ဆယ္သြယ္ေျပာဆုိျခင္း အႏုပညာ

(Zawgyi)

ကၽြန္ေတာ္တို႕အိမ္မွာ ေၾကာင္ေလးတစ္ေကာင္ ေမြးထားတယ္။ တစ္ရက္ ကၽြန္ေတာ္ရယ္၊ ကၽြန္ေတာ့္အေဖရယ္၊ ကၽြန္ေတာ့္အေမရယ္ အျပင္က ျပန္လာလို႕ အိမ္ထဲ၀င္၀င္ခ်င္း အဲဒီေၾကာင္ေလးက ေညာင္ လို႕ေအာ္လိုက္တယ္။ အဲဒါကို ၾကားတဲ့ ကၽြန္ေတာ္က ‘ဒီေကာင္ ေၾကာက္ေနရွာတာ ခုမွလူေတြျပန္လာလို႕ ေပ်ာ္သြားပံုရတယ္’ လို႕ ေျပာတယ္။ အေမက ‘သနားပါတယ္ ေၾကာင္ေလးဗုိက္ဆာေနျပီ’ တဲ့။ ေၾကာင္သိပ္ခ်စ္တတ္တဲ့ အေဖကေတာ့ အဲဒါ သူ႕ကို ႏႈတ္ဆက္တာပါ တဲ့။

ေၾကာင္က ဘာကိုဆုိလိုတယ္ဆုိတာ ေၾကာင္ပဲသိမယ္။ ေပ်ာ္သြားတာလား၊ ဗုိက္ဆာေနတာလား၊ တကယ္ပဲ သခင္ကို ႏႈတ္ဆက္တာလား၊ ဒါမွမဟုတ္ တျခားတခုခုလား ဆုိတာ သူကလြဲျပီး ဘယ္သူမွမသိဘူး။ သူ႕ရဲ႕အသံကုိ ၾကားလိုက္ရတဲ့ လူတစ္ေယာက္ခ်င္းရဲ႕ စိတ္ေနစိတ္ထား၊ ခံယူခ်က္အလိုက္ တစ္ေယာက္တစ္မ်ိဳးစီ အဓိပၸါယ္ေကာက္သြားၾကတာ။

ကၽြန္ေတာ္တုိ႕ ကေလးဘ၀ကလည္း ဒီလိုပဲ။ ကုိယ္က စကားမတတ္ေသးေတာ့ အလုိမက်ရင္၊ လိုခ်င္တာတခုခုရွိရင္ ငိုမယ္။ ဒါကုိ လူၾကီးက သေဘာေပါက္ပါမွ။ မဟုတ္ရင္ ကုိယ္က ႏုိ႕ဆာလို႕ငုိတာကို အႏွီးလာလဲေပးရင္ အလကားပဲ။

လူေတြေျပာေျပာေနတဲ့ Communication gap ဆုိတာ အဲဒါပဲျဖစ္ပါတယ္။ ကုိယ္ေျပာခ်င္တဲ့ အဓိပၸါယ္က တစ္ဖက္ကိုေရာက္မသြားရင္၊ ေရာက္ေတာ့ေရာက္သြားတယ္၊ ဒါေပမယ့္ ေပးတဲ့အဓိပၸါယ္အတုိင္း ေရာက္မသြားရင္ ကုိယ္နဲ႕သူနဲ႕ ဆက္သြယ္ေျပာဆုိမႈမွာ Gap (ကြက္လပ္) ျဖစ္သြားျပီ။ ဒါဆုိ အထင္ေတြလြဲေတာ့မယ္။ ျပႆနာေတြ တက္ေတာ့မယ္။

ဆရာ၀န္နဲ႕ လူနာၾကားက ျပႆနာအမ်ားစုသည္ ဒါေၾကာင့္ပဲ။ ကုိယ္သိထားတာကို မရွင္းျပလိုက္ဘူး။ ဒီေတာ့ လူနာနဲ႕ လူနာရွင္ဘက္က အထင္မွားသြားတယ္။ လူမႈကြန္ရက္မွာ တခ်ိဳ႕ေတြ အေ၀ဖန္ခံ၊ အေျပာဆုိခံရတယ္၊ ဘာေၾကာင့္လဲ။ ေပးခ်င္တဲ့မက္ေဆ့က မွန္ေပမယ့္ သူေျပာခ်င္တဲ့အတုိင္း လူေတြသေဘာေပါက္ေအာင္ မေျပာႏုိင္တဲ့အခါမွာ အထင္မွားခံရတယ္။ ကိုယ္မဲေပးလိုက္တဲ့ အမတ္ ဘာေတြလုပ္ေနလဲ မဲဆႏၵရွင္ျပည္သူေတြက မသိဘူး။ ဘာလုိ႕လဲ။ လုပ္ေတာ့လုပ္ေနေပမယ့္ ျပည္သူသိေအာင္ မျပဘူး။ ျပည္သူနဲ႕ အျမဲဆက္သြယ္မေနဘူး။ ဒါေၾကာင့္မုိ႕လည္း ဒီေန႕ေခတ္မွာ Communication skill အေရးၾကီးတယ္ ဆုိတာကုိ တအားေရွ႕တန္းတင္ ေျပာဆုိလာၾကတာ ျဖစ္ပါတယ္။

အဲဒီလို Gap ေတြ မျဖစ္ေအာင္ လုပ္ဖုိ႕ဆုိရင္ အရင္ဆံုး ဆက္သြယ္ေျပာဆုိျခင္း (Communication) ဆုိတာ ဘာလဲ အရင္သိထားဖုိ႕လိုပါတယ္။

၁) Communication ဆိုတာ ဘာလဲ

လူအခ်င္းခ်င္း သတင္းအခ်က္အလက္ေတြ၊ ခံစားခ်က္ေတြ၊ အေတြးအေခၚေတြကို ဖလွယ္ၾကတဲ့ျဖစ္စဥ္တစ္ရပ္ ျဖစ္ပါတယ္။ ဒီျဖစ္စဥ္မွာ အေျပာ၊ အေရး၊ အျပတို႕နဲ႕ တစ္ေယာက္ကုိတစ္ေယာက္ ဆက္သြယ္ေနၾကပါတယ္။ ဖလွယ္တာျဖစ္လုိ႕ တစ္ေယာက္တည္းကပဲ သတင္းအခ်က္အလက္ ေပးပုိ႕သူျဖစ္ေနတဲ့ တစ္ခ်ိန္တည္းမွာ ရယူသူလည္း ျဖစ္ေနျပန္ပါေသးတယ္။ ကုိယ္ကခ်ည္းပဲ ေျပာေနတယ္ဆုိရင္ေတာင္ ျငိမ္ျပီး နားေထာင္သူေတြကလည္း ကုိယ့္ကုိ သတင္းမက္ေဆ့ေတြ ေပးေနတာရွိပါတယ္။ ျမင္ေအာင္ၾကည္႕ၾကည္႕ပါ။ ပ်င္းတဲ့ပံုေပါက္ေနသလား၊ တအားကို စိတ္၀င္စားေနသလား၊ ကုိယ့္ကို စင္ေပၚကေန ဆင္းေစခ်င္သလား၊ စတာေတြကို သူတုိ႕မ်က္ႏွာနဲ႕ ကုိယ္ေနဟန္ထားေတြကေန ၾကည္႕လုိ႕ရပါတယ္။ စကားေျပာေကာင္းတယ္ ဆုိတဲ့ေနရာမွာလည္း စကားတစ္ခုတည္း နားေထာင္ေကာင္းေနတာ မဟုတ္ပါဘူး။ သူ႕ရဲ႕ စကားလံုးအသံုးအႏႈန္း၊ ေလယူေလသိမ္း၊ ကုိယ္ေနဟန္ထား စတာေတြအားလံုး ပါ၀င္ေနပါတယ္။ ဒါေၾကာင့္မို႕ အေျပာေရာ အျပပါ အေရးၾကီးတယ္။ စာေရးတယ္ဆုိတာကလည္း စာေရးဆရာ ျဖစ္မွ လိုအပ္တာမဟုတ္ဘူး။ ေန႕စဥ္နဲ႕အမွ် အီးေမးလ္ေတြ ပို႕ေနရတယ္။ လုပ္ငန္းေတြက သူတို႔ရဲ႕ Customer ေတြဆီ သတင္းစကားေတြ ပုိ႕ေနရတယ္။ ဒီေနရာေတြမွာ လူစိတ္၀င္စားေအာင္ ေရးတတ္ရင္၊ ဖတ္ရအဆင္ေျပရင္၊ ဖတ္ေကာင္းေအာင္ တင္ျပတတ္ရင္ အဲဒါ Communication အားသာတာပဲ။ အဲ့လိုလူ၊ အဲ့လိုလုပ္ငန္းက ဘယ္အလုပ္မွာမဆုိ သူမ်ားထက္ ေခါင္းတစ္လံုး ပုိသာေနတတ္ပါတယ္။

၂) ဆက္သြယ္ေျပာဆုိျခင္းျဖစ္စဥ္

ဆက္သြယ္ေျပာဆုိတယ္ ဆုိတာက သတင္းအခ်က္အလက္တစ္ခုကို တစ္ဖက္ကေန တစ္ဖက္ကုိ ပို႕တဲ့ျဖစ္စဥ္ပါ။ ဒီျဖစ္စဥ္မွာ အစိတ္အပုိင္း ၄ ပိုင္း ပါပါတယ္။

၁။ ေပးပုိ႕သူ (Sender)

၂။ ဆက္သြယ္ေရးလမ္းေၾကာင္း (Channel)

၃။ လက္ခံရယူသူ (Receiver)

၄။ တံု႕ျပန္မႈ (Feedback) တုိ႕ျဖစ္ပါတယ္။

ေပးပုိ႕မယ့္သူကေတာ့ ကုိယ္ေပါ့။ ဒါဆုိ ကုိယ္က ကုိယ္ေျပာခ်င္တဲ့မက္ေဆ့တစ္ခုကို တစ္ဖက္က ကုိယ္သိေစခ်င္တဲ့သူသိေအာင္ ဘယ္လိုလုပ္မွာလဲ။ အရင္ဆံုး လမ္းေၾကာင္းကို ေရြးရမယ္။ လူခ်င္းေတြ႕ျပီးေျပာမွာလား။ ဖုန္းဆက္မွာလား။ အီးေမးလ္ပို႕မွာလား။ Facebook messenger ကေန လွမ္းေျပာမွာလား။ ဘယ္လိုလမ္းေၾကာင္းက အေကာင္းဆံုးျဖစ္မယ္ဆုိတာကုိ စဥ္းစားဖို႕လိုပါတယ္။ အေသးစိတ္ေဆြးေႏြးရမွာကို မက္ေဆ့ပို႕ေနရင္ မျပီးေတာ့သလို၊ ခပ္ျမန္ျမန္ ေဆြးေႏြးရမွာကိုလည္း လူခ်င္းေတြ႕ဖုိ႕လုပ္ေနရင္ ခ်ိန္းေနရတာနဲ႕ကို အခ်ိန္ကုန္လိမ့္မယ္။

၃) Communication gap မျဖစ္ဖုိ႕ဆုိရင္

ဒီဆက္သြယ္ေျပာဆုိမႈျဖစ္စဥ္မွာ အထူးျပဳျပီး ေျပာလိုတာကေတာ့ Feedback ပဲ။ ကၽြန္ေတာ္တုိ႕ ၾကံဳေနရတဲ့ Communication gap ေတာ္ေတာ္မ်ားမ်ားက Feedback မယူခဲ့လို႕ျဖစ္တာ။ ဥပမာ ကုိယ္က အီးေမးလ္ပို႕လိုက္တယ္။ တစ္ဖက္ကလူ ဖြင့္ဖတ္ျဖစ္ မဖတ္ျဖစ္ လွမ္းမေမးဘူး။ ဖုန္းဆက္လိုက္တယ္၊ ဆူညံသံေတြနဲ႕၊ လိုင္းကလည္း မမိေတာ့ တစ္ဖက္လူက သဲသဲကြဲကြဲမၾကားရဘဲ အဓိပၸါယ္တစ္မ်ိဳး ေကာက္သြားတယ္။ ဒါေတြေၾကာင့္ အထင္လြဲတာ၊ အလုပ္မျဖစ္တာ၊ အဆင္မေျပတာေတြ ျဖစ္ကုန္ရတယ္။ ဒါေၾကာင့္မုိ႕ ကိုယ္တခုခု ဆက္သြယ္ျပီးတုိင္း တစ္ဖက္လူဆီက Feedback ျပန္ယူတတ္ဖုိ႕ သိပ္အေရးၾကီးပါတယ္။

ဒီေနရာမွာ နာမည္ေက်ာ္တင္းနစ္မယ္ ရွာရာပိုဗာရဲ႕ အျဖစ္က သင္ခန္းစာယူစရာေကာင္းတယ္။ တင္းနစ္အဖြဲ႕ခ်ဳပ္ကေန ေဆးတစ္မ်ိဳးကုိ တားျမစ္ေဆးအျဖစ္ သတ္မွတ္လိုက္ေၾကာင္းနဲ႕ ဘယ္ကာလကစျပီး ကစားသမားေတြ သံုးစြဲခြင့္မရွိေတာ့ေၾကာင္း အီးေမးလ္ေတြပို႕တယ္။ ျဖစ္ခ်င္ေတာ့ ရွာရာပုိဗာက အဲဒီေမးလ္ကုိ မေတြ႕ဘူး။ ဆက္သံုးေနတယ္။ တားျမစ္ေဆးစစ္တဲ့အခ်ိန္က်ေတာ့ သူ ဒီေဆးကို သံုးထားတာေတြ႕တယ္။ ေဆးက်တယ္။ အဲဒီေတာ့မွ အဖြဲ႕ခ်ဳပ္က ေမးလ္ပို႕ထားတာ သူမသိလိုက္တာ ျဖစ္ေနတယ္။ ေနာက္ဆံုး ပြဲပယ္ျပစ္ဒဏ္ က်ခံရတယ္။ ကစားသမားအတြက္လည္း မေကာင္းသလို၊ ရွာရာပိုဗာလို နာမည္ေက်ာ္တစ္ေယာက္ ၀င္မျပိဳင္ႏုိင္ေတာ့တဲ့အတြက္ ျပိဳင္ပြဲေတြ၊ စီးပြားေရးလုပ္ငန္းေတြလည္း နစ္နာတယ္၊ ပရိသတ္ေတြလည္း စိတ္မေကာင္းျဖစ္ရတယ္။ ဒီျဖစ္စဥ္မွာ တျခားေသာ အေၾကာင္းရင္းခံေတြ ရွိေနတယ္ ေျပာၾကေပမယ့္ Communication ရႈေထာင့္ကပဲ ၾကည္႕ရင္ေတာ့ ဒါဟာ Feedback ယူမႈ အားနည္းသြားလုိ႕ ျဖစ္ရတာပဲ။ ကိုယ့္ဘက္က ပုိ႕ျပီးျပီပဲ၊ စစ္ရမွာသူ႕တာ၀န္ ဆိုတာက မွန္ေတာ့မွန္ေပမယ့္ တကယ္တမ္းသာ ဒီလိုေတြ Gap မျဖစ္ခ်င္ရင္ေတာ့ Feedback ျပန္ယူတာ အေကာင္းဆံုးပါပဲ။

ကၽြန္ေတာ္တုိ႕ေတြ လုပ္မိေနတဲ့အမွားတစ္ခုကိုလည္း ေျပာခ်င္ပါေသးတယ္။ အဲဒါကေတာ့ ကုိယ္က မက္ေဆ့ကို လက္ခံရယူသူျဖစ္ရင္ လက္ခံရရွိေၾကာင္း မေျပာမိတတ္ၾကတာပဲ။ ေမးလ္ဆုိ ဖြင့္ဖတ္လိုက္တယ္။ လက္ခံရရွိေၾကာင္း စာမျပန္ဘူး။ မက္ေဆ့ေတြ႕တယ္၊ ဖတ္လိုက္တယ္၊ ဖတ္ျပီးျပီ သိျပီးျပီဆုိတာ လွမ္းမေျပာဘူး။ ဒီေတာ့ တစ္ဖက္က ဖုန္းလွမ္းဆက္ျပီး ဖတ္ျပီးျပီလား လွမ္းေမးေနရတယ္။ ေနာက္ၾကာလာေတာ့ တစ္ဖက္က ပို႕ျပီးရင္ျပီးျပီ၊ ဒီလူက သူဖတ္ျပီးလည္း စာျပန္တာမွ မဟုတ္တာလို႕ ေတြးလာေတာ့တယ္။ တကယ္တမ္း ကၽြန္ေတာ္တုိ႕သာ ပံုမွန္ေလး စာျပန္ေပးမယ္ဆုိ ကၽြန္ေတာ္တုိ႕ ျပန္တဲ့စာ မရတာနဲ႕ တစ္ဖက္က သေဘာေပါက္ျပီ၊ ဒီလူ ငါပုိ႕လိုက္တဲ့ေမးလ္၊ ငါပို႕လိုက္တဲ့ မက္ေဆ့ကို ဖြင့္မဖတ္ရေလာက္ေသးဘူးဆုိျပီး။ ဒါဆုိရင္ သူ ကုိယ့္ကို ဖုန္းဆက္လာမယ္။ တစ္နည္းနည္းနဲ႕ လွမ္းအေၾကာင္းၾကားလာလိမ့္မယ္။ ဒါေၾကာင့္မုိ႕ ကုိယ္က ေပးပုိ႕သူျဖစ္ေနရင္ တတ္ႏုိင္သေလာက္ အျမဲတမ္း Feedback ျပန္ျပန္ယူပါ။ ကုိယ္က လက္ခံရသူျဖစ္ေနရင္လည္း ကုိယ့့္ကုိေပးပို႕သူဆီ Feedback အျမဲ ျပန္ေပးပါ။ အဲဒီအေလ့အက်င့္ေလးက ကၽြန္ေတာ္တို႕ၾကံဳေနရတဲ့ Communication gap ေတာ္ေတာ္မ်ားမ်ားကုိ အဆင္ေျပသြားေစပါလိမ့္မယ္။

ကေလးဘ၀ကေတာ့ ငိုပဲငိုတတ္လို႕ ကုိယ္ေျပာခ်င္တဲ့အဓိပၸါယ္ လူၾကီးက မသိတာမ်ိဳး ျဖစ္ႏုိင္ပါတယ္။ ဒီလုိပဲ၊ လူၾကီးကေန ကေလးေလး ဘာလို႕ငို္ေနလဲ ျပန္ေမးေနေပမယ့္ ကုိယ္ကမွ နားမလည္တာ၊ အလိုမက်မခ်င္း ငိုျခင္းနဲ႕ပဲ ဆက္သြယ္ခဲ့ရပါတယ္။ ခုလိုအရြယ္ေရာက္လာေတာ့ ကၽြန္ေတာ္တုိ႕ဟာ တစ္ဖက္လူနားလည္ေအာင္ ေျပာတတ္လာပါျပီ။ တစ္ဖက္က ျပန္ေျပာတာကုိလည္း နားလည္လာပါျပီ။ ဒါေပမယ့္ ကေလးဘ၀ကလုိပဲ ကၽြန္ေတာ္တို႕ဟာ Communication gap ေတြနဲ႕ ျပႆနာေတြ ၾကံဳေနရတုန္းပါပဲ။ ဒါေၾကာင့္မုိ႕ ဒီလိုမ်ိဳး ဆက္သြယ္ေျပာဆုိျခင္းျဖစ္စဥ္ကုိ ေကာင္းေကာင္းသေဘာေပါက္ျပီး ကုိယ့္လုပ္ငန္းခြင္၊ ကုိယ့္မိသားစုနဲ႕ ကုိယ့္ပတ္၀န္းက်င္မွာ ပုိမိုဂရုစို္က္လာႏုိင္မယ္ဆုိရင္ အဆင္မေျပမႈ၊ အထင္လြဲမႈေတြ နည္းသြားမွာျဖစ္သလို၊ ပုိေအာင္ျမင္တဲ့၊ ပိုေပ်ာ္ရႊင္ရတဲ့ လူတစ္ေယာက္လည္း ျဖစ္လာပါလိမ့္မယ္။

ေဒါက္တာ ျဖိဳးသီဟ

၂၉.၁၁.၂၀၁၇

(Unicode)

ကျွန်တော်တို့အိမ်မှာ ကြောင်လေးတစ်ကောင် မွေးထားတယ်။ တစ်ရက် ကျွန်တော်ရယ်၊ ကျွန်တော့်အဖေရယ်၊ ကျွန်တော့်အမေရယ် အပြင်က ပြန်လာလို့ အိမ်ထဲဝင်ဝင်ချင်း အဲဒီကြောင်လေးက ညောင် လို့အော်လိုက်တယ်။ အဲဒါကို ကြားတဲ့ ကျွန်တော်က ‘ဒီကောင် ကြောက်နေရှာတာ ခုမှလူတွေပြန်လာလို့ ပျော်သွားပုံရတယ်’ လို့ ပြောတယ်။ အမေက ‘သနားပါတယ် ကြောင်လေးဗိုက်ဆာနေပြီ’ တဲ့။ ကြောင်သိပ်ချစ်တတ်တဲ့ အဖေကတော့ အဲဒါ သူ့ကို နှုတ်ဆက်တာပါ တဲ့။

ကြောင်က ဘာကိုဆိုလိုတယ်ဆိုတာ ကြောင်ပဲသိမယ်။ ပျော်သွားတာလား၊ ဗိုက်ဆာနေတာလား၊ တကယ်ပဲ သခင်ကို နှုတ်ဆက်တာလား၊ ဒါမှမဟုတ် တခြားတခုခုလား ဆိုတာ သူကလွဲပြီး ဘယ်သူမှမသိဘူး။ သူ့ရဲ့အသံကို ကြားလိုက်ရတဲ့ လူတစ်ယောက်ချင်းရဲ့ စိတ်နေစိတ်ထား၊ ခံယူချက်အလိုက် တစ်ယောက်တစ်မျိုးစီ အဓိပ္ပါယ်ကောက်သွားကြတာ။

ကျွန်တော်တို့ ကလေးဘဝကလည်း ဒီလိုပဲ။ ကိုယ်က စကားမတတ်သေးတော့ အလိုမကျရင်၊ လိုချင်တာတခုခုရှိရင် ငိုမယ်။ ဒါကို လူကြီးက သဘောပေါက်ပါမှ။ မဟုတ်ရင် ကိုယ်က နို့ဆာလို့ငိုတာကို အနှီးလာလဲပေးရင် အလကားပဲ။

လူတွေပြောပြောနေတဲ့ Communication gap ဆိုတာ အဲဒါပဲဖြစ်ပါတယ်။ ကိုယ်ပြောချင်တဲ့ အဓိပ္ပါယ်က တစ်ဖက်ကိုရောက်မသွားရင်၊ ရောက်တော့ရောက်သွားတယ်၊ ဒါပေမယ့် ပေးတဲ့အဓိပ္ပါယ်အတိုင်း ရောက်မသွားရင် ကိုယ်နဲ့သူနဲ့ ဆက်သွယ်ပြောဆိုမှုမှာ Gap (ကွက်လပ်) ဖြစ်သွားပြီ။ ဒါဆို အထင်တွေလွဲတော့မယ်။ ပြဿနာတွေ တက်တော့မယ်။

ဆရာဝန်နဲ့ လူနာကြားက ပြဿနာအများစုသည် ဒါကြောင့်ပဲ။ ကိုယ်သိထားတာကို မရှင်းပြလိုက်ဘူး။ ဒီတော့ လူနာနဲ့ လူနာရှင်ဘက်က အထင်မှားသွားတယ်။ လူမှုကွန်ရက်မှာ တချို့တွေ အဝေဖန်ခံ၊ အပြောဆိုခံရတယ်၊ ဘာကြောင့်လဲ။ ပေးချင်တဲ့မက်ဆေ့က မှန်ပေမယ့် သူပြောချင်တဲ့အတိုင်း လူတွေသဘောပေါက်အောင် မပြောနိုင်တဲ့အခါမှာ အထင်မှားခံရတယ်။ ကိုယ်မဲပေးလိုက်တဲ့ အမတ် ဘာတွေလုပ်နေလဲ မဲဆန္ဒရှင်ပြည်သူတွေက မသိဘူး။ ဘာလို့လဲ။ လုပ်တော့လုပ်နေပေမယ့် ပြည်သူသိအောင် မပြဘူး။ ပြည်သူနဲ့ အမြဲဆက်သွယ်မနေဘူး။ ဒါကြောင့်မို့လည်း ဒီနေ့ခေတ်မှာ Communication skill အရေးကြီးတယ် ဆိုတာကို တအားရှေ့တန်းတင် ပြောဆိုလာကြတာ ဖြစ်ပါတယ်။

အဲဒီလို Gap တွေ မဖြစ်အောင် လုပ်ဖို့ဆိုရင် အရင်ဆုံး ဆက်သွယ်ပြောဆိုခြင်း (Communication) ဆိုတာ ဘာလဲ အရင်သိထားဖို့လိုပါတယ်။

၁) Communication ဆိုတာ ဘာလဲ

လူအချင်းချင်း သတင်းအချက်အလက်တွေ၊ ခံစားချက်တွေ၊ အတွေးအခေါ်တွေကို ဖလှယ်ကြတဲ့ဖြစ်စဉ်တစ်ရပ် ဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာ အပြော၊ အရေး၊ အပြတို့နဲ့ တစ်ယောက်ကိုတစ်ယောက် ဆက်သွယ်နေကြပါတယ်။ ဖလှယ်တာဖြစ်လို့ တစ်ယောက်တည်းကပဲ သတင်းအချက်အလက် ပေးပို့သူဖြစ်နေတဲ့ တစ်ချိန်တည်းမှာ ရယူသူလည်း ဖြစ်နေပြန်ပါသေးတယ်။ ကိုယ်ကချည်းပဲ ပြောနေတယ်ဆိုရင်တောင် ငြိမ်ပြီး နားထောင်သူတွေကလည်း ကိုယ့်ကို သတင်းမက်ဆေ့တွေ ပေးနေတာရှိပါတယ်။ မြင်အောင်ကြည့်ကြည့်ပါ။ ပျင်းတဲ့ပုံပေါက်နေသလား၊ တအားကို စိတ်ဝင်စားနေသလား၊ ကိုယ့်ကို စင်ပေါ်ကနေ ဆင်းစေချင်သလား၊ စတာတွေကို သူတို့မျက်နှာနဲ့ ကိုယ်နေဟန်ထားတွေကနေ ကြည့်လို့ရပါတယ်။ စကားပြောကောင်းတယ် ဆိုတဲ့နေရာမှာလည်း စကားတစ်ခုတည်း နားထောင်ကောင်းနေတာ မဟုတ်ပါဘူး။ သူ့ရဲ့ စကားလုံးအသုံးအနှုန်း၊ လေယူလေသိမ်း၊ ကိုယ်နေဟန်ထား စတာတွေအားလုံး ပါ၀င်နေပါတယ်။ ဒါကြောင့်မို့ အပြောရော အပြပါ အရေးကြီးတယ်။ စာရေးတယ်ဆိုတာကလည်း စာရေးဆရာ ဖြစ်မှ လိုအပ်တာမဟုတ်ဘူး။ နေ့စဉ်နဲ့အမျှ အီးမေးလ်တွေ ပို့နေရတယ်။ လုပ်ငန်းတွေက သူတို့ရဲ့ Customer တွေဆီ သတင်းစကားတွေ ပို့နေရတယ်။ ဒီနေရာတွေမှာ လူစိတ်ဝင်စားအောင် ရေးတတ်ရင်၊ ဖတ်ရအဆင်ပြေရင်၊ ဖတ်ကောင်းအောင် တင်ပြတတ်ရင် အဲဒါ Communication အားသာတာပဲ။ အဲ့လိုလူ၊ အဲ့လိုလုပ်ငန်းက ဘယ်အလုပ်မှာမဆို သူများထက် ခေါင်းတစ်လုံး ပိုသာနေတတ်ပါတယ်။

၂) ဆက်သွယ်ပြောဆိုခြင်းဖြစ်စဉ်

ဆက်သွယ်ပြောဆိုတယ် ဆိုတာက သတင်းအချက်အလက်တစ်ခုကို တစ်ဖက်ကနေ တစ်ဖက်ကို ပို့တဲ့ဖြစ်စဉ်ပါ။ ဒီဖြစ်စဉ်မှာ အစိတ်အပိုင်း ၄ ပိုင်း ပါပါတယ်။

၁။ ပေးပို့သူ (Sender)

၂။ ဆက်သွယ်ရေးလမ်းကြောင်း (Channel)

၃။ လက်ခံရယူသူ (Receiver)

၄။ တုံ့ပြန်မှု (Feedback) တို့ဖြစ်ပါတယ်။

ပေးပို့မယ့်သူကတော့ ကိုယ်ပေါ့။ ဒါဆို ကိုယ်က ကိုယ်ပြောချင်တဲ့မက်ဆေ့တစ်ခုကို တစ်ဖက်က ကိုယ်သိစေချင်တဲ့သူသိအောင် ဘယ်လိုလုပ်မှာလဲ။ အရင်ဆုံး လမ်းကြောင်းကို ရွေးရမယ်။ လူချင်းတွေ့ပြီးပြောမှာလား။ ဖုန်းဆက်မှာလား။ အီးမေးလ်ပို့မှာလား။ Facebook messenger ကနေ လှမ်းပြောမှာလား။ ဘယ်လိုလမ်းကြောင်းက အကောင်းဆုံးဖြစ်မယ်ဆိုတာကို စဉ်းစားဖို့လိုပါတယ်။ အသေးစိတ်ဆွေးနွေးရမှာကို မက်ဆေ့ပို့နေရင် မပြီးတော့သလို၊ ခပ်မြန်မြန် ဆွေးနွေးရမှာကိုလည်း လူချင်းတွေ့ဖို့လုပ်နေရင် ချိန်းနေရတာနဲ့ကို အချိန်ကုန်လိမ့်မယ်။

၃) Communication gap မဖြစ်ဖို့ဆိုရင်

ဒီဆက်သွယ်ပြောဆိုမှုဖြစ်စဉ်မှာ အထူးပြုပြီး ပြောလိုတာကတော့ Feedback ပဲ။ ကျွန်တော်တို့ ကြုံနေရတဲ့ Communication gap တော်တော်များများက Feedback မယူခဲ့လို့ဖြစ်တာ။ ဥပမာ ကိုယ်က အီးမေးလ်ပို့လိုက်တယ်။ တစ်ဖက်ကလူ ဖွင့်ဖတ်ဖြစ် မဖတ်ဖြစ် လှမ်းမမေးဘူး။ ဖုန်းဆက်လိုက်တယ်၊ ဆူညံသံတွေနဲ့၊ လိုင်းကလည်း မမိတော့ တစ်ဖက်လူက သဲသဲကွဲကွဲမကြားရဘဲ အဓိပ္ပါယ်တစ်မျိုး ကောက်သွားတယ်။ ဒါတွေကြောင့် အထင်လွဲတာ၊ အလုပ်မဖြစ်တာ၊ အဆင်မပြေတာတွေ ဖြစ်ကုန်ရတယ်။ ဒါကြောင့်မို့ ကိုယ်တခုခု ဆက်သွယ်ပြီးတိုင်း တစ်ဖက်လူဆီက Feedback ပြန်ယူတတ်ဖို့ သိပ်အရေးကြီးပါတယ်။

ဒီနေရာမှာ နာမည်ကျော်တင်းနစ်မယ် ရှာရာပိုဗာရဲ့ အဖြစ်က သင်ခန်းစာယူစရာကောင်းတယ်။ တင်းနစ်အဖွဲ့ချုပ်ကနေ ဆေးတစ်မျိုးကို တားမြစ်ဆေးအဖြစ် သတ်မှတ်လိုက်ကြောင်းနဲ့ ဘယ်ကာလကစပြီး ကစားသမားတွေ သုံးစွဲခွင့်မရှိတော့ကြောင်း အီးမေးလ်တွေပို့တယ်။ ဖြစ်ချင်တော့ ရှာရာပိုဗာက အဲဒီမေးလ်ကို မတွေ့ဘူး။ ဆက်သုံးနေတယ်။ တားမြစ်ဆေးစစ်တဲ့အချိန်ကျတော့ သူ ဒီဆေးကို သုံးထားတာတွေ့တယ်။ ဆေးကျတယ်။ အဲဒီတော့မှ အဖွဲ့ချုပ်က မေးလ်ပို့ထားတာ သူမသိလိုက်တာ ဖြစ်နေတယ်။ နောက်ဆုံး ပွဲပယ်ပြစ်ဒဏ် ကျခံရတယ်။ ကစားသမားအတွက်လည်း မကောင်းသလို၊ ရှာရာပိုဗာလို နာမည်ကျော်တစ်ယောက် ၀င်မပြိုင်နိုင်တော့တဲ့အတွက် ပြိုင်ပွဲတွေ၊ စီးပွားရေးလုပ်ငန်းတွေလည်း နစ်နာတယ်၊ ပရိသတ်တွေလည်း စိတ်မကောင်းဖြစ်ရတယ်။ ဒီဖြစ်စဉ်မှာ တခြားသော အကြောင်းရင်းခံတွေ ရှိနေတယ် ပြောကြပေမယ့် Communication ရှုထောင့်ကပဲ ကြည့်ရင်တော့ ဒါဟာ Feedback ယူမှု အားနည်းသွားလို့ ဖြစ်ရတာပဲ။ ကိုယ့်ဘက်က ပို့ပြီးပြီပဲ၊ စစ်ရမှာသူ့တာဝန် ဆိုတာက မှန်တော့မှန်ပေမယ့် တကယ်တမ်းသာ ဒီလိုတွေ Gap မဖြစ်ချင်ရင်တော့ Feedback ပြန်ယူတာ အကောင်းဆုံးပါပဲ။

ကျွန်တော်တို့တွေ လုပ်မိနေတဲ့အမှားတစ်ခုကိုလည်း ပြောချင်ပါသေးတယ်။ အဲဒါကတော့ ကိုယ်က မက်ဆေ့ကို လက်ခံရယူသူဖြစ်ရင် လက်ခံရရှိကြောင်း မပြောမိတတ်ကြတာပဲ။ မေးလ်ဆို ဖွင့်ဖတ်လိုက်တယ်။ လက်ခံရရှိကြောင်း စာမပြန်ဘူး။ မက်ဆေ့တွေ့တယ်၊ ဖတ်လိုက်တယ်၊ ဖတ်ပြီးပြီ သိပြီးပြီဆိုတာ လှမ်းမပြောဘူး။ ဒီတော့ တစ်ဖက်က ဖုန်းလှမ်းဆက်ပြီး ဖတ်ပြီးပြီလား လှမ်းမေးနေရတယ်။ နောက်ကြာလာတော့ တစ်ဖက်က ပို့ပြီးရင်ပြီးပြီ၊ ဒီလူက သူဖတ်ပြီးလည်း စာပြန်တာမှ မဟုတ်တာလို့ တွေးလာတော့တယ်။ တကယ်တမ်း ကျွန်တော်တို့သာ ပုံမှန်လေး စာပြန်ပေးမယ်ဆို ကျွန်တော်တို့ ပြန်တဲ့စာ မရတာနဲ့ တစ်ဖက်က သဘောပေါက်ပြီ၊ ဒီလူ ငါပို့လိုက်တဲ့မေးလ်၊ ငါပို့လိုက်တဲ့ မက်ဆေ့ကို ဖွင့်မဖတ်ရလောက်သေးဘူးဆိုပြီး။ ဒါဆိုရင် သူ ကိုယ့်ကို ဖုန်းဆက်လာမယ်။ တစ်နည်းနည်းနဲ့ လှမ်းအကြောင်းကြားလာလိမ့်မယ်။ ဒါကြောင့်မို့ ကိုယ်က ပေးပို့သူဖြစ်နေရင် တတ်နိုင်သလောက် အမြဲတမ်း Feedback ပြန်ပြန်ယူပါ။ ကိုယ်က လက်ခံရသူဖြစ်နေရင်လည်း ကိုယ့့်ကိုပေးပို့သူဆီ Feedback အမြဲ ပြန်ပေးပါ။ အဲဒီအလေ့အကျင့်လေးက ကျွန်တော်တို့ကြံုနေရတဲ့ Communication gap တော်တော်များများကို အဆင်ပြေသွားစေပါလိမ့်မယ်။

ကလေးဘဝကတော့ ငိုပဲငိုတတ်လို့ ကိုယ်ပြောချင်တဲ့အဓိပ္ပါယ် လူကြီးက မသိတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလိုပဲ၊ လူကြီးကနေ ကလေးလေး ဘာလို့ငို်နေလဲ ပြန်မေးနေပေမယ့် ကိုယ်ကမှ နားမလည်တာ၊ အလိုမကျမချင်း ငိုခြင်းနဲ့ပဲ ဆက်သွယ်ခဲ့ရပါတယ်။ ခုလိုအရွယ်ရောက်လာတော့ ကျွန်တော်တို့ဟာ တစ်ဖက်လူနားလည်အောင် ပြောတတ်လာပါပြီ။ တစ်ဖက်က ပြန်ပြောတာကိုလည်း နားလည်လာပါပြီ။ ဒါပေမယ့် ကလေးဘဝကလိုပဲ ကျွန်တော်တို့ဟာ Communication gap တွေနဲ့ ပြဿနာတွေ ကြံုနေရတုန်းပါပဲ။ ဒါကြောင့်မို့ ဒီလိုမျိုး ဆက်သွယ်ပြောဆိုခြင်းဖြစ်စဉ်ကို ကောင်းကောင်းသဘောပေါက်ပြီး ကိုယ့်လုပ်ငန်းခွင်၊ ကိုယ့်မိသားစုနဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ ပိုမိုဂရုစို်က်လာနိုင်မယ်ဆိုရင် အဆင်မပြေမှု၊ အထင်လွဲမှုတွေ နည်းသွားမှာဖြစ်သလို၊ ပိုအောင်မြင်တဲ့၊ ပိုပျော်ရွှင်ရတဲ့ လူတစ်ယောက်လည်း ဖြစ်လာပါလိမ့်မယ်။

ဒေါက်တာ ဖြိုးသီဟ

၂၉.၁၁.၂၀၁၇

1K Shares
Share1K
Tweet
+1
Share