လူငယ္ေလး ၃ ေယာက္ ရွိေလသည္

(Zawgyi)

(၁)

ဒီတစ္ေခါက္ မင္းတပ္-မတူပီခရီးမွာ ကၽြန္ေတာ္တို႔နဲ႔အတူ သူနာျပဳဆရာမေလးတစ္ေယာက္ ပါလာတယ္။ စကားေျပာၾကည္႔ရံုနဲ႔တင္ ထက္ျမက္တဲ့ မိန္းကေလးတစ္ေယာက္ဆုိတာ သိသာပါတယ္။ ဒါေပမဲ့ ခုလို ခရီးအတူထြက္ၾကေတာ့မွ သူ႕အေၾကာင္းေတြ ပိုသိခဲ့ရတယ္။ သူ႕ဇာတိက ေညာင္ေလးပင္ၿမိဳ႔နယ္ထဲက ရြာေလးတစ္ရြာမွာ၊ လူမ်ိဳးကေတာ့ ကရင္။ ေမြးခ်င္း၂ေယာက္ရွိတဲ့အနက္ သူက အငယ္။ သူ႔အစ္မက ငယ္ငယ္ကတည္းက ခ်ဴခ်ာေတာ့ မိဘေတြက သူ႔ထက္ သူ႔အစ္မကို ပုိဦးစားေပးေလ့ရွိတယ္။ ဒါကုိ သူက မေက်နပ္ဘူး။ ဒါေပမဲ့ သူ႔ရဲ႕ မေက်နပ္ခ်က္ေတြကို အရြဲ႕တုိက္ၿပီး အေျဖမရွာဘူး၊ သူ႔ဟာသူ ရပ္တည္ႏုိင္ေအာင္ ၾကိဳးစားရင္း ထြက္ေပါက္ေပးတယ္။ သူ ငါးတန္းႏွစ္မွာ သူ႔အမ်ိဳးတစ္ေယာက္က တစ္ေနရာကို ေျပာင္းအေၿခခ်မွာမုိ႔ သူ႔တုိ႔အိမ္နားမွာ ရွိတဲ့ စံပယ္ျခံကို ေပးသြားတယ္၊ လုပ္ခ်င္လုပ္ၾက၊ ရတဲ့အက်ိဳးအျမတ္ ကုိယ့္ဟာကုိယ္ယူၾက သေဘာနဲ႔ေပါ့။ တစ္အိမ္လံုး စိတ္မ၀င္စားေပမယ့္ သူ႔အတြက္ေတာ့ အရမ္းအသံုးက်သြားတယ္။ အဲဒီေန႔ကစၿပီး စပယ္ျခံထဲမွာ မုိးမလင္းေသးဘူး၊ အလုပ္လုပ္တယ္၊ ၿပီးရင္ စံပယ္ပြင့္ေတြကို သီၿပီး ဘုရားတင္ဖုိ႔ မွာထားတဲ့ အိမ္ေတြနဲ႔ ေစ်းထဲက ဒုိင္မွာ သြားသြင္း၊ ၿပီးမွ ေက်ာင္းသြားတယ္။ စံပယ္ျမစ္ေတြကုိ ၾကိဳက္တတ္တဲ့ လင္းေျမြေတြ လေရာင္ခံေနၾကတဲ့အခ်ိန္၊ သူကလည္း မနက္ ၄နာရီေလာက္ စံပယ္ပြင့္ေတြ ဆင္းအခူး၊ မီးကလည္း မရွိေတာ့ အဲဒီေျမြေတြကို ကုိင္မိ၊ ေပ်ာ့အိအိၾကီးျဖစ္ေနမွ ေျမြမွန္းသိၿပီး လႊတ္ခ်လိုက္နဲ႔ သူရယ္ ေျမြရယ္ စံပယ္ရယ္ ဇာတ္လမ္းအေၾကာင္းကို သူက ရယ္ကာေမာကာ ေျပာေနေပမယ့္ နားေထာင္ေနရတဲ့ ကၽြန္ေတာ့္မွာေတာ့ အသည္းတယားယား။ အဲဒီလို ျခံအလုပ္လုပ္တာက စံပယ္တစ္မ်ိဳးတည္းမဟုတ္ဘူး၊ ကင္းမြန္လည္း စိုက္ေသးတယ္ တဲ့။ အဲဒါကလည္း အရမ္းေရာင္းေကာင္းတယ္ ဆုိပဲ။ ကုိယ့္ဘာသာ အလုပ္လုပ္ရင္း ရတဲ့ပိုက္ဆံနဲ႔ ေက်ာင္းတက္ရတဲ့ အရသာကို သူအရမ္းၾကိဳက္သြားတယ္၊ အဲဒါနဲ႔ အဲဒီကစၿပီး ခုခ်ိန္ထိ မိဘဆီကေန တစ္ျပားမွမေတာင္းေတာ့ဘဲ ကိုယ့္အားကိုယ္ကုိး ကုိယ့္ေျခေထာက္ေပၚ ကုိယ္ရပ္ခဲ့ေတာ့တယ္။ အဲဒီလို အလုပ္တစ္ဖက္နဲ႔ ေက်ာင္းတက္ေနေပမယ့္ ေက်ာင္းစာမွာလည္း လစ္ဟင္းမသြားဘူး။ ႏွစ္တုိင္း ေက်ာင္းမွာ ဆုရတယ္။

ဒီလိုနဲ႔ သူ ကုိးတန္းေရာက္ေတာ့ သူ႔အစ္မက ဆယ္တန္းက်တယ္၊ က်ဴရွင္ေတြ ဂုိက္ေတြထားေပးတဲ့ၾကားက စာေမးပြဲက်ေပမယ့္လည္း မိဘေတြက အျပစ္မျမင္ရွာဘူး။ ေနာက္ႏွစ္ဆက္ထားတယ္၊ အဲလို က်ဴရွင္ေတြ ဂိုက္ေတြနဲ႔ပဲ။ ဒါေပမဲ့ သူကေတာ့ အိမ္ရဲ႕ အေျခအေနကို ျမင္တယ္၊ အေဖက အသက္ၾကီးလာၿပီ၊ နဂိုကတည္းကမွ အေဖေရာ အေမပါ ေက်ာင္းဆရာ ဆရာမေတြဆုိေတာ့ အိမ္က ေခ်ာင္လည္တယ္ဆုိဦးေတာ့၊ သိပ္ၿပီးပိုလွ်ံလွတယ္ မဟုတ္ဘူး။ အဲဒါနဲ႔ သူဆံုးျဖတ္ခ်က္ခ်လိုက္တယ္၊ ဘာက်ဴရွင္၊ ဘာဂုိက္မွမယူဘဲ စာေမးပြဲမွာ ဂုဏ္ထူးေတြနဲ႔ ေအာင္ေအာင္ ၾကိဳးစားမယ္ဆုိၿပီး။ တကယ္ ဆယ္တန္းေအာင္ေတာ့လည္း ေလးဘာသာဂုဏ္ထူးပါတယ္၊ သူတို႔ေက်ာင္းရဲ႕ ဂုဏ္ေဆာင္ ေက်ာင္းသူတစ္ေယာက္ ျဖစ္လာခဲ့တယ္၊ ေလးဘာသာဂုဏ္ထူးထြက္တဲ့ စံပယ္ပန္းေရာင္းတဲ့ ေကာင္မေလး ဆုိၿပီး အားလံုးက ခ်ီးက်ဴးရတဲ့သူ ျဖစ္လာခဲ့တယ္၊ အတန္းငယ္တဲ့ ေက်ာင္းသားေက်ာင္းသူေတြအတြက္လည္း အတုယူစရာ ျဖစ္လာခဲ့ပါတယ္။

ဆယ္တန္းအမွတ္က ေယာက်ာ္းေလးသာ ျဖစ္ခဲ့ရင္ ေဆးေက်ာင္းတက္လို႔ရမွာ ျဖစ္ေပမယ့္ မိန္းကေလး ျဖစ္ေနတဲ့အတြက္ သူနာျပဳတကၠသိုလ္ကိုပဲ တက္ခဲ့ရတယ္။ တကၠသိုလ္တက္ေနတဲ့ တစ္ေလွ်ာက္လံုးမွာလည္း မိဘဆီက ပုိက္ဆံမယူဘူး၊ ငယ္ငယ္ကတည္းက စုထားခဲ့တဲ့ ပိုက္ဆံေတြရယ္၊ ဂုိုက္သင္လို႔ရတဲ့ ပုိက္ဆံေတြရယ္နဲ႔ ေက်ာင္းၿပီးေအာင္ တက္ခဲ့တယ္၊ ေက်ာင္းၿပီးၿပီးခ်င္းပဲ ၀ိတိုရိယမွာ အလုုပ္ရတယ္၊ အဲဒီေနာက္ေတာ့ NGO ေလာကထဲကို ၀င္လာခဲ့ပါတယ္။ ခုေတာ့ သူ႔မိဘေတြကို သူႏုိင္သေလာက္ ျပန္ေထာက္ေနတဲ့ အေနအထားမ်ိဳးေတာင္ ေရာက္လာခဲ့ပါၿပီ။ အသက္၂၂ႏွစ္ပဲ ရွိေသးတဲ့ သူ႔မွာ အသက္အရြယ္နဲ႔ မမွ်တဲ့ အေတြ႔အၾကံဳေတြရွိေနတယ္။ လူငယ္တစ္ေယာက္ရဲ႕ မာန္ေတြလည္း လူငယ္ပီပီ ရွိေနျပန္တယ္။ ေနာက္ၿပီး ကုိယ့္အားကိုယ္ကုိးမယ္၊ မျဖစ္ျဖစ္ေအာင္လုပ္မယ္ ဆုိတဲ့ စိတ္ဓါတ္ျပင္းထန္မႈေတြကုိလည္း ေတြ႔ေနရတယ္။

(၂)

ေနာက္တစ္ေယာက္ကေတာ့ ခ်င္းလူမ်ိဳး၊ ေမာင္ႏွမ(၇)ေယာက္မွာ နံပါတ္ ၆။ ခက္ခဲပါ့ ၾကမ္းတမ္းပါ့ဆုိတဲ့ ခ်င္းေတာင္တက္လမ္းေတြမွာ အသက္(၁၅)ႏွစ္နဲ႔ ကၽြမ္းက်င္အဆင့္ ကားဆရာ ျဖစ္ေနေတာ့ ကၽြန္ေတာ္ စိတ္၀င္စားမိသြားတာ အမွန္ပဲ။ မတူပီၿမိဳ႕ ေရာက္တုိင္း ကၽြန္ေတာ္တို႔စားေနက် ထမင္းဆုိင္ေလးက သူတုိ႔အိမ္က ဖြင့္ထားတာ။ အဲဒီမွာ သြားစားရင္း သူ႔အေမနဲ႔ သူ႔အေၾကာင္းေတြ ေျပာျဖစ္ခဲ့ၾကတယ္။

သားထန္က ငယ္ငယ္ကတည္းက ဆိုင္ကယ္ေတြ ကားေတြ သိပ္စိတ္၀င္စားတာ၊ ဘယ္လိုေမာင္းတယ္၊ ဘယ္လိုျပင္ရတယ္ ဒါေတြပဲ လိုက္ၾကည္႔ေနတာ။

အဲဒီစကားကုိေတာ့ အျပည္႔အ၀ လက္ခံတယ္။ လမ္းမွာတစ္ေထာက္ နားၾကတုန္း ေဘးမွာလာထုိင္ၿပီး ဂိမ္းကစားေနလို႔ ဘာကစားေနတာလဲ ၾကည္႔လိုက္ေတာ့ ကားေမာင္းတဲ့ဂိမ္း၊ ဒါေတာင္ ကားေမာင္းၿပိဳင္ရတဲ့ဂိမ္း မဟုတ္ဘူး၊ ကုန္ကားၾကီးေတြကုိ ပါကင္ထုိးတာ၊ ခ်ိဳင့္ေတြၾကားထဲမွာ လြတ္ေအာင္ ေမာင္းရတာ လုပ္ရတဲ့ ဂိမ္း။ အဲဒါနဲ႔ ေျပာရတယ္၊ မင္းကြာ၊ ဒီေလာက္အျပင္မွာ ေမာင္းေနရတာေတာင္ မပ်င္းေသးဘူးလား၊ ဂိမ္းထဲမွာပါ လာေမာင္းေနေသးတယ္ လို႔။ ေလာကမွာ အေကာင္းဆံုးအလုပ္ဟာ လုပ္လုိ႔လုပ္ေနမွန္းေတာင္ မသိရတဲ့အလုပ္ လို႔ေျပာၾကတယ္၊ ဆုိလိုတာက ကုိယ္လုပ္ေနရတဲ့ အလုပ္နဲ႔ ကိုယ့္၀ါသနာ တစ္ထပ္တည္း က်ေနခဲ့တယ္ဆုိရင္ ဒီအလုပ္လုပ္ေနရတဲ့အတြက္ မပင္ပန္းေတာ့ဘူး၊ လုပ္ေနရရင္ကို ေပ်ာ္ေနတာ၊ အလုပ္လို႔ကို မဟုတ္ေတာ့ဘဲ ကုိယ့္ဘ၀အစိတ္အပုိင္းလိုကို ျဖစ္လာတာ။ အႏၱရာယ္မ်ားၿပီး ပင္ပန္းလွတဲ့ ကားေမာင္းတဲ့အလုပ္ဟာ သူ႔အတြက္ေတာ့ ဒီလိုသေဘာမ်ိဳး ျဖစ္ေနလိမ့္မယ္ ထင္တယ္။

ေနာက္ၿပီး သူက ပိုက္ဆံသိပ္ရွာတာ၊ ငယ္ငယ္ကတည္းက ဒီက ဗ်ဴဟာမွဴးတို႔၊ ေဆးရံုက ဆရာ၀န္တုိ႔ေတြ ေဂါက္ရုိက္ၾကရင္ သူက ေဂါက္အိတ္လိုက္လိုက္ထမ္းေပးတာ၊ သားထန္ ေက်ာင္းမတက္လို႔ ေပ်ာက္ေနၿပီဆုိ အဲဒါ ေဂါက္အိတ္သြားထမ္းေနတာပဲ။ ၿပီးရင္ ရတဲ့ပိုက္ဆံကို ဘယ္သူ႔မွမေပးဘူး၊ သူ႔အစ္မေတြ ယူမွာစုိးလို႔ အိမ္ကထုတ္တန္းေပၚမွာ ဖြက္ဖြက္ထားတတ္တယ္ လို႔ သူ႔အေမက ရယ္ကာေမာကာ ေျပာပါတယ္။

အဲဒီလို ေက်ာင္းတက္လိုက္ ေငြရွာလိုက္ စုထားလိုက္နဲ႔ ေပ်ာ္စရာေကာင္းေနတဲ့ သူ႔ဘ၀အတြက္ အလွည္႔အေျပာင္းတစ္ခု ေပၚလာတယ္။ ဘာလဲဆုိေတာ့ သူ႔ေအာက္က ညီမေလး ေသြးကင္ဆာျဖစ္လို႔ မႏၱေလးေဆးရံုမွာ တင္လိုက္ရတာပါပဲ။ သြားရလာရခက္တဲ့ မတူပီၿမိဳ႕ကေန ပခုကၠဴေဆးရံုကို တစ္ခါလႊဲ၊ အဲဒီကမွတစ္ဆင့္ မႏၱေလးကို ဆက္သြားရတာ ဆုိေတာ့ သြားစရိတ္လာစရိတ္တင္ မနည္းဘူး။ ျဖစ္တာကလည္း ေသြးကင္ဆာဆိုေတာ့ ကုန္မယ့္ပိုက္ဆံက မွတ္ထားလို႔ေတာင္ မေလာက္ေတာ့ဘူး၊ ရွိသမွ်အကုန္ေရာင္းခ်လိုက္ရတယ္၊ သိန္းကို ရာခ်ီကုန္သြားခဲ့တယ္။ ဒီၾကားထဲ အဲဒီအခ်ိန္မွာ သူ႔အစ္ကိုတစ္ေယာက္က Theology အထူးျပဳနဲ႔ ေက်ာင္းတက္ေနတုန္း။ အဲဒီေက်ာင္းစရိတ္ေတြလည္း ရွိေသးတယ္။ သူ႔အေဖတစ္ေယာက္တည္းရဲ႕ ၀င္ေငြနဲ႔တင္ မေလာက္ေတာ့ဘူး၊ သူ႔အစ္မအၾကီးေတြပါ အလုပ္ေတြလုပ္ေနရၿပီ၊ ဒီလိုအခ်ိန္မွာ အသက္၁၃ႏွစ္ပဲ ရွိေသးတဲ့သူလည္း ထုိင္မေနခ်င္ေတာ့ဘူး။ ေက်ာင္းထြက္၊ ကုန္ကားေနာက္လိုက္လုပ္ၿပီး အိမ္အတြက္ ပုိက္ဆံထြက္ရွာရေတာ့တယ္။ အရင္က သူရွာတဲ့ပုိက္ဆံ သူမ်ားယူမွာ အင္မတန္ေၾကာက္ခဲ့တဲ့သူဟာ ခုေတာ့ သူရွာထားသမွ် ညီမေလးအတြက္ ပုိ႔ပုိ႔ေပးေနေတာ့တယ္။ “အေမ သား ညီမေလးအတြက္ ပုိက္ဆံပို႔ေပးလိုက္တယ္ေနာ္ လို႔ သူ ဖုန္းဆက္ေျပာတဲ့အခ်ိန္တုိင္း ကၽြန္မမ်က္ရည္က်ခဲ့ရတယ္” တဲ့။ အဲဒီလိုေနာက္လိုက္လုပ္ရင္းကေန ကားေမာင္းသင္ခဲ့တယ္၊ ခုေတာ့ ႏွစ္ႏွစ္အတြင္းမွာ သူကုိယ္တုိင္ ကားဆရာ ျဖစ္လာခဲ့ၿပီ။ အသက္နဲ႔မလိုက္တဲ့ ကိုယ္ခႏၶာအရပ္အေမာင္း၊ ရုပ္ရည္၊ မိသားစုထဲမွာ အသားအမည္းဆံုးဆိုတဲ့ ဂုဏ္ပုဒ္နဲ႔ သူ႔ဘ၀သူေက်နပ္ၿပီး မိသားစုအတြက္ ေငြရွာေပးေနေလရဲ႕။

(၃)

ေနာက္ဆံုးတစ္ေယာက္ကေတာ့ နည္းနည္းထူးျခားတယ္၊ မတူပီၿမိဳ႕ေပၚက ေရႊညာသား ဆုိတဲ့ လက္ဖက္ရည္ဆုိင္ရဲ႕ ပုိင္ရွင္။ အသက္က ၁၉ႏွစ္ပဲ ရွိေသးတယ္၊ ပခုကၠဴသား။ သူငယ္ခ်င္းလက္ဖက္ရည္ဆိုင္မွာ စိတ္၀င္စားလုိ႔ သြားေလ့လာရင္း လက္ဖက္ရည္ေဖ်ာ္နည္းေတြ၊ ပလာတာလုပ္နည္းေတြ တတ္လာခဲ့တယ္။ ခုဆိုင္မွာေတာ့ သူပဲ ဆုိင္ရွင္၊ သူပဲ စားပြဲထုိး၊ သူပဲ အေဖ်ာ္ဆရာ၊ သူပဲ မုန္႔ဆရာ။ သူ႔ကုိ ကူဖို႔ ပခုကၠဴကေန ေခၚလာတဲ့ ကေလးေလးတစ္ေယာက္ရွိတယ္၊ ေနာက္ၿပီး မတူပီၿမိဳ႕ေပၚက သူ႔သူငယ္ခ်င္းေတြကလည္း ဆုိင္မွာ လာကူညီေပးၾကတယ္။ ကၽြန္ေတာ္က လူငယ္ဆုိေတာ့ လူငယ္အခ်င္းခ်င္းလည္း အဆင္ေျပတယ္၊ လူၾကီးေတြကလည္း သေဘာက်ၾကတယ္ တဲ့။ သြားေရးလာေရးခက္ၿပီး လူဦးေရကလည္း နည္းတဲ့ မတူပီလိုၿမိဳ႕မွာ တကူးတက စီးပြါးေရးလာလုပ္ေနလို႔ ေမးၾကည္႔ေတာ့ မတူပီမွာက စီးပြါးေရး လုပ္လို႔ေကာင္းတယ္၊ ပခုကၠဴမွာလို ဆုိင္တစ္ဆုိင္ဖြင့္ရင္ တီဗီြေတြ စေလာင္းေတြနဲ႔ ပကာသနေတြ ဘာမွမလိုဘူး လို႔ဆုိတယ္။ ဒီေလာက္လူတကာ အဆိုးျမင္တဲ့ မတူပီၿမိဳ႕မွာ စီးပြါးေရးလုပ္ေကာင္းတယ္ ဆုိတဲ့ သူ႔အသံကုိ ၾကားေတာ့ ဖတ္ဖူးတာေလးတစ္ခု သြားသတိရမိတယ္။

တစ္ခါက ကၽြန္းတစ္ကၽြန္းကို ဖိနပ္ကုမၸဏီတစ္ခုက အေရာင္းကုိယ္စားလွယ္တစ္ေယာက္ လႊတ္လိုက္တယ္။ အေျခအေနအကဲခတ္ၿပီးတဲ့အခါ အေၾကာင္းျပန္ပါတယ္။ ဒီမွာေတာ့ ေအာင္ျမင္မွာမဟုတ္ဘူး၊ ဘာလို႔ဆုိေတာ့ ဒီကလူေတြက ဖိနပ္မွမစီးၾကဘဲ တဲ့။ အဲဒီေနာက္ သူ႔လိုပဲ အေရာင္းကိုယ္စားလွယ္တစ္ေယာက္ ထပ္လႊတ္တယ္။ အဲဒီလူက ကၽြန္းကိုေရာက္ၿပီး ကၽြန္းသူကၽြန္းသားေတြ ဖိနပ္စီးမထားၾကတာလည္း ေတြ႔ေရာ၊ ၀မ္းသာအားရနဲ႔ ဖုန္းဆက္လာတယ္၊ ကၽြန္ေတာ့္ဆီကုိ ဖိနပ္အရံတစ္ေထာင္ ပုိ႔ေပးလိုက္ပါ၊ ဒီကလူေတြ ဘာဖိနပ္မွ မစီးရေသးဘူး တဲ့။ စိန္ေခၚမႈလို႔ထင္ရတဲ့ အေျခအေနတစ္ရပ္ကုိ မတူတဲ့ရႈေထာင့္တစ္ခုက ၾကည္႔ၿပီး အခြင့္အလမ္းအျဖစ္ ေျပာင္းဖို႔လိုေၾကာင္း ဒီပံုျပင္ေလးက ေၿပာသြားတယ္၊ ဒီလူငယ္ေလးကလည္း လက္ေတြ႔လုပ္ျပသြားတယ္။

(၄)

ဘ၀ဆုိတာကို ေက်ာင္း လို႔တင္စားရင္ အဲဒီေက်ာင္းမွာ ေအာင္ျမင္မႈရဖို႔ ကၽြန္ေတာ္တုိ႔ေတြ စာေမးပြဲေျဖၾကရပါတယ္။ ဒါေပမဲ့ အဲဒီစာေမးပြဲေတြက တစ္ေယာက္နဲ႔တစ္ေယာက္ မတူဘူး။ ကုိယ့္ကုိ ေပးလာတဲ့ ပုစာၦေတြကိုပဲ ေျဖဆုိၾကရတယ္။ သူမ်ားပုစာၦသြားေျဖခ်င္လုိ႔ မရဘူး။ ဆရာ၀န္ျဖစ္သြားတာခ်င္း တူရင္ေတာင္ မိဘပံ့ပုိးမႈရွိတဲ့သူက ေက်ာင္းဆက္တက္ဖုိ႔၊ ႏုိင္ငံျခားထြက္ဖို႔ လုပ္ေနခ်ိန္မွာ ပံ့ပုိးမႈမရွိတဲ့သူက ကုိယ့္ပုိက္ဆံကိုယ္ရွာေနရတယ္၊ အလုပ္လုပ္ေနရတယ္။ ဒါကို ငါ သူတုိ႔လို မျဖစ္ရေကာင္းလား ဆုိၿပီး ေလာကၾကီးကို အျပစ္ထုိင္တင္ေနရင္ေတာ့ အခ်ိန္ကုန္သြားတာပဲ အဖတ္တင္မယ္၊ ဘာမွျဖစ္လာမွာမဟုတ္ဘူး။ အရွိကိုအရွိအတုိင္းလက္ခံ၊ ကုိယ့္ဘ၀ကိုယ္သိ၊ ကုိယ့္ပုစာၦကိုယ္နားလည္ေအာင္ လုပ္ၿပီး စာေမးပြဲေအာင္ေအာင္ ၾကိဳးစားၾကရပါတယ္။

Youth is an opportunity to do something and to become somebody in life

ဘ၀မွာ တစ္စံုတစ္ရာ ျဖစ္လာဖုိ႔အတြက္ လူငယ္ဘ၀ဟာ အခ်ိန္ေကာင္းပဲ။ ကၽြန္ေတာ္တို႔လူငယ္ေတြမွာ ျပႆနာေတြအမ်ားၾကီး ရင္ဆုိင္ေနရတယ္၊ အလုပ္အကုိင္ရွားပါးမႈ၊ မူးယစ္ေဆး၊ ကူးစက္ေရာဂါေတြ စသၿဖင့္ေပါ့။ အဲဒီထဲမွာ အဆုိးဆံုးျပႆနာကေတာ့ သူ႔ပုစာၱကို ကုိယ့္ပုစာၱအမွတ္နဲ႔ ၀င္ေျဖခ်င္ေနတဲ့ျပႆနာပဲ။ အဲဒီလိုအမွတ္မွားၿပီး လိုိက္တုိင္းေနတဲ့အခါက်ေတာ့ ကိုယ့္ဘ၀ကို အားမရေတာ့ဘူး၊ သူမ်ားလို ျဖစ္ခ်င္လာတယ္၊ အျပစ္တင္ၿခင္း၊ မေက်နပ္ျခင္းေတြနဲ႔ ျပည္႔ႏွက္လာတယ္၊ စိတ္ဖိစီးမႈေတြ မ်ားလာတယ္။ ေနာက္ဆံုး ဘာမွမလုပ္လုိက္ရဘဲ တန္ဖိုးရွိတဲ့လူငယ္ဘ၀ကို ကုန္ဆံုးလိုက္ရတယ္။

အလုပ္အကိုင္ရွားပါးတာကို လက္ဖက္ရည္ဆုိင္ ထုိင္ရင္း ညည္းညဴေနမယ့္အစား အလုပ္အကုိင္ေပါလာမယ့္ တစ္ေန႔အတြက္ ၾကိဳတင္ျပင္ဆင္ထားၾကသင့္တယ္။ သားသူငယ္ခ်င္းေတြက ဘာဖုန္းကိုင္တာ လို႔ မိဘကို မေက်မနပ္ ေျပာေနမယ့္အစား မိဘအလုပ္မွာ ႏုိင္သေလာက္ ၀င္ကူေပးေနရင္ ဘယ္ေလာက္ေကာင္းမလဲ။ ငယ္ငယ္ရြယ္ရြယ္နဲ႔ ေက်ာင္းထြက္အလုပ္လုပ္ေနရလို႔ ေလာကၾကီးကို အျပစ္တင္ေနမယ့္အစား အဲဒီလိုဘ၀ကေန မီလ်ံနာေတြျဖစ္ကုန္ၾကတဲ့ လူေတြအေၾကာင္းကို အတုယူၿပီး အိပ္မက္မက္ေနသင့္တယ္။

တကယ္ေတာ့ ေအာင္ျမင္မႈဆုိတာ အဓိပၸါယ္ဖြင့္ရခက္ပါတယ္၊ ဘာကို ေအာင္ျမင္တယ္ေခၚတာလဲ၊ ဘယ္သူ႔ကုိ ေအာင္ျမင္သူအၿဖစ္ သတ္မွတ္ရမွာလဲ။

ေဒၚေအာင္ဆန္းစုၾကည္လည္း ေအာင္ျမင္သလို၊ ေဒါက္တာ ေအာင္ထြန္းသက္လည္း ေအာင္ျမင္တာပဲ။

ဦးေက်ာ္သူေအာင္ျမင္သလုိ ဓမၼေစတီလမ္းေပၚက ယာဥ္ထိန္းရဲလည္း ေအာင္ၿမင္တာပဲ။

ေနတုိးမွ ေအာင္ျမင္တာ မဟုတ္ပါဘူး။ သူ႔ကုိညႊန္ၾကားေနတဲ့ ဒါရုိက္တာ ေမာင္မ်ိဳးမင္းလည္း ေအာင္ျမင္တာပါပဲ။

တကယ္ေတာ့ ေအာင္ျမင္သူေတြဆုိတာ ဘ၀ဆိုတဲ့ေက်ာင္းက ကုိယ့္ကုိေပးလာတဲ့ ပုစာၱကုိ အေကာင္းဆံုးေျဖဆုိႏုိင္သူေတြပဲ ျဖစ္ပါတယ္။ “ကုိယ္” ဟာ “သူ” ျဖစ္စရာ မလိုဘူး၊ ဘယ္ေလာက္ၾကိဳးစားၾကိဳးစား ျဖစ္လာမွာလည္း မဟုတ္ဘူး၊ “ကုိယ္” လုုပ္ဖုိ႔ လိုတာက “အေကာင္းဆံုးေသာကုိယ္” ျဖစ္လာဖုိ႔ပဲ။

ဒီလူငယ္ေလးသံုးေယာက္ဟာ ေငြေၾကး၊ ဂုဏ္ျဒပ္၊ ပညာအဆင့္အတန္းအရ အရမ္းၾကီး ခမ္းနားမေနေသးပါဘူး။ ဒါျဖင့္ ဘာလို႔ အေရးတယူ ေျပာေနရသလဲဆုိရင္ေတာ့ သူတုိ႔ဟာ သူတုိ႔အတြက္ ရလာတဲ့ေမးခြန္းလႊာကို ညည္းညဴျခင္းတစ္စက္မရွိ၊ အျပစ္တင္ျခင္းအလ်ဥ္းမရွိဘဲ အရွိအရွိအတုိင္း လက္ခံကာ အေကာင္းဆံုးေျဖဆိုေနၾကသူေတြ ျဖစ္လုိ႔ပါပဲ။

ေဒါက္တာ ၿဖိဳးသီဟ
၂၁.၁၁.၂၀၁၄

(Unicode)

(၁)

ဒီတစ်ခေါက် မင်းတပ်-မတူပီခရီးမှာ ကျွန်တော်တို့နဲ့အတူ သူနာပြုဆရာမလေးတစ်ယောက် ပါလာတယ်။ စကားပြောကြည့်ရုံနဲ့တင် ထက်မြက်တဲ့ မိန်းကလေးတစ်ယောက်ဆိုတာ သိသာပါတယ်။ ဒါပေမဲ့ ခုလို ခရီးအတူထွက်ကြတော့မှ သူ့အကြောင်းတွေ ပိုသိခဲ့ရတယ်။ သူ့ဇာတိက ညောင်လေးပင်မြို့နယ်ထဲက ရွာလေးတစ်ရွာမှာ၊ လူမျိုးကတော့ ကရင်။ မွေးချင်း၂ယောက်ရှိတဲ့အနက် သူက အငယ်။ သူ့အစ်မက ငယ်ငယ်ကတည်းက ချူချာတော့ မိဘတွေက သူ့ထက် သူ့အစ်မကို ပိုဦးစားပေးလေ့ရှိတယ်။ ဒါကို သူက မကျေနပ်ဘူး။ ဒါပေမဲ့ သူ့ရဲ့ မကျေနပ်ချက်တွေကို အရွဲ့တိုက်ပြီး အဖြေမရှာဘူး၊ သူ့ဟာသူ ရပ်တည်နိုင်အောင် ကြိုးစားရင်း ထွက်ပေါက်ပေးတယ်။ သူ ငါးတန်းနှစ်မှာ သူ့အမျိုးတစ်ယောက်က တစ်နေရာကို ပြောင်းအခြေချမှာမို့ သူ့တို့အိမ်နားမှာ ရှိတဲ့ စံပယ်ခြံကို ပေးသွားတယ်၊ လုပ်ချင်လုပ်ကြ၊ ရတဲ့အကျိုးအမြတ် ကိုယ့်ဟာကိုယ်ယူကြ သဘောနဲ့ပေါ့။ တစ်အိမ်လုံး စိတ်မဝင်စားပေမယ့် သူ့အတွက်တော့ အရမ်းအသုံးကျသွားတယ်။ အဲဒီနေ့ကစပြီး စပယ်ခြံထဲမှာ မိုးမလင်းသေးဘူး၊ အလုပ်လုပ်တယ်၊ ပြီးရင် စံပယ်ပွင့်တွေကို သီပြီး ဘုရားတင်ဖို့ မှာထားတဲ့ အိမ်တွေနဲ့ စျေးထဲက ဒိုင်မှာ သွားသွင်း၊ ပြီးမှ ကျောင်းသွားတယ်။ စံပယ်မြစ်တွေကို ကြိုက်တတ်တဲ့ လင်းမြွေတွေ လရောင်ခံနေကြတဲ့အချိန်၊ သူကလည်း မနက် ၄နာရီလောက် စံပယ်ပွင့်တွေ ဆင်းအခူး၊ မီးကလည်း မရှိတော့ အဲဒီမြွေတွေကို ကိုင်မိ၊ ပျော့အိအိကြီးဖြစ်နေမှ မြွေမှန်းသိပြီး လွှတ်ချလိုက်နဲ့ သူရယ် မြွေရယ် စံပယ်ရယ် ဇာတ်လမ်းအကြောင်းကို သူက ရယ်ကာမောကာ ပြောနေပေမယ့် နားထောင်နေရတဲ့ ကျွန်တော့်မှာတော့ အသည်းတယားယား။ အဲဒီလို ခြံအလုပ်လုပ်တာက စံပယ်တစ်မျိုးတည်းမဟုတ်ဘူး၊ ကင်းမွန်လည်း စိုက်သေးတယ် တဲ့။ အဲဒါကလည်း အရမ်းရောင်းကောင်းတယ် ဆိုပဲ။ ကိုယ့်ဘာသာ အလုပ်လုပ်ရင်း ရတဲ့ပိုက်ဆံနဲ့ ကျောင်းတက်ရတဲ့ အရသာကို သူအရမ်းကြိုက်သွားတယ်၊ အဲဒါနဲ့ အဲဒီကစပြီး ခုချိန်ထိ မိဘဆီကနေ တစ်ပြားမှမတောင်းတော့ဘဲ ကိုယ့်အားကိုယ်ကိုး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ခဲ့တော့တယ်။ အဲဒီလို အလုပ်တစ်ဖက်နဲ့ ကျောင်းတက်နေပေမယ့် ကျောင်းစာမှာလည်း လစ်ဟင်းမသွားဘူး။ နှစ်တိုင်း ကျောင်းမှာ ဆုရတယ်။

ဒီလိုနဲ့ သူ ကိုးတန်းရောက်တော့ သူ့အစ်မက ဆယ်တန်းကျတယ်၊ ကျူရှင်တွေ ဂိုက်တွေထားပေးတဲ့ကြားက စာမေးပွဲကျပေမယ့်လည်း မိဘတွေက အပြစ်မမြင်ရှာဘူး။ နောက်နှစ်ဆက်ထားတယ်၊ အဲလို ကျူရှင်တွေ ဂိုက်တွေနဲ့ပဲ။ ဒါပေမဲ့ သူကတော့ အိမ်ရဲ့ အခြေအနေကို မြင်တယ်၊ အဖေက အသက်ကြီးလာပြီ၊ နဂိုကတည်းကမှ အဖေရော အမေပါ ကျောင်းဆရာ ဆရာမတွေဆိုတော့ အိမ်က ချောင်လည်တယ်ဆိုဦးတော့၊ သိပ်ပြီးပိုလျှံလှတယ် မဟုတ်ဘူး။ အဲဒါနဲ့ သူဆုံးဖြတ်ချက်ချလိုက်တယ်၊ ဘာကျူရှင်၊ ဘာဂိုက်မှမယူဘဲ စာမေးပွဲမှာ ဂုဏ်ထူးတွေနဲ့ အောင်အောင် ကြိုးစားမယ်ဆိုပြီး။ တကယ် ဆယ်တန်းအောင်တော့လည်း လေးဘာသာဂုဏ်ထူးပါတယ်၊ သူတို့ကျောင်းရဲ့ ဂုဏ်ဆောင် ကျောင်းသူတစ်ယောက် ဖြစ်လာခဲ့တယ်၊ လေးဘာသာဂုဏ်ထူးထွက်တဲ့ စံပယ်ပန်းရောင်းတဲ့ ကောင်မလေး ဆိုပြီး အားလုံးက ချီးကျူးရတဲ့သူ ဖြစ်လာခဲ့တယ်၊ အတန်းငယ်တဲ့ ကျောင်းသားကျောင်းသူတွေအတွက်လည်း အတုယူစရာ ဖြစ်လာခဲ့ပါတယ်။

ဆယ်တန်းအမှတ်က ယောကျာ်းလေးသာ ဖြစ်ခဲ့ရင် ဆေးကျောင်းတက်လို့ရမှာ ဖြစ်ပေမယ့် မိန်းကလေး ဖြစ်နေတဲ့အတွက် သူနာပြုတက္ကသိုလ်ကိုပဲ တက်ခဲ့ရတယ်။ တက္ကသိုလ်တက်နေတဲ့ တစ်လျှောက်လုံးမှာလည်း မိဘဆီက ပိုက်ဆံမယူဘူး၊ ငယ်ငယ်ကတည်းက စုထားခဲ့တဲ့ ပိုက်ဆံတွေရယ်၊ ဂိုုက်သင်လို့ရတဲ့ ပိုက်ဆံတွေရယ်နဲ့ ကျောင်းပြီးအောင် တက်ခဲ့တယ်၊ ကျောင်းပြီးပြီးချင်းပဲ ၀ိတိုရိယမှာ အလုုပ်ရတယ်၊ အဲဒီနောက်တော့ NGO လောကထဲကို ၀င်လာခဲ့ပါတယ်။ ခုတော့ သူ့မိဘတွေကို သူနိုင်သလောက် ပြန်ထောက်နေတဲ့ အနေအထားမျိုးတောင် ရောက်လာခဲ့ပါပြီ။ အသက်၂၂နှစ်ပဲ ရှိသေးတဲ့ သူ့မှာ အသက်အရွယ်နဲ့ မမျှတဲ့ အတွေ့အကြုံတွေရှိနေတယ်။ လူငယ်တစ်ယောက်ရဲ့ မာန်တွေလည်း လူငယ်ပီပီ ရှိနေပြန်တယ်။ နောက်ပြီး ကိုယ့်အားကိုယ်ကိုးမယ်၊ မဖြစ်ဖြစ်အောင်လုပ်မယ် ဆိုတဲ့ စိတ်ဓါတ်ပြင်းထန်မှုတွေကိုလည်း တွေ့နေရတယ်။

(၂)

နောက်တစ်ယောက်ကတော့ ချင်းလူမျိုး၊ မောင်နှမ(၇)ယောက်မှာ နံပါတ် ၆။ ခက်ခဲပါ့ ကြမ်းတမ်းပါ့ဆိုတဲ့ ချင်းတောင်တက်လမ်းတွေမှာ အသက်(၁၅)နှစ်နဲ့ ကျွမ်းကျင်အဆင့် ကားဆရာ ဖြစ်နေတော့ ကျွန်တော် စိတ်ဝင်စားမိသွားတာ အမှန်ပဲ။ မတူပီမြို့ ရောက်တိုင်း ကျွန်တော်တို့စားနေကျ ထမင်းဆိုင်လေးက သူတို့အိမ်က ဖွင့်ထားတာ။ အဲဒီမှာ သွားစားရင်း သူ့အမေနဲ့ သူ့အကြောင်းတွေ ပြောဖြစ်ခဲ့ကြတယ်။

သားထန်က ငယ်ငယ်ကတည်းက ဆိုင်ကယ်တွေ ကားတွေ သိပ်စိတ်ဝင်စားတာ၊ ဘယ်လိုမောင်းတယ်၊ ဘယ်လိုပြင်ရတယ် ဒါတွေပဲ လိုက်ကြည့်နေတာ။

အဲဒီစကားကိုတော့ အပြည့်အဝ လက်ခံတယ်။ လမ်းမှာတစ်ထောက် နားကြတုန်း ဘေးမှာလာထိုင်ပြီး ဂိမ်းကစားနေလို့ ဘာကစားနေတာလဲ ကြည့်လိုက်တော့ ကားမောင်းတဲ့ဂိမ်း၊ ဒါတောင် ကားမောင်းပြိုင်ရတဲ့ဂိမ်း မဟုတ်ဘူး၊ ကုန်ကားကြီးတွေကို ပါကင်ထိုးတာ၊ ချိုင့်တွေကြားထဲမှာ လွတ်အောင် မောင်းရတာ လုပ်ရတဲ့ ဂိမ်း။ အဲဒါနဲ့ ပြောရတယ်၊ မင်းကွာ၊ ဒီလောက်အပြင်မှာ မောင်းနေရတာတောင် မပျင်းသေးဘူးလား၊ ဂိမ်းထဲမှာပါ လာမောင်းနေသေးတယ် လို့။ လောကမှာ အကောင်းဆုံးအလုပ်ဟာ လုပ်လို့လုပ်နေမှန်းတောင် မသိရတဲ့အလုပ် လို့ပြောကြတယ်၊ ဆိုလိုတာက ကိုယ်လုပ်နေရတဲ့ အလုပ်နဲ့ ကိုယ့်ဝါသနာ တစ်ထပ်တည်း ကျနေခဲ့တယ်ဆိုရင် ဒီအလုပ်လုပ်နေရတဲ့အတွက် မပင်ပန်းတော့ဘူး၊ လုပ်နေရရင်ကို ပျော်နေတာ၊ အလုပ်လို့ကို မဟုတ်တော့ဘဲ ကိုယ့်ဘဝအစိတ်အပိုင်းလိုကို ဖြစ်လာတာ။ အန္တရာယ်များပြီး ပင်ပန်းလှတဲ့ ကားမောင်းတဲ့အလုပ်ဟာ သူ့အတွက်တော့ ဒီလိုသဘောမျိုး ဖြစ်နေလိမ့်မယ် ထင်တယ်။

နောက်ပြီး သူက ပိုက်ဆံသိပ်ရှာတာ၊ ငယ်ငယ်ကတည်းက ဒီက ဗျူဟာမှူးတို့၊ ဆေးရုံက ဆရာဝန်တို့တွေ ဂေါက်ရိုက်ကြရင် သူက ဂေါက်အိတ်လိုက်လိုက်ထမ်းပေးတာ၊ သားထန် ကျောင်းမတက်လို့ ပျောက်နေပြီဆို အဲဒါ ဂေါက်အိတ်သွားထမ်းနေတာပဲ။ ပြီးရင် ရတဲ့ပိုက်ဆံကို ဘယ်သူ့မှမပေးဘူး၊ သူ့အစ်မတွေ ယူမှာစိုးလို့ အိမ်ကထုတ်တန်းပေါ်မှာ ဖွက်ဖွက်ထားတတ်တယ် လို့ သူ့အမေက ရယ်ကာမောကာ ပြောပါတယ်။

အဲဒီလို ကျောင်းတက်လိုက် ငွေရှာလိုက် စုထားလိုက်နဲ့ ပျော်စရာကောင်းနေတဲ့ သူ့ဘဝအတွက် အလှည့်အပြောင်းတစ်ခု ပေါ်လာတယ်။ ဘာလဲဆိုတော့ သူ့အောက်က ညီမလေး သွေးကင်ဆာဖြစ်လို့ မန္တလေးဆေးရုံမှာ တင်လိုက်ရတာပါပဲ။ သွားရလာရခက်တဲ့ မတူပီမြို့ကနေ ပခုက္ကူဆေးရုံကို တစ်ခါလွှဲ၊ အဲဒီကမှတစ်ဆင့် မန္တလေးကို ဆက်သွားရတာ ဆိုတော့ သွားစရိတ်လာစရိတ်တင် မနည်းဘူး။ ဖြစ်တာကလည်း သွေးကင်ဆာဆိုတော့ ကုန်မယ့်ပိုက်ဆံက မှတ်ထားလို့တောင် မလောက်တော့ဘူး၊ ရှိသမျှအကုန်ရောင်းချလိုက်ရတယ်၊ သိန်းကို ရာချီကုန်သွားခဲ့တယ်။ ဒီကြားထဲ အဲဒီအချိန်မှာ သူ့အစ်ကိုတစ်ယောက်က Theology အထူးပြုနဲ့ ကျောင်းတက်နေတုန်း။ အဲဒီကျောင်းစရိတ်တွေလည်း ရှိသေးတယ်။ သူ့အဖေတစ်ယောက်တည်းရဲ့ ၀င်ငွေနဲ့တင် မလောက်တော့ဘူး၊ သူ့အစ်မအကြီးတွေပါ အလုပ်တွေလုပ်နေရပြီ၊ ဒီလိုအချိန်မှာ အသက်၁၃နှစ်ပဲ ရှိသေးတဲ့သူလည်း ထိုင်မနေချင်တော့ဘူး။ ကျောင်းထွက်၊ ကုန်ကားနောက်လိုက်လုပ်ပြီး အိမ်အတွက် ပိုက်ဆံထွက်ရှာရတော့တယ်။ အရင်က သူရှာတဲ့ပိုက်ဆံ သူများယူမှာ အင်မတန်ကြောက်ခဲ့တဲ့သူဟာ ခုတော့ သူရှာထားသမျှ ညီမလေးအတွက် ပို့ပို့ပေးနေတော့တယ်။ “အမေ သား ညီမလေးအတွက် ပိုက်ဆံပို့ပေးလိုက်တယ်နော် လို့ သူ ဖုန်းဆက်ပြောတဲ့အချိန်တိုင်း ကျွန်မမျက်ရည်ကျခဲ့ရတယ်” တဲ့။ အဲဒီလိုနောက်လိုက်လုပ်ရင်းကနေ ကားမောင်းသင်ခဲ့တယ်၊ ခုတော့ နှစ်နှစ်အတွင်းမှာ သူကိုယ်တိုင် ကားဆရာ ဖြစ်လာခဲ့ပြီ။ အသက်နဲ့မလိုက်တဲ့ ကိုယ်ခန္ဓာအရပ်အမောင်း၊ ရုပ်ရည်၊ မိသားစုထဲမှာ အသားအမည်းဆုံးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ သူ့ဘဝသူကျေနပ်ပြီး မိသားစုအတွက် ငွေရှာပေးနေလေရဲ့။

(၃)

နောက်ဆုံးတစ်ယောက်ကတော့ နည်းနည်းထူးခြားတယ်၊ မတူပီမြို့ပေါ်က ရွှေညာသား ဆိုတဲ့ လက်ဖက်ရည်ဆိုင်ရဲ့ ပိုင်ရှင်။ အသက်က ၁၉နှစ်ပဲ ရှိသေးတယ်၊ ပခုက္ကူသား။ သူငယ်ချင်းလက်ဖက်ရည်ဆိုင်မှာ စိတ်ဝင်စားလို့ သွားလေ့လာရင်း လက်ဖက်ရည်ဖျော်နည်းတွေ၊ ပလာတာလုပ်နည်းတွေ တတ်လာခဲ့တယ်။ ခုဆိုင်မှာတော့ သူပဲ ဆိုင်ရှင်၊ သူပဲ စားပွဲထိုး၊ သူပဲ အဖျော်ဆရာ၊ သူပဲ မုန့်ဆရာ။ သူ့ကို ကူဖို့ ပခုက္ကူကနေ ခေါ်လာတဲ့ ကလေးလေးတစ်ယောက်ရှိတယ်၊ နောက်ပြီး မတူပီမြို့ပေါ်က သူ့သူငယ်ချင်းတွေကလည်း ဆိုင်မှာ လာကူညီပေးကြတယ်။ ကျွန်တော်က လူငယ်ဆိုတော့ လူငယ်အချင်းချင်းလည်း အဆင်ပြေတယ်၊ လူကြီးတွေကလည်း သဘောကျကြတယ် တဲ့။ သွားရေးလာရေးခက်ပြီး လူဦးရေကလည်း နည်းတဲ့ မတူပီလိုမြို့မှာ တကူးတက စီးပွါးရေးလာလုပ်နေလို့ မေးကြည့်တော့ မတူပီမှာက စီးပွါးရေး လုပ်လို့ကောင်းတယ်၊ ပခုက္ကူမှာလို ဆိုင်တစ်ဆိုင်ဖွင့်ရင် တီဗွီတွေ စလောင်းတွေနဲ့ ပကာသနတွေ ဘာမှမလိုဘူး လို့ဆိုတယ်။ ဒီလောက်လူတကာ အဆိုးမြင်တဲ့ မတူပီမြို့မှာ စီးပွါးရေးလုပ်ကောင်းတယ် ဆိုတဲ့ သူ့အသံကို ကြားတော့ ဖတ်ဖူးတာလေးတစ်ခု သွားသတိရမိတယ်။

တစ်ခါက ကျွန်းတစ်ကျွန်းကို ဖိနပ်ကုမ္ပဏီတစ်ခုက အရောင်းကိုယ်စားလှယ်တစ်ယောက် လွှတ်လိုက်တယ်။ အခြေအနေအကဲခတ်ပြီးတဲ့အခါ အကြောင်းပြန်ပါတယ်။ ဒီမှာတော့ အောင်မြင်မှာမဟုတ်ဘူး၊ ဘာလို့ဆိုတော့ ဒီကလူတွေက ဖိနပ်မှမစီးကြဘဲ တဲ့။ အဲဒီနောက် သူ့လိုပဲ အရောင်းကိုယ်စားလှယ်တစ်ယောက် ထပ်လွှတ်တယ်။ အဲဒီလူက ကျွန်းကိုရောက်ပြီး ကျွန်းသူကျွန်းသားတွေ ဖိနပ်စီးမထားကြတာလည်း တွေ့ရော၊ ၀မ်းသာအားရနဲ့ ဖုန်းဆက်လာတယ်၊ ကျွန်တော့်ဆီကို ဖိနပ်အရံတစ်ထောင် ပို့ပေးလိုက်ပါ၊ ဒီကလူတွေ ဘာဖိနပ်မှ မစီးရသေးဘူး တဲ့။ စိန်ခေါ်မှုလို့ထင်ရတဲ့ အခြေအနေတစ်ရပ်ကို မတူတဲ့ရှုထောင့်တစ်ခုက ကြည့်ပြီး အခွင့်အလမ်းအဖြစ် ပြောင်းဖို့လိုကြောင်း ဒီပုံပြင်လေးက ပြောသွားတယ်၊ ဒီလူငယ်လေးကလည်း လက်တွေ့လုပ်ပြသွားတယ်။

(၄)

ဘဝဆိုတာကို ကျောင်း လို့တင်စားရင် အဲဒီကျောင်းမှာ အောင်မြင်မှုရဖို့ ကျွန်တော်တို့တွေ စာမေးပွဲဖြေကြရပါတယ်။ ဒါပေမဲ့ အဲဒီစာမေးပွဲတွေက တစ်ယောက်နဲ့တစ်ယောက် မတူဘူး။ ကိုယ့်ကို ပေးလာတဲ့ ပုစ္ဆာတွေကိုပဲ ဖြေဆိုကြရတယ်။ သူများပုစ္ဆာသွားဖြေချင်လို့ မရဘူး။ ဆရာဝန်ဖြစ်သွားတာချင်း တူရင်တောင် မိဘပံ့ပိုးမှုရှိတဲ့သူက ကျောင်းဆက်တက်ဖို့၊ နိုင်ငံခြားထွက်ဖို့ လုပ်နေချိန်မှာ ပံ့ပိုးမှုမရှိတဲ့သူက ကိုယ့်ပိုက်ဆံကိုယ်ရှာနေရတယ်၊ အလုပ်လုပ်နေရတယ်။ ဒါကို ငါ သူတို့လို မဖြစ်ရကောင်းလား ဆိုပြီး လောကကြီးကို အပြစ်ထိုင်တင်နေရင်တော့ အချိန်ကုန်သွားတာပဲ အဖတ်တင်မယ်၊ ဘာမှဖြစ်လာမှာမဟုတ်ဘူး။ အရှိကိုအရှိအတိုင်းလက်ခံ၊ ကိုယ့်ဘဝကိုယ်သိ၊ ကိုယ့်ပုစ္ဆာကိုယ်နားလည်အောင် လုပ်ပြီး စာမေးပွဲအောင်အောင် ကြိုးစားကြရပါတယ်။

Youth is an opportunity to do something and to become somebody in life

ဘဝမှာ တစ်စုံတစ်ရာ ဖြစ်လာဖို့အတွက် လူငယ်ဘဝဟာ အချိန်ကောင်းပဲ။ ကျွန်တော်တို့လူငယ်တွေမှာ ပြဿနာတွေအများကြီး ရင်ဆိုင်နေရတယ်၊ အလုပ်အကိုင်ရှားပါးမှု၊ မူးယစ်ဆေး၊ ကူးစက်ရောဂါတွေ စသဖြင့်ပေါ့။ အဲဒီထဲမှာ အဆိုးဆုံးပြဿနာကတော့ သူ့ပုစ္တာကို ကိုယ့်ပုစ္တာအမှတ်နဲ့ ၀င်ဖြေချင်နေတဲ့ပြဿနာပဲ။ အဲဒီလိုအမှတ်မှားပြီး လိိုက်တိုင်းနေတဲ့အခါကျတော့ ကိုယ့်ဘဝကို အားမရတော့ဘူး၊ သူများလို ဖြစ်ချင်လာတယ်၊ အပြစ်တင်ခြင်း၊ မကျေနပ်ခြင်းတွေနဲ့ ပြည့်နှက်လာတယ်၊ စိတ်ဖိစီးမှုတွေ များလာတယ်။ နောက်ဆုံး ဘာမှမလုပ်လိုက်ရဘဲ တန်ဖိုးရှိတဲ့လူငယ်ဘဝကို ကုန်ဆုံးလိုက်ရတယ်။

အလုပ်အကိုင်ရှားပါးတာကို လက်ဖက်ရည်ဆိုင် ထိုင်ရင်း ညည်းညူနေမယ့်အစား အလုပ်အကိုင်ပေါလာမယ့် တစ်နေ့အတွက် ကြိုတင်ပြင်ဆင်ထားကြသင့်တယ်။ သားသူငယ်ချင်းတွေက ဘာဖုန်းကိုင်တာ လို့ မိဘကို မကျေမနပ် ပြောနေမယ့်အစား မိဘအလုပ်မှာ နိုင်သလောက် ၀င်ကူပေးနေရင် ဘယ်လောက်ကောင်းမလဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းထွက်အလုပ်လုပ်နေရလို့ လောကကြီးကို အပြစ်တင်နေမယ့်အစား အဲဒီလိုဘဝကနေ မီလျံနာတွေဖြစ်ကုန်ကြတဲ့ လူတွေအကြောင်းကို အတုယူပြီး အိပ်မက်မက်နေသင့်တယ်။

တကယ်တော့ အောင်မြင်မှုဆိုတာ အဓိပ္ပါယ်ဖွင့်ရခက်ပါတယ်၊ ဘာကို အောင်မြင်တယ်ခေါ်တာလဲ၊ ဘယ်သူ့ကို အောင်မြင်သူအဖြစ် သတ်မှတ်ရမှာလဲ။

ဒေါ်အောင်ဆန်းစုကြည်လည်း အောင်မြင်သလို၊ ဒေါက်တာ အောင်ထွန်းသက်လည်း အောင်မြင်တာပဲ။

ဦးကျော်သူအောင်မြင်သလို ဓမ္မစေတီလမ်းပေါ်က ယာဉ်ထိန်းရဲလည်း အောင်မြင်တာပဲ။

နေတိုးမှ အောင်မြင်တာ မဟုတ်ပါဘူး။ သူ့ကိုညွှန်ကြားနေတဲ့ ဒါရိုက်တာ မောင်မျိုးမင်းလည်း အောင်မြင်တာပါပဲ။

တကယ်တော့ အောင်မြင်သူတွေဆိုတာ ဘဝဆိုတဲ့ကျောင်းက ကိုယ့်ကိုပေးလာတဲ့ ပုစ္တာကို အကောင်းဆုံးဖြေဆိုနိုင်သူတွေပဲ ဖြစ်ပါတယ်။ “ကိုယ်” ဟာ “သူ” ဖြစ်စရာ မလိုဘူး၊ ဘယ်လောက်ကြိုးစားကြိုးစား ဖြစ်လာမှာလည်း မဟုတ်ဘူး၊ “ကိုယ်” လုုပ်ဖို့ လိုတာက “အကောင်းဆုံးသောကိုယ်” ဖြစ်လာဖို့ပဲ။

ဒီလူငယ်လေးသုံးယောက်ဟာ ငွေကြေး၊ ဂုဏ်ဒြပ်၊ ပညာအဆင့်အတန်းအရ အရမ်းကြီး ခမ်းနားမနေသေးပါဘူး။ ဒါဖြင့် ဘာလို့ အရေးတယူ ပြောနေရသလဲဆိုရင်တော့ သူတို့ဟာ သူတို့အတွက် ရလာတဲ့မေးခွန်းလွှာကို ညည်းညူခြင်းတစ်စက်မရှိ၊ အပြစ်တင်ခြင်းအလျဉ်းမရှိဘဲ အရှိအရှိအတိုင်း လက်ခံကာ အကောင်းဆုံးဖြေဆိုနေကြသူတွေ ဖြစ်လို့ပါပဲ။

ဒေါက်တာ ဖြိုးသီဟ
၂၁.၁၁.၂၀၁၄

3K Shares
Share3K
Tweet
+1
Share