ်တာမဟုတ်ဘဲ ဘေးနားက ရှူတဲ့သူပါ ရောဂါဖြစ်နိုင်တာပါပဲ။ ယောကျာ်းက ဆေးလိပ်သောက်တတ်တယ်ဆိုရင် အမျိုးသမီးဖြစ်သူမှာလည်း အဆုတ်ကင်ဆာဖြစ်နိုင်ချေ ၂၀ ရာခို်င်နှုန်းကနေ ၃၀ ရာခိုင်နှုန်းထိ မြင့်တက်စေတယ်။ အဲဒီအပြင် ကိုယ်ဝန်ရဖို့ခက်သွားတတ်တယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ ရှူမိရင် လမစေ့ဘဲမွေးတာ၊ ကလေးအသေ မွေးတာ၊ ပေါင်မပြည့်တာ၊ မွေးပြီးပြီးချင်း ဆုံးပါးသွားတာ၊ ဒါမျိုးတွေ ဖြစ်တတ်ပါတယ်။

မြန်မာနို်င်ငံမှာ အဖြစ်အများဆုံး ကင်ဆာဆိုရင် ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ အဆုတ်ကင်ဆာ စသဖြင့် အစဉ်လိုက် ရှိပါတယ်။ အရင်ကတော့ ရင်သားကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာက အမျိုးသမီးတွေပဲ အဓိကဖြစ်ပြီး၊ အဆုတ်ကင်ဆာကတော့ အမျိုးသားတွေပဲဖြစ်တယ်လို့ ထင်ကြပါတယ်။ ဘာလို့ဆိုတော့ ကျွန်တော်တို့ရဲ့ လူနေမှုပုံစံအရ အမျိုးသမီးတွေ ဆေးလိပ်သောက်တာ အင်မတန်ရှားတာကိုး။ နောက်ပိုင်းမှာတော့ အမျိုးသမီးတွေလည်း အဆုတ်ကင်ဆာဖြစ်လာကြတာ တွေ့ရပါတယ်။ အကြောင်းတစ်ခုကတော့ ဒီလိုဆေးလိပ်ငွေ့တွေနဲ့ ထိတွေ့မိတာကြောင့်ပါပဲ။

နောက်တစ်ခုက Third hand smoke လို့ခေါ်တဲ့ ဆေးလိပ်ငွေ့ရဲ့ အကြွင်းအကျန် ဓါတုဓါတ်တွေက အိမ်ရဲ့ အတွင်းပိုင်း နံရံ၊ ကော်ဇော၊ ကြမ်းပြင်တွေမှာ၊ ကိုယ့်ရဲ့ အကျီ၊ လက်ချောင်း စတာတွေမှာ ကပ်ကျန်နေတတ်တာကိုလည်း တွေ့လာရပါတယ်။ ဒီကနေတစ်ဆင့် ကလေးဆီကို ရောက်သွားပြီး ကလေးကလည်း ဒီဓါတုပစ္စည်းတွေနဲ့ ထိတွေ့ရသလို ဖြစ်သွားမှာပါ။ ဒါကြောင့်မို့ အပြင်မှာထွက် ဆေးလိပ်သောက်မယ်ဆိုတောင်မှ ဆေးလိပ်ငွေ့ရဲ့ အန္တရာယ်က ကိုယ့်အမျိုးသမီး၊ ကိုယ့်သားသမီးအတွက် ရှိနေဦးမှာ ဖြစ်ပါတယ်။

၂။ လိင်မှုကိစ္စမှာ စောင့်ထိန်းဖို့၊ တာဝန်ယူမှုရှိဖို့

အကောင်းဆုံးကတော့ တစ်လင်တစ်မယားစနစ် ကျင့်သုံးတာပါပဲ။ ဒါဆိုရင် လူမှုရေးပြဿနာတွေလည်း ကင်းသလို၊ လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေလည်း မရတော့ဘူးပေါ့။ တကယ်လို့များ အခြေအနေ အကြောင်းကြောင်းကြောင့် မှားယွင်းခဲ့ရင်တောင်၊ တစ်ပါးသူနဲ့ ဆက်ဆံမိရင်တောင် ဒီအမျိုးသားဟာ တာဝန်သိဖို့ လိုပါတယ်။ အကာအကွယ် ကွန်ဒုံးသုံးတာမျိုးပေါ့။ အဲဒီလိုလည်း မသုံးမိလိုက်ဘူးဆိုရင်တော့ ကိုယ့်အမျိုးသမီးအပေါ် ဖွင့်ဟပြောဆိုဖို့ လိုပါမယ်။ ဘာလို့ဆိုတော့ ကိုယ်ဟာ အကာအကွယ်မဲ့ ဆက်ဆံမိလိုက်တဲ့အတွက် လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတခုခု ရလာနိုင်တယ်။ သိပ်ဆိုးရင် HIV ပိုးလောက်အထိ ဖြစ်နိုင်တယ်။ ဒီအခါမှာ ပုံမှန်အတိုင်း ဘာမှမဖြစ်သလို ဟန်ဆောင်ဖုံးကွယ်ပြီး အမျိုးသမီးနဲ့ အတူနေလိုက်ရင် သူ့ဆီလည်း အဲဒီပိုးက ရောက်သွားနိုင်တယ်။ အချက်အလက်တွေအရ အာရှဒေသက အမျိုးသမီးတွေ ကာလသားရောဂါ ဖြစ်ရခြင်းအဓိကအကြောင်းက အမျိုးသားဆီက ကူးစက်တာဖြစ်တယ်။ ဒါကြောင့်မို့ အမျိုးသမီးကို ရိုးရိုးသားသား ဖွင့်ဟပြောဖို့၊ တာဝန်သိဖို့ လိုပါမယ်။ အဲ့လိုပြောလိုက်ရင် အိမ်ထောင်ကွဲမှာပေါ့ ဆိုလာရင်တော့ အစောကတည်းက ဒီလိုမဖြစ်ချင်ရင် စောင့်ထိန်းပါ၊ အကာအကွယ်သုံးပါလို့ပဲ ပြန်ဖြေရမှာဖြစ်ပါတယ်။

အမျိုးသမီးတွေမှာ အင်မတန်မှကို အဖြစ်များတဲ့ သားအိမ်ခေါင်းကင်ဆာဆိုလည်း လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ Human Papilloma Virus လို့ခေါ်တဲ့ ပိုးကြောင့် ဒီကင်ဆာဖြစ်တာပါ။ အဲဒီပိုးက လိင်ဆက်ဆံရာကတစ်ဆင့် ကူးစက်ပါတယ်။ ဘယ်လိုလူတွေမှာ အဖြစ်များလဲဆိုရင် လိင်ဆက်ဆံဖက်များတဲ့သူ၊ အသက်ငယ်ငယ်နဲ့ လိင်ဆက်ဆံမှု စတင်ခဲ့သူ၊ ကလေးအများကြီးမွေးထားသူ၊ အဲဒီထဲက တစ်ချက်ကတော့ ကိုယ့်ယောကျာ်းက လိင်ဆက်ဆံဖက်များရင် ကိုယ့်မှာ သားအိမ်ခေါင်းဖြစ်နိုင်ချေ ပိုများတာပါပဲ။ HIV ပိုး၊ ကာလသားပိုးတွေက နှစ်ဦးအတူတူ ကူးစက်ခံရပါတယ်၊ သားအိမ်ခေါင်းကင်ဆာလို ရောဂါမျိုးကတော့ အမျိုးသမီးမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အမျိုးသားတွေအနေနဲ့ ကိုယ်နဲ့မဆိုင်သလို လုပ်မနေဘဲ၊ ကိုယ့်အမျိုးသမီးရဲ့ လိင်မှုဆိုင်ရာ ကျန်းမာရေးအတွက် စောင့်ထိန်းသင့်တာတွေ စောင့်ထိန်းကြဖို့ လိုပါတယ်။

၃။ သားဆက်ခြားတဲ့ကိစ္စမှာ ပူးပေါင်းပါ၀င်ပေးဖို့

သားဆက်ခြားတာဆိုလည်း အမျိုးသမီးနဲ့ပဲဆိုင်တယ်လို့ တော်တော်များများက ထင်တတ်ကြပါတယ်။ သားအိမ်ဆိုတာကလည်း အမျိုးသမီးမှာပဲ ပါတယ်၊ ကိုယ်ဝန်ဆောင် ကလေးမွေးရတယ်ဆိုလည်း သူပဲ လုပ်ရတာကိုး။ ဒါပေမယ့် ဒီနေရာမှာလည်း အမျိုးသားတွေရဲ့ အခန်းကဏ္ဍက ပါ၀င်ပါသေးတယ်။

တစ်ခါက အမျိုးသမီးတစ်ယောက်နဲ့ ကြံုဖူးပါတယ်။ ဘာလဲဆိုတော့ ကျွန်တော်တို့ဆေးခန်းမှာ သားအိမ်ထဲထည့်တဲ့ပစ္စည်း လာထည့်သွားတယ်။ နောက် ၂ ရက်လောက်နေတော့ မျက်နှာမှာ ရောင်ကိုင်းပြီး ပြန်ရောက်လာတယ်။ ဘာဖြစ်တာလဲဆိုတော့ သူ ဒီပစ္စည်းသုံးသွားတာ ယောကျာ်းသိသွားလို့ တဲ့၊ ငါ့မပြောဘဲ လုပ်လာရအောင် နင်က ဖောက်ပြန်ချင်လို့လား ဆိုပြီး ရိုက်တာ တဲ့။ ဆိုလိုတာက ကျွန်တော်တို့ လူ့အသိုင်းအဝိုင်းရဲ့ သတ်မှတ်ချက်တွေကြောင့် ယောကျာ်းက မိန်းမထက် တစ်ဆင့်မြင့်သလို ဖြစ်နေတယ်။ အမျိုးသမီးက သားဆက်ခြားချင်တယ်၊ ဒီနည်းတွေ သုံးချင်တယ်ဆိုရင်တောင်မှ အမျိုးသားက ခွင့်မပြုလို့၊ သဘောမတူလို့ မသုံးရဘူးဆိုတာတွေ ရှိတယ်။ တချို့နေရာတွေမှာဆို ဘယ်လောက်ဆိုးလဲဆိုတော့ နင့်ကို ငါယူထားတာ ကလေးမွေးဖို့၊ ဘာတားဆေးမှ မသုံးနဲ့ ဆိုပြီးတော့ကို ပြောထားတာတွေတောင် ကြံုဖူးတယ်။ ဒီလိုအနေအထားတွေမှာ အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်တားဖို့၊ မိခင်သေနှုန်း၊ ကလေးသေနှုန်း လျော့ကျသွားမယ် ဆိုတဲ့ သားဆက်ခြားခြင်းရဲ့ အကျိုးကျေးဇူးတွေရဖို့ ခက်ပါတယ်။

ခွင့်ပြုတယ် ဆိုရုံတင်မကဘဲ အမျိုးသားတွေအနေနဲ့ ထပ်ပြီးလုပ်ဆောင်သင့်တာလေးတွေ ရှိပါတယ်။ ဘာလဲဆိုတော့ ဒီသားဆက်ခြားနည်းတွေနဲ့ ပတ်သက်ပြီး အမျိုးသမီးနဲ့အတူတူ တိုင်ပင်မယ်။ သူ့အတွက် ဘယ်နည်းလမ်းက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ၀ုိင်းစဉ်းစားပေးမယ်။ သူ့ဆုံးဖြတ်ချက်ကိုလည်း လေးစားပေးမယ်။ ဒါဆိုရင် အမျိုးသမီးအနေနဲ့ သူ့ရွေးချယ်မှုနဲ့ ပတ်သက်ပြီး ပိုလို့ သက်သောင့်သက်သာ ခံစားရပါမယ်။

အဲဒီအပြင် တချို့သော သားဆက်ခြားနည်းတွေက အမျိုးသားတွေရဲ့ ပူးပေါင်းပါ၀င်မှု လိုပါတယ်။ ဥပမာဆို ကွန်ဒုံး။ ကွန်ဒုံးက အမျိုးသမီးသုံး ရှိပေမယ့် အမျိုးသားသုံးလောက် ၀ယ်ရမလွယ်ဘူး၊ ရှားတယ်။ ဒီတော့ အမျိုးသမီးက ဟော်မုန်းရဲ့ ဘေးထွက်ဆိုးကျိုးတွေ မခံစားချင်လို့၊ ကလေးကလည်း အခိုက်အတန့်လောက်ပဲ တားမှာမို့ ဒီနည်းလမ်းသုံးချင်တယ် ဆိုတဲ့အခါ အမျိုးသားရဲ့ ပူးပေါင်းပါ၀င်မှု လိုလာတယ်။ နောက်ပြီး ရက်ရှောင်တဲ့နည်းတွေမှာဆိုလည်း အမျိုးသားက စနစ်တကျ လိုက်နာဖို့လိုပါတယ်။ ဒါမှ အမှားအယွင်းနည်းနည်းနဲ့ ကိုယ်ဝန်တားနိုင်မှာပါ။

နောက်ဆုံးအနေနဲ့တော့ အမျိုးသမီးကို ဖေးမကူညီပေးဖို့ပါပဲ။ သားဆက်ခြားနည်းတွေအားလုံးမှာ ဘေးထွက်ဆိုးကျိုးဆိုတာ ရှိပါတယ်။ သုံးစမှာ သွေးဆင်းမယ်၊ ရာသီပုံမမှန်ဖြစ်မယ်၊ ဗိုက်အောင့်တာ၊ ခေါင်းမူးတာ၊ ပျို့အန်ချင်တာ၊ ၀လာတာ၊ ဒါတွေဖြစ်တတ်တယ်။ ဒီအခါမှာ အမျိုးသားက အားပေးမယ်၊ လိုအပ်တာ စောင့်ရှောက်ပေးမယ်ဆိုရင် ဒီအမျိုးသမီးက ဒီနည်းလမ်းကို စိတ်ရှည်ရှည်နဲ့ ဆက်သုံးဖြစ်မယ်၊ ဒီတော့ သားဆက်ခြားခြင်းရဲ့ အကျိုးကျေးဇူးတွေကို ရနိုင်တာပေါ့။ အဲဒီလိုမဟုတ်ဘဲ သွေးနည်းနည်းဆင်းတာနဲ့ ပစ္စည်းသွားထုတ်လိုက်တော့ မင်းတခုခုဖြစ်ရင် မင်းပဲခံ ဆိုတာမျိုး ပြောလိုက်ရင်တော့ ဒီအမျိုးသမီးဟာ ဘယ်လိုမှ ဒါကို ဆက်သုံးဖြစ်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဘေးထွက်ဆိုးကျိုးကြံုတွေ့နေရတဲ့ အမျိုးသမီးတွေအတွက် အမျိုးသားများရဲ့ အနီးကပ်အားပေးကူညီမှုက ဆရာဝန်၊ ဆရာမတွေက ပေးတဲ့ဆေးတွေလိုပဲ အကျိုးရှိစေပါတယ်။

တကယ်တော့ အမျိုးသားနဲ့ အမျိုးသမီးဆိုတာ ကမ္ဘာကြီးရဲ့ တောင်ပံတစ်စုံလိုပါပဲ။ တစ်ဖက်တည်း သန်စွမ်းနေလို့ မရပါဘူး။ တစ်ဖက်က ပျက်နေရင်၊ အားနည်းနေရင် နောက်တစ်ဖက်က ဘယ်လောက်လုပ်လုပ် အောင်မြင်မှာမဟုတ်ပါဘူး။ ဒါကြောင့်မို့ အမျိုးသမီး ဆိုတဲ့ တောင်ပံတစ်ဖက် သန်စွမ်းဖို့၊ အမျိုးသမီးတွေရဲ့ ကျန်းမာရေးအဆင့်အတန်း တိုးတက်လာဖို့၊ မဖြစ်သင့်တဲ့ ရောဂါတွေမဖြစ်ဖို့ အမျိုးသားများရဲ့ ပူးပေါင်းပါ၀င်မှု သိပ်အရေးကြီးပါတယ်။

ဒေါက်တာ ဖြိုးသီဟ

၃.၁၀.၂၁၀၇ ထုတ် Good Health ဂျာနယ်

2K Shares
Share2K
Tweet
+1
Share